6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ်၊ ၁၃ ၊ ၂၀၁၂

ဘီဘီစီ-မြန်မာပိုင်း

အိုင်စီလို့ ခေါ်တဲ့ အဖွဲ့ဝင် ၅၇ နိုင်ငံပါ အစ္စလာမ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ အတွင်းရေးမှူးချုပ်ဟာ မြန်မာနိုင်ငံကို မကြာခင် လာရောက်ပြီး ရခိုင် ပဋိပက္ခ ကိစ္စ လေ့လာ တော့မှာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း အစ္စလာမ် ဘာသာဝင် နိုင်ငံ တွေရဲ့ မြန်မာနိုင်ငံအပေါ် သံသယတွေ အထင်အမြင် လွဲမှားမှုတွေ ပပျောက်အောင် သူတို့ ကိုယ်တိုင် ကိုယ်ကျ လာကြည့် မေးမြန်းလို့ ရကြောင်း၊ အဲဒီအတွက် သူတို့ကို ဖိတ်ခေါ်တာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

နောက်ပြီး ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ဒုက္ခရောက် နေသူတွေ အတွက် နိုင်ငံတကာရဲ့ အကူအညီ တွေကိုလည်း ကြိုဆိုကြောင်း ဦးဇော်ဌေးက ပြောပါတယ်။

နိုင်ငံတကာ အကူအညီတွေကိုလည်း ပဋိပက္ခဒေသတွေ ပြန်လည် ထူထောင်ရေးအတွက် ကော်မတီတွေ ဖွဲ့ထားတာရှိကြောင်း၊ အဲဒီအဖွဲ့တွေကနေ ပွင့်လင်းမြင်သာမှု ရှိရှိ ဒုက္ခသည်တွေ လက်ဝယ် အရောက် ဖြန့်ဖြူးပေးဖို့ ဆောင်ရွက်နေကြောင်းသူက ပြောပါတယ်။

ပြီးခဲ့တဲ့ တူရကီ နိုင်ငံခြားရေး ဝန်ကြီးလာတုန်းကလည်း ဆေးဝါး အကူအညီပေးခဲ့တာကို ကော်မတီတွေကနေ လက်ခံပြီး ဖြန့်ဖြူးပေး ခဲ့တယ်လို့ ပြောပါတယ်။

အခုအချိန်မှာတော့ အိုအိုင်စီ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ဆော်ဒီအာရေဗျ နိုင်ငံမှာ ပြုလုပ်မယ့် ထိပ်သီး အစည်းအဝေး အကြို အဖြစ် မက္ကာမြို့မှာ အစည်းအဝေး တခု ပြုလုပ်နေ ပါတယ်။

အဲဒီ အစည်းအဝေးမှာ ရခိုင်ပြည်နယ်က ဒုက္ခရောက် နေသူတွေ အတွက် ဆော်ဒီဘုရင်က အမေရိကန် ဒေါ်လာ သန်း ၅၀ လှူဒါန်း မယ်လို့ ပြောပါတယ်။

ဆော်ဒီ ထိပ်သီးအစည်းအဝေးမှာတော့ ဆီးရီးယား စစ်ပွဲနဲ့ မြန်မာနိုင်ငံက ရခိုင်ပဋိပက္ခ အကြောင်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

Leave a Reply