6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၉၊ ၂၀၁၅
M-Media

FB_IMG_1449629430145

– ဒီဇင်ဘာ ၆ ရက်နေ့ထုတ် The Voice Daily တွင် ဖော်ပြထားသည့် “မိုဟာမက်နှင့် ပထမဆုံးကာလီဖိတ်များ” ဘာသာပြန်ဆောင်းပါးပါ သမိုင်းဆိုင်ရာမှားများ၊ အသုံးအနှုန်းမှားယွင်းမှုများ၊ ဘာသာပြန်အမှားများနှင့် ဓာတ်ပုံ မှားယွင်းသုံးစွဲထားမှုများအတွက် ပြင်ဆင်ချက်နှင့် ထိခိုက်သူအားလုံးအား တောင်းပန်မှုကို ဒီဇင်ဘာ ၉ ရက်နေ့ (ယနေ့) ထုတ် The Voice Daily တွင် ထည့်သွင်းပေးခဲ့သည်ဟု သိရသည်။

အဆိုပါ ဘာသာပြန်ဆောင်းပါးမှာ National Geographic အဖွဲ့မှ ထုတ်ဝေသည့် Essential Visual History of The World စာအုပ်တွင် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပါရှိခဲ့သည့် အကြောင်းအရာများကို မြန်မာဘာသာဖြင့် ပြန်ဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သို့သော်လည်း ထိုပြန်ဆိုမှုတွင် အသုံးအနှုန်းမှားယွင်းမှုများနှင့် ဘာသာပြန်အမှားများစွာ ပါရှိခဲ့ပြီး အစ္စလာမ်ဘာသာကို စတင်ဟောကြားခဲ့သည့် တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) ၏ ပုံဟု ဆိုသော ဓာတ်ပုံတစ်ပုံကိုလည်း ထည့်သွင်းဖော်ပြခဲ့သည်။

ထိုကဲ့သို့ အစ္စလာမ်ဘာသာဝင်များ၏ စိတ်နှလုံးတွင် ထိခိုက်စေသော အမှားများကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ထိုဘာသာပြန်ဆောင်းပါးအတွက် ပြင်ဆင်ချက်ထည့်ပေးရန် ဒီဇင်ဘာ ၈ ရက်နေ့ ရက်စွဲဖြင့် မေတ္တာရပ်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး အသုံးအနှုန်းနှင့် အချက်အလက် မှားယွင်းမှု ၁၄ ခုအတွက်လည်း အသုံးအနှုန်းအမှန်များကို ထုတ်ပြန်ပေးခဲ့သည်။ ထို့ပြင် အစ္စလာမ်သာသနာသမိုင်း၊ တမန်တော် မုဟမ္မဒ်သခင်၏ ထေရုပ္ပတ္တိနှင့် အခြားသော အထောက်အကူပြု စာအုပ်များကို The Voice အယ်ဒီတာအဖွဲ့သို့ ပေးပို့ခဲ့သည်။

ယနေ့တွင် The Voice မှ ထုတ်ပြန်သော “အမှားပြင်ဆင်ချက်” ၌ ထိုကဲ့သို့ မှားယွင်းမှုများမှာ ဘာသာပြန်သူနှင့် ဘာသာပြန်မှုကို စီစစ်တည်းဖြတ်သော The Voice Daily သတင်းစာ Foreign Desk အဖွဲ့တို့၏ အာရဗီဘာသာစကားနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိခြင်း၊ အစ္စလာမ်ဘာသာရေး နားလည်တတ်ကျွမ်းသူများနှင့် တိုင်ပင်ကာ စနစ်တကျ စီစစ်တည်းဖြတ်မှု မရှိခဲ့ခြင်း၊ သမိုင်းရှုထောင့်မှ ရေးသားထားသော စာအုပ်ဖြစ်၍ သမိုင်းအမြင်ဖြင့် ဘာသာပြန်ရေးသားခဲ့ခြင်း တို့ကြောင့် ထိုကဲ့သို့ အမှားများ ပါဝင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ထိုအမှားများမှာ နိုင်ငံတကာရေးရာ၊ ဘာသာပြန်ရေးရာ အစရှိသည်တို့ကို အဓိကတာဝန်ယူရရသည့် Foreign Desk တစ်ခုတည်း၏ ပေါ့ဆချွတ်ချော်မှုကြောင့်ဖြစ်သော အမှားများသာဖြစ်သည်ဟု ရိုးသားစွာ ၀န်ခံလိုပြီး “အခြား မည်သည့်ရည်ရွယ်ချက် တစ်စုံတစ်ရာ လုံးဝ(လုံးဝ) မရှိကြောင်း အထူးဖော်ပြလိုပါသည်” ဟုလည်း ထည့်သွင်း ဖော်ပြထားသည်။

အသုံးအနှုန်းမှားယွင်းမှုများနှင့် ဘာသာပြန်လွဲချော်မှုများအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ထုတ်ပြန်ပေးခဲ့သည့် ပြင်ဆင်ချက်ကို ထည့်သွင်းပေးခဲ့ပြီး မုဟမ္မဒ်သခင်၏ ဓာတ်ပုံဖော်ပြထားမှုအတွက်လည်း “ယင်းဆောင်းပါးတွင် ပါရှိသော မိုဟာမက် ဟု ဖော်ပြထားသည့် ရုပ်ပုံမှာ မုဟမ္မဒ်၏ ရုပ်ပုံ လုံးဝ(လုံးဝ) မဟုတ်ကြောင်း၊ မုဟမ္မဒ်၏ ပုံတူပန်းချီ လုံးဝမရှိကြောင်း” ပြန်လည်ပြင်ဆင်ပေးခဲ့သည်။

ထို့ပြင် အဆိုပါ ဘာသာပြန်ဆောင်းပါး၏ ရိုးသားစွာ လွဲချော်မှားယွင်းမှုများအတွက် “သက်ဆိုင်သူအားလုံးကို လေးလေးစားစား တောင်းပန်အပ်ပါကြောင်း မေတ္တာရှေ့ထား ဖော်ပြလိုပါသည်” ဟု ထည့်သွင်းတောင်းပန်ခဲ့သည်။

ထိုကဲ့သို့ ရိုးသားစွာမှားယွင်းသည်ဟု ၀န်ခံကာ ပြင်ဆင်ချက်ထည့်ပေးခဲ့သည့် The Voice Daily သတင်းစာ၏ တာဝန်ယူခဲ့သော လုပ်ရပ်အတွက် အစ္စလာမ်ဘာသာဝင်များကလည်း ဆိုရှယ်မီဒီယာများမှတစ်ဆင့် ၀မ်းမြောက်ဝမ်းသာစွာ ကြိုဆိုလက်ခံခဲ့သည်။

1

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ထုတ်ပြန်ခဲ့သည့် အမှားပြင်ဆင်ချက်များ

2

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ထုတ်ပြန်ခဲ့သည့် အမှားပြင်ဆင်ချက်များ

Leave a Reply