6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၁၂၊ ၂၀၁၆
M-Media

daw su

– အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် အသက်အန္တရာယ် ခြိမ်းခြောက်ခံရပြီးနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သူမအား ကာကွယ်ပေးရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ရဲတပ်ဖွဲ့အကြီးအကဲက ဘီဘီစီမြန်မာပိုင်းအစီအစဉ်ကို ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အထူးတပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းကာ ဒေါ်အောင်ဆန်းစုကြည်အား ကာကွယ်ရန်အတွက် တာဝန်ပေးလိုက်ပြီဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို တားဆီးထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပုဒ်မတစ်ခုကို ပြင်ဆင်နိုင်ဖွယ်ရှိသည်ဆိုသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ သူမမှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် အသက်အန္တရာယ် ခြိမ်းခြောက်ခံခဲ့ရခြင်း ဖြစ်သည်။

လက်ဖြောင့်သေနတ်ဖြင့် လုပ်ကြံမည်ဟုဆိုသော အဆိုပါပို့စ်ကို ရေးသားသူမှာ နောက်ပိုင်းတွင် NLD ရုံးသို့ သွားရောက်တောင်းပန်ခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း ၎င်း၏ ထိုလုပ်ရပ်က မြန်မာဆိုရှယ်မီဒီယာလောကတွင် ဟိုးလေတကျော်ကျော် ဖြစ်ခဲ့သည်။

လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်မှာ ၎င်း၏ လုံခြုံရေးအတွက် ကိုယ်ပိုင်အဖွဲ့ကို အသုံးပြုနေပြီး ရဲတပ်ဖွဲ့မှ အထူးအဖွဲ့ကမူ သူမ၏အိမ် အပြင်ဘက်တွင် ထပ်မံ လုံခြုံရေးပေးမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်ပြီး အမျိုးသားခေါင်းဆောင်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် ၀န်ကြီးအဖွဲ့မှာ တိုင်းပြည်လွတ်လပ်ရေးရရှိရန် ကြိုးစားနေချိန်တွင် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့၌ မျိုးချစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဂဠုန်ဦးစောနှင့် အပေါင်းအပါများ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

Ref: BBC

Tags:

Leave a Reply