6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၂၃၊ ၂၀၁၆
M-Media

india 6

– တမန်တော်မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုအပေါင်း သက်ရာက်ပါစေ) ရဲ့ ထေရုပ္ပတ္တိ၊ ဘ၀တည်ဆောက်မှု လမ်းစဉ်တွေနဲ့ ပတ်သက်ပြီး အိန္ဒိယမှာပြုလုပ်တဲ့ ညီလာခံတစ်ခုမှာ ကမ္ဘာတစ်ဝှမ်း အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေက အကြမ်းဖက်ဝါဒကို ရှုတ်ချလိုက်ပြီး အကြမ်းဖက်မှုလုပ်ရပ်တွေအတွက် အစ္စလာမ်မှာ နေရာမရှိဘူးလို့ ပြောကြားလိုက်ပါတယ်။

ရှာဟင်နာဂါရ်ပြည်နယ် တာလီမာဘတ်မှာရှိတဲ့ အလ် မာဟာဒွလ် အာလီ အလ် အစ္စလာမ်မီအဖွဲ့ အဆောက်အဦးမှာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ အဲဒီညီလာခံဟာ ၃ ရက်တာ ကြာမြင့်မှာဖြစ်ပါတယ်။

ညီလာခံကို ဆော်ဒီ အစ္စလာမ့်ရေးရာပညာရှင် အဘ်ဒူလာ မိုဟာမက် အလ် ဂမ်ဒီ၊ ဂျမာအသ်-အီ-အစ္စလာမီ ဟင်ဒ် (ဒေလီ)ရဲ့ အထွေထွေအတွင်းရေးမှူး မောင်လာနာ မိုဟာမက် ရာဇီက် ကွာစ်မီ၊ ဟာဇရသ် မောင်လာနာ မိုဟာမက် ဆိုင်ဖန် ကွာစ်မီ၊ မောင်လာနာ အဘတ်စ် အလီ၊ မောင်လာနာ အဘ်ဒူလာ၊ မွဖ်သီ အဟ်မဒ် ဒေ၀ီ၊ ဟာဇရသ် မောင်လာနာ ဆယဒ် မိုဟာမက် ၀ါလီ ရဟ်မာနီ၊ ဇီအွဒ်ဒီန်း နေယာ၊ မွဖ်သီ ဆဒီက် မိုဟစ်ဒင် စတဲ့ ထိပ်တန်းပညာရှင်တွေအပြင် နိုင်ငံတကာက အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ၊ မွတ်စလင်အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

“အစ္စလာမ်ဟာ ငြိမ်းချမ်းရေးသာသနာ၊ ညီရင်းအစ်ကိုစိတ်ဓာတ်၊ သည်းခံခွင့်လွှတ်မှု၊ အပြန်အလှန်လေးစားမှုနဲ့ တိုင်းချစ်ပြည်ချစ်စိတ်တို့ကို အားပေးတိုက်တွန်းတဲ့ သာသနာဖြစ်ပါတယ်” လို့ ပညာရှင်တွေက တစ်ညီတစ်ညွတ်တည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အစ္စလာမ်သာသနာနဲ့ အနှစ်သာရဖြစ်တဲ့ ဘာသာပေါင်းစုံချစ်ကျည်ရေးကိုလည်း အလေးထားဆောင်ရွက်ဖို့ မွတ်စလင်ခေါင်းဆောင်တွေက တိုက်တွန်းခဲ့ကြပါတယ်။

ပညာရေးနှင့် ပရဟိတအတွက် တိုက်တွန်း

ညီလာခံကို ဧည်သည့်တော်အဖြစ် တက်ရာက်လာခဲ့တဲ့ တီလန်ဂါနာပြည်နယ်က ဒုတိယ၀န်ကြီး မဟ်မူဒ်အလီက မွတ်စလင်နိုင်ငံတွေအနေနဲ့ စစ်ပွဲတွေ၊ လက်နက်တွေ၊ အဖျက်အမှောက် ရည်ရွယ်ချက်တွေမှာ ငွေကြေးတွေကို သုံးစွဲနေတာထက် ပညာရေးနဲ့ လူမှုဖူလုံရေး လုပ်ငန်းတွေမှာ ပိုမိုသုံးစွဲကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

နောက်ပြီး မွတ်စလင်လူငယ်တွေကို အင်ဂျင်နီယာ၊ ဆေးဘက်ဆိုင်ရာ၊ သိပ္ပံနဲ့နည်းပညာ၊ အခြားသော လူသားအကျိးပြု နယ်ပယ်တွေ၊ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်လာအောင် တိုက်တွန်းအားပေးကြဖို့ အစ္စလာမ့်ပညာရှင်တွေကိုလည်းဆော်သြခဲ့ပါတယ်။

မောင်လာနာ မိုဟာမက် မဒနီကတော့ မွတ်စလင်တွေအနေနဲ့ အခြားသော ဘာသာတရားတွေနဲ့ သဟဇာတဖြစ်အောင် နေဖို့၊ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်နေဖြစ်နေ တိုင်းပြည်အပေါ် သစ္စာစောင့်သိမှု မပျက်ယွင်းဖို့အတွက်လည်း တိုက်တွန်းခဲ့ပါတယ်။

အစ္စလာမ်အပေါ် နားလည်မှုလွဲမှားတာတွေကို ပပျောက်အောင်လုပ်ဖို့အတွက် ပညာရှင်တွေက တိုက်တွန်းခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ မွတ်စလင်ဥပဒေပညာရှင်များအဖွဲ့က အတွင်းရေးမှူး မိုဟာမက် ခါလစ် မဟ်မွဒ် ရဟ်မာနီက အခြားသော ဘာသာဝင်တွေမှာ ရှိနေတဲ့ အစ္စလာမ်အပေါ် ယူဆချက်အမှားတွေကို ဖယ်ရှားဖို့အတွက် အစ္စလာမ့်ရေးရာတွေကို ဒေသသုံးဘာသာစကားနဲ့ သင်ကြားသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

ဒီလို ဆောင်ရွက်ခြင်းအားဖြင့် မွတ်စလင်တွေနဲ့ အခြားသော လူ့အဖွဲ့အစည်းတွေအကြားမျာ လစ်ဟာမှုတွေကို ကျဉ်းမြောင်းစေလိမ့်မယ်လို့လည်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

အကြမ်းဖက်ဝါဒနဲ့ မွတ်စလင်အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းတွေကို ကမ္ဘာတစ်ဝှမ်းက အစ္စလာမ့်ပညာရှင်တွေ၊ မွတ်စလင်ခေါင်းဆောင်တွေရဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချမှုတွေဟာ ယခင်ကတည်းက ရှိခဲ့ပြီး အိန္ဒိယက အစ္စလာမ်နဲ့ မွတ်စလင်အဖွဲ့အစည်းတော်တော်များများကလည်း ရှုတ်ချမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

Ref: The Hindu

Leave a Reply