5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၃၊ ၂၀၁၆
M-Media

wirathu 1

– ရခိုင်အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုကို အခြေခံရိုက်ကူးထားသည့် ဗီဒီယို၏ အစိတ်အပိုင်းတစ်ခုအား မဘသ ဘုန်းကြီးတစ်ပါးဖြစ်သူ ဦးဝီရသူက လွှင့်တင်ထားမှုအတွက် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ရှုတ်ချခဲ့ကာ Facebook က လည်း ၎င်းတို့၏ စံနှုန်းများကို ချိုးဖောက်သည်ဟုဆိုကာ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖျက်ပစ်ခဲ့သည်။

ပြည်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကမူ အဆိုပါ ဗီဒီယိုအား မတွေ့ရှိခဲ့သည့်အတွက် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ သို့သော်လည်း ၎င်းအနေဖြင့် ထိုဗီဒီယိုအကြောင်းကို ကြားသိခဲ့ရကာ သာသနာရေးဝန်ကြီးဌာနအား ကိုင်တွယ်ရန် အသိပေးထားသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ပြန်ကြာရေးဝန်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးဇာနည်ဝင်းကလည်း မိမိမှာ ထိုဗီဒီယိုကို မတွေ့ခဲ့ကြောင်း ပြောကြားခဲ့ကာ၊ တိုင်ကြားသူရှိပါက တရားရုံးတွင် အရေးယူသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“တကယ်လို့ ကျွန်တော်တို့ တိုင်ကြားမှုရပြီဆိုရင်၊ ဘာဖြစ်ခဲ့လဲ၊ ဘယ်နေရာမှာဖြစ်ခဲ့လဲ၊ ဘယ်လိုဖြစ်ခဲ့လဲဆိုတာနဲ့ အကျိုးဆက်တွေအတွက် အထောက်အထားတွေ စုဆောင်းပြီး စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်ကို လုပ်ဆောင်သွားမှာပါ” ဟု ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။

၆ မိနစ်စာရှိသည့် အဆိုပါ ဗီဒီယိုမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြနယ်တွင် ဖြစ်ပွားခဲ့သော ရခိုင်အမျိုးသမီးငယ် မသီတာထွေး အဓမ္မပြုကျင့်သတ်ဖြတ်မှုခံရမှုကို အခြေခံရိုက်ကူးထားသည့် “အမည်းရောင်နေ့စွဲများ” ဟု အမည်ရသော ဗီဒီယိုမှ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ အဆိုပါ ဗီဒီယိုအတိုတွင် မသီတာထွေးမှာ ကုလားများ၏ မုဒိမ့်ကျင့်သတ်ဖြတ်မှုကိုခံရသည်ဟု လူမျိုးရေး အမုန်းတရားကို လှုံ့ဆော်ထားသော နာက်ခံစကားပြောမှုလည်း ပါဝင်သည်။

အဆိုပါ အဓမ္မပြုကျင့်အား အသုံးချလှုံ့ဆော်ကာ မွတ်စလင်များကို ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုများမှာ ၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တစ်ဝှမ်း ပြန့်နှံ့ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူပေါင်း ၁၆၇ ဦးသေဆုံးကာ လူပေါင်း ၁၄၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်ဟု အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဘာသာရေးအမုန်းတရား လှုံ့ဆော်မှုဖြင့် စစ်အာဏာရှင်လက်ထက်တွင် ထောင်ဒဏ်ကျခံရဖူးသည့် ဦးဝီရသူကမူ အဆိုပါ ၆ မိနစ်စာ ဗီဒီယိုမှာ အမြည်းသဘော ပြသခြင်းဖြစ်ပြီး၊ ဗီဒီယိုအပြည့်အစုံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အာဏာရယူမည့် မတ်လနှောင်းပိုင်းတွင် ဖြန့်ချီသွားမည်ဟု မြန်မာ့တိုင်မ်းစ်သတင်းစာသို့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

“အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်မှုကို ဦးစားပေးဆောင်ရွက်ဖို့လိုတယ်ဆိုတာ NLD အစိုးရကို ပြသချင်ပါတယ်” ဟု ဦးဝီရသူက ပြောကြားခဲ့သည်။

NLD အကြီးတန်းတာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးဝင်းထိန်ကမူ ဦးဝီရသူ၏ ထိုလုပ်ရပ်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး နိုင်ငံအတွင်း ပြဿနာဖြစ်ပွားရန် လှုံ့ဆော်နေသည်ဟု ဆိုသည်။

“အဲဒီပုဂ္ဂိုလ်ဟာ ဘုန်းကြီးအစစ်လား ဒါမှဟုတ် စိတ်ယုတ်စိတ်ပုတ်နဲ့ ပြည်သူလူထုအတွင်းမှာ ပြဿနာဖြစ်အောင် ဖန်တီးနေတာလားဆိုတာ ကျွန်တော် မေးခွန်းထုတ်ချင်ပါတယ်” ဟု Facebook တွင် ဦးဝီရသူလွှင့်တင်ထားသည့် ဗီဒီယိုအတိုကို မဖျက်ပစ်မီ ဦးဝင်းထိန်က ပြောကြားခဲ့သည်။

12644685_1694030780809023_4155169428695402068_n

ထို့ပြင် ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲမဲဆွယ်မှုအတွင်း NLD ကို မဘသအဖွဲ့က တိုက်ခိုက်မှုကိုလည်း ဦးဝင်းထိန်က ပြန်လည် ရည်ညွှန်းပြောကြားခဲ့သည်။ ဦးဝီရသူအပါအ၀င် မဘသအဖွဲ့ဝင်အချို့မှာ စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် မဲဆွယ်ပေးခဲ့ကြသည်။

“(ဦးဝီရသူရဲ့) ဒီလိုခြိမ်းခြောက်မှုတွေကို ကြောက်နေမယ်ဆိုရင် ကျွန်တော်တို့ အသုံးမကျတဲ့သူတွေ ဖြစ်သွားမှာပေါ့ဗျာ” ဟု ဦးဝင်းထိန်က ထည့်သွင်းပြောကြားခဲ့သည်။

ဦးဝီရသူလွှင့်တင်ထားသည့် ဗီဒီယိုနှင့်ပတ်သက်၍ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ရုံးမှ ထုတ်ပြန်သည် ကြေငြာချက်တွင်

“အမုန်းတရား၊ ခွဲခြားဆက်ဆံမှု၊ ရန်လိုမှုနဲ့ အကြမ်းဖက်မှု ဘယ်လိုပုံစံမျိုးကိုမဆို ကုလက ပြင်းပြင်းထန်ထန်၊ ပွင့်ပွင့်လင်းလင်း ရှုတ်ချပါတယ်။ ဒီဗီဒီယိုဟာ လွတ်လပ်စွာဖော်ပြခွင့်ကို တလွဲသုံးတာဖြစ်ပြီး၊ လူ့အဖွဲ့အစည်းတွေအတွင်းမှာ ရန်ညှိုးထားမှု ဖြစ်စေနိုင်တဲ့ အဖျက်သဘော အတွေးအခေါ်တွေကို သွတ်သွင်းပေးတာလည်း ဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်သူတွေရဲ့ ပုံရိပ်ကို ညစ်ထေးစေတာဖြစ်ပြီး၊ မြန်မာပြည်သူတွေရဲ့ ယဉ်ကျေးပျူငှာ၊ သနားကြင်နာမှု စိတ်ဓာတ်နဲ့ ဗြောင် ဆန့်ကျင်နေပါတယ်။ ပြီးတော့ ဒီဗီဒီယိုဟာ မြန်မာနိုင်ငံက ဒီမိုကရေစီ ရုန်းကန်လှုပ်ရှားမှု စိတ်ဓာတ်ကိုလည်း ပျက်ဆီးစေပါတယ်” ဟု ပြောကြားခဲ့သည်။

ပြည်တွင်းအန်ဂျီအိုတစ်ခုဖြစ်သော အက္ခရာအမျိုးသမီးအဖွဲ့မှ ဒါရိုက်တာဖြစ်သူ မထားထားက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အသေးစိတ်ဖော်ပြထားသည့် အဆိုပါဗီဒီယိုမှာ ရွံ့စရာကောင်းသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ဦးဝီရသူ၏ ရည်ရွယ်ချက်မှာ အောင်မြင်မည်မဟုတ်ဟု ဆိုသည်။

“လူတွေက တကယ့်အခြေအနေမှန်ကို နားလည်ကြပါတယ်။ ဒါ့ကြောင့်လည်း သူတို့ကို ဆန့်ကျင်ပြီး အပြောင်းအလဲအတွက်၊ တိုင်းပြည်ရှေ့ဆက်သွားဖို့အတွက် NLD ကို မဲပေးခဲ့ကြတာပါ” ဟု မထားထားက ပြောကြားခဲ့သည်။

သေဆုံးသွားသူ အမျိုးသမီးငယ်၏ ကျူးလွန်ခံခဲ့ရမှုများကို ဖော်ပြခြင်းမှာ သေဆုံးသူ၏ အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ပြီး၊ လူ့ကျင့်ဝတ်နှင့် လူ့ဂုဏ်သိက္ခာကို နားမလည်သူ၏ အပြုအမူသာဖြစ်သည်ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch မှ အကြီးတန်း သုတေသနပညာရှင်ဖြစ်သူ ဒေးဗစ် မက်သီဆန်ကမူ ဦးဝီရသူမှာ “အစ္စလာမ်ကြောက်ရောဂါ ပုံစံအသစ်ကို လှုံ့ဆော်ရန် ကြိုးစားနေသည်” ဟု ပြောကြားခဲ့သည်။

“ဒီဗီယိုထွက်လာတဲ့အချိန်ကိုက သံသယဖြစ်စရာကောင်းပြီး NLD အစိုးရကို အရှက်ရအောင် လုပ်သလိုမျိုးပါပဲ။ ၀ီရသူပဲ့ကိုင်တဲ့ မဘသက အမြတ်ထုတ်တဲ့ ဒီဗီဒီယိုဟာ အခုအချိန် တိုင်းပြည်မှာဖြစ်လို့မရတဲ့ အကြမ်းဖက်မှုကို ပုံဖော်တဲ့ ပုံစံတစ်မျိုးပါပဲ။ ၂၀၁၂ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုအတွက် စစ်မှန်တဲ့ စုံစမ်းစစ်ဆေးမှု လိုအပ်သလို၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ ကြည့်ရှုအရသာခံဖို့မဟုတ်ဘဲ စုံစမ်းစစ်ဆေးအပြစ်ပေးရမယ့် ရာဇ၀တ်မှုတစ်ခု ဖြစ်တယ်ဆိုတာကို သတ်မှတ်ထားတဲ့ ဥပဒေစနစ်တစ်ခုလည်း လိုအပ်ပါတယ်” ဟု မက်သီဆန်က ထည့်သွင်းပြောဆိုခဲ့သည်။

မွတ်စလင်ဆန့်ကျင်ရေး ၉၆၉ လှုပ်ရှားမှုတွင် ပါဝင်သည့် ဦးဝီရသူကမူ အကြမ်းဖက်မှုအား လှုံ့ဆော်နေသသည်ဟု ပြောကြားချက်များကို ငြင်းဆန်ခဲ့ပြီး ထိုဗီဒီယိုအတိုကို ဇန်န၀ါရီ ၃၀ ရက်နေ့က လွှင့်တင်ခဲ့သည်ဟု အတည်ပြုခဲ့သည်။ Facebook မှ ထိုဗီဒီယိုအား ဖြုတ်ချခဲ့ပြီးနောက် မြန်မာ့တိုင်းမ်စ်သို့ ပြောကြားရာတွင် ထိုကဲ့သို့ ပယ်ဖျက်မှုကို ဂရုမစိုက်ဘဲ DVD ခွေ ထွက်လာရန်သာ ရည်ရွယ်လုပ်ဆောင်နေသည်ဟု ဆိုသည်။

ကိုးကား – Myanmar Times

Leave a Reply