6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မြေးချစ်ညို
Friday Times News Journal မှ ကူးယူဖော်ပြပါသည်။

11693864_854534107994981_1323113078360809458_n
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ကရဲစခန်းထဲမှာ အရိုက်အနှက် ခံရမှုကြောင့် ဖြိုးသူရဆိုတဲ့ အသက် ၂၃နှစ်အရွယ်လူငယ်တစ်ယောက် ရုပ်ပျက်ဆင်းပျက်နဲ့ သေဆုံးမှု ဖြစ်ပွား ခဲ့ပါတယ်။

အဲဒီသေဆုံးမှုဟာ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်လို့ ဂဃနဏ မသိရပေမယ့် သေချာတာကတော့ နိုင်ငံသားတစ်ယောက်ဟာ ဥပဒေရဲ့အကာအကွယ်ကို မရခဲ့ပဲ မျက်ကွယ်မှာအသတ်ခံရတာပါ။

ဘာလို့လည်းဆိုရင် အမှုဖြစ်စဉ်တွေကိုလေ့လာလိုက်တဲ့အခါ တရားလိုဖြစ်တဲ့သူက မူဆယ်ယာဉ်ထိန်းရဲ တပ်ဖွဲ့က တပ်ကြပ်ကြီးရဲမြင့်ဖြစ်နေပါတယ်။ ဖြိုးသူရကို တပ်ကြပ်ရဲမြင့်က ရဲစခန်းခေါ်သွားပြီးနောက်မှာတော့ ဘယ်သူနဲ့မှ အဆက်အသွယ်မရတော့ပါဘူး။

မူဆယ်မြို့က ဒေသခံလူငယ်တစ်ယောက်ကို Friday Times က ဆက်သွယ်မေးမြန်းကြည့်ချက်အရ ဖြိုးသူရ ၊ သက်ပိုင်မှူး ၊ ဖြိုးသူရရဲ့ ညီဖြစ်သူနဲ့ သူငယ်ချင်းတွေဟာ အကင်ဆိုင်မှာ သွားစားကြရင်း စကားအခြေအတင် တွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ မင်းတို့ကို လက်တစ်ဖက်ထဲနဲ့ ချလို့ရတယ်လို့ပြောပြီး ဖြိုးသူရရဲ့ညီကို သက်ပိုင်မှူးက စပြီးလက်သီးနဲ့ထိုးတော့ ညီကိုလုပ်ရမလားဆိုပြီး အကိုဖြစ်တဲ့ ဖြိုးသူရက ပလတ်စတစ်ခုံနဲ့ ကောက်ရိုက်ပါတယ်။ ပလတ်စတစ်ခုံဆိုတော့ မျက်နှာပြဲသွားတယ် ၊ ပြီးတော့ သက်ပိုင်မှူးက ဆေးရုံသွားပြီး ဒဏ်ရာကိုပြတယ် ၊ ဖြိုးသူရတို့က သူငယ်ချင်း ချင်းတွေဖြစ်တာပဲဆိုပြီး ဆေးရုံကို လိုက်သွားကြပါသေးတယ်” လို့ နာရေးကူညီမှုအသင်းဝင်ဖြစ်သူတစ်ဦး Friday Times ကိုပြောခဲ့တာပါ။

အဲဒီလိုတွေဖြစ်ပြီးသွားတဲ့အခါမှာ ဖြိုးသူရက သက်ပိုင်မှူးရဲ့အဖေဖြစ်သူ တပ်ကြပ်ကြီးရဲမြင့်ဆီကို ဖုန်းဆက်ပြီး သူငယ်ချင်းအချင်းချင်း စကားများပြီးရန်ဖြစ်မိကြောင်းနဲ့ မိဘတွေခေါ်လာပြီးတောင်းပန်မယ့်အကြောင်း ၊ ဆေးကုသမှုကိုလည်း တာဝန်ယူလုပ်ဆောင်ပေးမယ်လို့ တပ်ကြပ်ကြီးရဲမြင့်ကို အသိပေးမှု ပြုလုပ်ခဲ့တယ်လို့ မူဆယ်ဒေသခံတွေကတစ်ဆင့် Friday Times က သိရပါတယ်။

နောက်နေ့မနက်မှာ ဖြိုးသူရရဲ့မိဘတွေက စခန်းလိုက်သွား တဲ့အခါမှာ အာမခံပေးတော့မလိုလိုနဲ့ သားဖြစ်သူဖျားနေတယ်ဆိုတဲ့အကြောင်းပဲ ပြောပြခဲ့ပြီး အတွေ့မခံ ခဲ့ပါဘူး။

“ နေမကောင်းဘူး ၊ ဆေးတောင်ချိတ်ထားရတယ်” လို့ စခန်းမှူးကိုယ်တိုင်က ကျနော့်ကို ပြောပြပါတယ်။ ဟု သေဆုံးသူရဲ့ဖခင်ဖြစ်သူ ဦးဝင်းမြင့်က Friday Times ရဲ့ဆက်သွယ်မေးမြန်းချက်ကို ပြန်လည်ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီသေဆုံးမှုဟာ ရိုးသားမှုရှိရဲ့လား ၊ ဘယ်သူ့လက်ချက်လည်းဆိုတာဟာ မူဆယ်တစ်မြို့လုံးက စိတ်ဝင်စား နေကြသလို မြန်မာနိုင်ငံအရပ်ရပ်ကသူတွေကလည်း အိုင်တီနည်းပညာအကျိုးကျေးဇူးကြောင့် ဖြိုးသူရ သတင်းကို စိတ်ဝင်စားနေကြပါပြီ။

အမှုဖြစ်စဉ်တွေ အတိအကျသိဖို့အတွက် Friday Times ဂျာနယ်တိုက်ကနေ သက်ဆိုင်ရာတာ ၀န်ရှိသူတွေ ဖြစ်တဲ့ ဒေါက်တာတင်ထွန်း နဲ့ အမှုဖြစ်တဲ့နေ့က ယာယီစခန်းမှူးအဖြစ်တာဝန်ယူထားတဲ့ ဒုရဲမှူးဇော်လင်း တို့ကို အကြိမ်ကြိမ်ဖုန်းဆက်မေးခဲ့သော်လည်း မအားသေးဘူးလို့ပဲ ပြန်ဖြေခဲ့ပြီး ခရိုင်ရဲမှူး မင်းမင်းဦး ကိုဖုန်းဆက် ကြည့်တော့လည်း ဖုန်းမကိုင်ခဲ့ပါဘူး။

Friday Times ရဲ့ စုံစမ်းမှုတွေအရ ဖြိုးသူရကို ဆေးရုံမရောက်ခင် အချုပ်ခန်းထဲမှာ ဆေးချိတ်ပေးခဲ့တယ်လို့ သိရပြီး ဒီလို အချုပ်ခန်းထဲမှာ ဆေးချိတ်တာဟာ တရားဝင်လား မ၀င်ဘူးလားဆိုတာကို မန္တလေးမြို့မှာရှိတဲ့ တရားလွှတ်တော်ရှေ့နေဦးသိန်းသန်းဦးကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ တရားဝင်တယ်လို့ ပြန်ဖြေခဲ့ပါတယ်။

“ အရေးပေါ်အခြေအနေဖြစ်နေရင် ဆေးကုပေးရမှာ သူတို့အလုပ်ပဲလေ ၊ ဖမ်းထားကထဲက အဖမ်းခံရတဲ့သူရဲ့ ကျန်းမာရေးက ရဲတွေမှာ တာဝန်ရှိပါတယ် ၊ အရေးပေါ် အခြေအနေမျိုးတွေ ၊ ဆေးရုံးသွားဖို့ အခက်အခဲ ဖြစ်နေချိန်မှာ နီးစပ်တဲ့သူ တစ်ယောက်ယောက်နဲ့ ဆေး ကုသပေးလို့ ရပါတယ်” လို့ ဦးသိန်းသန်းဦးက ပြောပါတယ်။

ဖြိုးသူရရဲ့မိဘတွေက သူ့သားနေမကောင်းဘူးဆိုတဲ့အတွက် စောင် ၊ အနွေးထည်တွေယူပြီး ရဲစခန်းကို ၃၁ရက်နေ့ နေ့လည်က ထပ်သွားတဲ့အချိန်ကြတော့ ခင်ဗျားတို့သားကို ဆေးရုံပို့လိုက်တယ် ဆေးရုံလိုက် သွားကြလို့ပဲ ပြောလို့ လိုက်သွားကြည့်တော့ လက်ရောခြေရော ကုတင်နဲ့တွဲပြီး လက်ထိတ်ခတ်ထားတာကို တွေ့ရတယ် ၊ နောက်ဆုံး အသက်ထွက်ခါနီးကြတော့မှ အားလုံးဖြုတ်ပေးပြီး အာမခံပေးတယ်ဆိုပြီး ထားပြစ် ခဲ့တယ်လို့ မူဆယ်ဒေသခံ မျက်မြင်များက Friday Times ကို ပြောပါတယ်။

“ ဆီးပြွန်ထဲကနေ သွေးတစ်လီတာလောက်ထွက်တယ်” လို့ အမည်မဖော်လိုသူမျက်မြင်သက်သေတစ်ဦးက ပြောပြပါတယ်။

တကယ်တော့ ဖြိုးသူရဖြစ်တဲ့အမှုဟာ သာမန်ရန်ဖြစ်တာသာဖြစ်ပြီး အာမခံပေးလို့ရတယ်လို့ အမည်ထုတ်ဖော် မပြောဆိုလိုတဲ့ မူဆယ်ဒေသခံရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ ဒါကိုအာမခံမပေးပဲနဲ့ ရဲစခန်းမှာ ရိုက်နှက် လိုက်တာက လက်လွန်သွားပုံရပါတယ်။

ဖြိုးသူရ ဆေးရုံကိုရောက်လာတော့ တစ်ကိုယ်လုံးကို ရှားခြစ်ထားတဲ့ပုံစံဖြစ်နေပြီး ဒဏ်ရာဒဏ်ချက်တွေ မမြင်အောင် လုပ်ထားတဲ့ပုံစံကို တွေ့ရပါတယ်။ ဒေသခံတွေရဲ့အပြောကတော့ သာမန်သေဆုံးမှုမျိုးနဲ့မဟုတ်ပဲ သေခဲ့ရတဲ့ ဖြိုးသူရဟာ အဲဒီလို ရှားခြစ်တဲ့အလေ့အထတွေကို လုပ်လေ့မရှိဘူးလို့ ပြောပါတယ်။

နောက်တစ်ခုက ဆေးရုံပေါ်ကိုရောက်လာတဲ့ဖြိုးသူရကိုဝတ်ပေးထားတာက ပုဆိုးအစုတ်နဲ့ တီရှပ်ဖြစ်ပြီး အဲဒီအ၀တ်အစားတွေက ဖြိုးသူရ အ၀တ်အစားတွေမဟုတ်ဘူးလို့ ဒေသခံတွေထံကနေ သိရပါတယ်။ ဖြိုးသူရဟာ လူငယ်ပီပီ ဂျင်းဘောင်းဘီနဲ့ အ၀တ်အကောင်းတွေကိုသာ ၀တ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၃ရက်နေ့မှာတော့ Friday Times က ဒုရဲမှူးဇော်လင်းကို ဖုန်းနဲ့ ထပ်မံဆက်သွယ်ကြည့်တဲ့အခါ ဖြိုးသူရကို သတ်တဲ့သူဖော်ထုတ်နိုင်ပြီလို့ တစ်ခွန်းသာပြန်ဖြေပြီး အချုပ်ခန်းထဲကတစ်ယောက်က လုပ်လိုက်တယ်လို့ပဲ ပြန်ဖြေခဲ့ပါတယ်။

Friday Times ဂျာနယ်ရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းသတင်းတာဝန်ခံဖြစ်တဲ့ L မာဘရန်(ဆရာမောင်) ရဲ့ သတင်းပေးပို့မှု အရ တရားခံအဖြစ်ဆွဲထုတ်လာတဲ့သူက ရွှေလီဖက်မှာ လူသတ်မှုနဲ့ အဖမ်းခံထား ရတဲ့ သူဖြစ်ကြောင်း သိရှိ ရပါတယ်။

မူဆယ်ရဲစခန်းမှာ CCTV ကင်မရာပေါင်း ၉လုံးကိုတပ်စဉ်ထားပြီး အဲဒီကိုးလုံးစလုံးဟာ အချုပ်ခန်းနှစ်ခန်းလုံးကို မြင်နိုင်တဲ့ အနေအထားမှာရှိတယ်လို့ Friday Times ရဲ့ မူဆယ်သတင်းထောက်ကပြောပါတယ်။ တကယ်သာ အကျဉ်းသားအချင်းချင်း လက်လွန်သွားတယ်ဆိုရင် အဲဒီ CCTV ကင်မရာမှတ်တမ်းတွေကို အများပြည်သူ အရှေ့မှာ လွတ်လပ်စွာချပြ အစစ်အဆေးခံနိုင်ရပါမယ်။

နိုဝင်ဘာလ ၃ရက်နေ့ နေ့လည်က မူဆယ်ရဲစခန်းမှူးဖြစ်တဲ့ ဒုရဲမှူးမြစိန်ကို Friday Times ရဲ့ ဒေသသတင်းထောက်ဖြစ်တဲ့ L မာဘရန်က CCTV မှတ်တမ်းတွေကိုရရှိဖို့အတွက် မေးမြန်းခဲ့တဲ့အခါမှာတော့ မှတ်တမ်းအားလုံးရှိကြောင်းအသိပေးထားခဲ့ပြီး ၄ရက်နေ့နေ့လည် အရောက်မှာတော့ မြို့နယ်ရဲတပ်ဖွဲ့မှူး ဖြစ်သူက CCTV မှတ်တမ်းတွေက အခင်းဖြစ်တဲ့နေ့ကပဲ တိုက်တိုက်ဆိုင်ဆိုင် ပျက်စီးနေတယ်လို့ အကြောင်းပြန် လာပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး တရားလိုအဖြစ်အမှုဖွင့်ခဲ့တဲ့ တပ်ကြပ်ကြီးရဲမြင့်ကို မေးမြန်းဖို့အတွက် မူဆယ်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ထံကို Friday Times ကဆက်သွယ်ကြည့်တဲ့အခါမှာတော့ ဂျာနယ်ကို ပြန်လည် ဆက်သွယ်ဖို့ ဖုန်းနံပတ်သာတောင်းယူထားပြီး တပ်ကြပ်ကြီးရဲမြင့်နဲ့ မေးမြန်းလို့မရရှိခဲ့ပါဘူး။

ဘာပဲဖြစ်ဖြစ် ဖြိုးသူရသေဆုံးမှုဟာ သာမန်သွေးရိုးသားရိုးလားဆိုတာ သိပ်မကြာခင်အချိန်တွင်းမှာပဲ မူဆယ် တရားခွင်ပေါ်မှာတွေ့မြင် ရတော့မှာပါ။ မြန်မာနိုင်ငံရဲ့ နာမည်ကြီးရှေ့နေတစ်ဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေရောဘတ်စန်းအောင် ကလည်း ဒီအမှုအတွက် နစ်နာသူဖြိုးသူရရဲ့မိသားစုဖက်ကနေ လိုက်ပါဆောင်ရွက်သွားမှာဖြစ်နေလို့ တစ်တိုင်းပြည်လုံး စိတ်ဝင်တစ်စား စောင့်နေကြမည့် အမှုဖြစ်ကြောင်း ပြောလိုပါတယ်။

Tags: ,

Leave a Reply