6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နာမည်ကျော် Facebook လူမှုကွန်ယက်ဝဘ်ဆိုက် တွင် အစ္စရေးစစ်သည် အမျိုးသမီးတစ်ဦးက မျက်လုံးပိတ်စည်း အချုပ်အနှောင်ခံနေ ရသူပါဘက်စတိုင်း အကျဉ်းသားနှင့် ဘေးချင်းယှဉ်ရိုက်ကူးထားသော ဓါတ်ပုံများကို တင်ပြလိုက်သဖြင့် မီဒီယာများတွင် ဂယက် ရိုက်သွားခဲ့ပါသည်။ အဆိုပါ ဓါတ်ပုံများတွင် ခေါင်းငိုက်စိုက်ချနေသည့် ပါဘက်စတိုင်အကျဉ်းသားဘေးတွင် အစ္စရေးစစ်သည် အမျိုးသမီး က ခြေပေါ်ခြေဆင့်ထိုင် နေပုံနှင့် ခြေလက်များ တုတ်နှောင်ခံနေရသော ပါလက်စတိုင်း၃ဦးဘေးတွင်ပြုံးပြနေပုံတို့ကို ရိုက်ကူးထားသည်။

ယင်း ဓါတ်ပုံများ ကြောင့် အနောက်ဘက်ကမ်း နေပါလက်စတိုင်းများနှင့် အစ္စရေးစစ်သား များအကြား တင်မားမှုများ ပေါ်ထွက်လာရပြီး ပါလက်စတိုင်းအာဏာပိုင်များ အဖွဲ့ကအပြင်းအထန် ရှုတ်ဝေဖန်ခဲ့ပါသည်။  ၄၃နှစ်ကြာ ပါလက်စတိုင်း အပေါ် ကျူးကျော်ထားတဲ့ အစ္စရေး တွေရဲ့ သရုပ်သကန်ကို ဒီဓါတ် ပုံတွေမှာ မြင်နိုင်မှာပါ ၊ အတော့်ကို စိတ်မကောင်း ဖြစ်မိပါတယ်၊ ပါလက်စတိုင်းသားတွေ သိက္ခာပိုင်း အရှက်ရ စေတဲ့အထိကို ကျူးလွန် လာနေတယ်လို့ဆိုရပါမယ် ဟု ပြစ်တင်ပြောဆိုခဲ့သည်။

နောက်ပိုင်းစုံစမ်း မှုများအရ ယင်းဓါတ်ပုံများကို အစ္စရေးတောင်ပိုင်း ပင်လယ်ဆိပ် ကမ်းမြို့နေ Eden Aberjil ဆိုသူက Facebook သို့ တင်ခဲ့ခြင်းဖြစ်သည်။ အစ္စရေးစစ် ဘက်၏ ပြောခွင့်ရသူကလည်း ၄င်းအဖြစ်အပျက်ကို ဝေဖန်ခဲ့ပြီး  ဒီဓါတ်ပုံတွေက တစ်ပါးသူတွေကိ အရှက်ရစေပါတယ် ပါဝင်ပတ်သက်သူကို မကြာခင် စစ်ဘက်တရားရုံးမှာတရားစွဲဆို သွားပါမယ် ဟုအေပီ သတင်းဌါနကိုပြောကြားခဲ့သည်။ သို့သော် Eden Aberjil  သည် စစ်တပ်မှ နုတ်ထွက်ထားသူဖြစ် သဖြင့် သူမအား မည်သည့် စစ်ဥပဒေဖြင့်အရေးယူမည် ဆိုသညိကို အတိအကျ ပြောကြာခြင်းမရှိချေ။ … AP

Leave a Reply