6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၊ ၂၀၁၅
M-Media

rnd

– ဖာဂူဆန် နည်းပြဘ၀မှ အနားယူမည်ဟု မကြေငြာခင် သီတင်းပတ်အနည်းငယ်အလိုက အသင်းအား ဆက်လက်တာဝန်ယူရန် ဖွင့်ဟခဲ့ပြီး ရော်နယ်ဒိုအား ပြန်လည်ခေါ်ယူရန် ၉၉ ရာခိုင်နှုန်း သေချာသည်ဟုလည်း အသိပေးခဲ့ကြောင်း မန်ယူနောက်ခံလူဟောင်း ပက်ထရစ်အီဗရာက ပြောကြားလိုက်သည်။

စပို့တင်းလစ္စဘွန်းမှ မန်ယူသို့ ရောက်ရှိလာခဲ့ပြီးနောက် တောက်ပလာခဲ့သည့် ရော်နယ်ဒိုမှာ ၂၀၀၉ ခုနှစ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ ဖြင့် ရီးယဲလ်သို့ ပြောင်းရွှေ့သွားခဲ့သည်။ ဖာဂူဆန်မှာလည်း အသင်းအား ၁၃ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလား ရယူပေးပြီးနောက် ၂၀၁၂-၁၃ ဘောလုံးရာသီအကုန်တွင် နည်းပြဘ၀မှ အနားယူခဲ့သည်။

“သူအနားယူဖို့ မကြေငြာခင် ၂ ပတ်အရင်လောက်မှာ သူက “ပက်ထရစ်၊ ငါ ဒီမှာ နောက်ထက် ၅ နှစ် ဆက်ရှိနေအုံးမယ်” လို့ ပြောခဲ့တာကို ကျွန်တော် မှတ်မိပါတယ်။ ကျွန်တော်ကလည်း ဟုတ်ကဲ့ပါဘော့စ် ဆက်လုပ်ပါလို့ ပြန်ပြောခဲ့ပါတယ်။ သူက ပိုပို နုပျိုလာတယ်လို့ ကျွန်တော် ခံစားရတယ်။ ပြီးတော့ သူက ရော်နယ်ဒို အသင်းကို ပြန်လာဖို့ ၉၉ ရာခိုင်နှုန်း သေချာနေတယ်လို့လည်း ပြောခဲ့ပါတယ်။ ကျွန်တော်ကလည်း ငါတို့တော့ ပြန်လာနိုင်ပြီး ချန်ပီယံလိဂ်လည်း ထပ်ရလိမ့်မယ်လို့ ထင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘာဖြစ်ခဲ့သလဲဆိုတာ အားလုံး သိကြပါတယ်။ အရှုံးနဲ့ရင်ဆိုင်ရတဲ့ခါ ကမ္ဘာကြီးက ချာချာလည်သလို ခံစားရတယ်ဆိုတာ ခင်ဗျားတို့လည်း သိပါတယ်။ ဒါဟာ တော်တော်ကြီးမားတဲ့ စိတ်ဒဏ်ရာပါ။ ကျွန်တော်လည်း အဲဒီလိုမျိုးအရှုံးကို ခံစားခဲ့ရပါတယ်” ဟု ဂျူဗင်တပ်စ်
နောက်ခံလူ အီဗရာက ပြောကြားခဲ့သည်။

Ref: Goal

Leave a Reply