6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၂၃၊ ၂၀၁၆
M-Media

Nigeria

နိုက်ဂျီးရီးယား ဒုတိယသမ္မ ယဲမီ အိုဆင်ဘာဂျို

– IS အကြမ်းဖက်အဖွဲ့အား စစ်ရေးအရ တိုက်ခိုက်ခြင်းထက် ၎င်းတို့၏ ဆိုးရွားသော အတွေးအခေါ်အပိုင်းဆိုင်ရာကို တွန်းလှန်ခြင်းမှာ ပိုအရေးကြီးသည်ဟု မွတ်စလင်အများစုရှိရာ နိုက်ဂျီးရီးယားနိုင်ငံသမ္မတ ဘူဟာရီက ပြောကြားလိုက်သည်။

ဒုတိယသမ္မ ယဲမီ အိုဆင်ဘာဂျိုမှာ ဆွဇ်စ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင်ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၌  ယမန်နေ့က CNBC သတင်းဌာနနှင့် အင်တာဗျူးတွင် သမ္မတဘူဟာရီ၏ ထိုမှတ်ချက်ကို ပြောကြားခဲ့ခြင်းဖြစ်ပြီး အစ္စလာမ်ကမ္ဘာအနေဖြင့် IS အား ရှုတ်ချရန်လည်း ထည့်သွင်းပြောကြားခဲ့သည်။

“တကယ်တော့ ကျွန်တော်တို့ဟာ သူတို့ကို စစ်ရေးအရ မဖြစ်မနေရင်ဆိုင်ရမှာပါ။ သူတို့ဟာ စစ်တပ်ဖြစ်နေတဲ့အတွက် ဒါဟာ လုံးဝအရေးပါပါတယ်။ ဒါပေမယ့် ပိုအရေးကြီးပြီး ရှေ့ဆက် တိုးမြှင့်လုပ်ဆောင်ရမှာက အယူဝါဒပိုင်းဆိုင်ရာကိစ္စပါ။ ကျွန်တော်တို့ဟာ အဲဒီအယူဝါဒပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ဖြေရှင်းရပါမယ်။ ပြီးတော့ သမ္မတဘူဟာရီက ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မွတ်စလင်ခေါင်းဆောင်တွေအနေနဲ့ IS အဖွဲ့ကို ဆန့်ကျင်ပြောဆိုဖို့၊ သူတို့ရဲ့ ဆိုးယုတ်တဲ့ အတွေးအခေါ်ကို အခြေခံကျကျ တိုက်ထုတ်သွားဖို့ တိုက်တွန်းခဲ့ပါတယ်” ဟု အိုဆင်ဘာဂျိုက ပြောကြားခဲ့သည်။

နိုက်ဂျီရီးယားနိုင်ငံမှာ IS အား သစ္စာခံသော ဘိုကိုဟရမ် အကြမ်းဖက်အဖွဲ့၏ ထကြွသောင်းကျန်းမှုကို ရင်ဆိုင်နေရသည့်နိုင်ငံဖြစ်ပြီး အစ္စလာမ်ဘာသာဝင်သမ္မတ ဘူဟာရီကမူ မိမိအနေဖြင့် အဆိုပါအဖွဲ့အား အမြစ်ဖြုတ်သွားမည်ဟု ပြောကြားထားဖူးသည်။

အစ္စလာမ်သာသနာကို ခုတုံးလုပ်၍ အကြမ်းဖက်မှုများ ကျူးလွန်နေသည့် IS အဖွဲ့အား ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်အသင်းအဖွဲ့များ၊ ဘာသာရေခေါင်းဆောင်များက ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချခဲ့ပြီး၊ ၎င်းတို့၏ လုပ်ရပ်နှင့် အတွေးအခေါ်များမှာ အစ္စလာမ်နှင့် လုံးဝ ဆန့်ကျင်နေကြောင်း၊ ၎င်းတို့အဖွဲ့မှာ အစ္စလာမ်သာသနာ၏ ရန်သူသာဖြစ်ကြောင်း ဓမ္မသတ်များ ထုတ်ပြန်ခဲ့ကြသည်။

IS အကြမ်းဖက်အဖွဲ့ကြောင့် နေ့စဉ်နှင့်အမျှ အသက်ဆုံးရှုံးနေရသူ အများစုမှာလည်း အစ္စလာမ်ဘာသာဝင်များပင် ဖြစ်သည်။

Ref: CNBC

Leave a Reply