6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၂၅၊ ၂၀၁၆
M-Media

Johan-Cruyff-Football365

– နယ်သာလန်၏ ဂန္တ၀င်ဘောလုံးသမား ဂျိုဟိန်ခရိုက်ဖ်မှာ ယမန်နေ့က စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်ဟု ၎င်း၏ ဖောင်ဒေးရှင်းက ကြေငြာခဲ့သည်။

အေဂျက်နှင့် ဘာစီလိုနာတို့၏ ကစားသမားဟောင်းဖြစ်သူ ခရိုက်ဖ်မှာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလနှောင်းပိုင်းမှစ၍ အဆုတ်ကင်ဆာဖြစ်နေကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။ ၎င်းမှာ ဆေးလိပ်စွဲလမ်းသူဖြစ်ပြီး ၁၉၉၁ ခုနှစ်က နှလုံးကိုလည်း ခွဲစိတ်ကုသဖူးသည်။

သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးဖြစ်သည်ဟု သတ်မှတ်ခံရသည့် ခရိုက်ဖ်မှာ ဥရောပ အကောင်းဆုံး ဘောလုံးသမားဆုကို ၃ ကြိမ်တိုင်တိုင် ရရှိခဲ့သည်။ ကစားသမားဘ၀၌ ရရှိခဲ့သော ဆုတံဆိပ်များတွင် အေဂျက်နှင့်အတူ ဥရောဖလား ၃ ကြိမ်နှင့် ဒက်ခ်ျအမှတ်ပေးဖလား ၈ ကြိမ်၊ ဖီယင်နုနှင့် ဒက်ခ်ျအမှတ်ပေးဖလား တစ်ကြိမ်၊ ဘာစီလိုနာနှင့် လာလီဂါတစ်ကြိမ်တို့လည်း ပါဝင်သည်။

ကစားသမားဘ၀မှ အနားယူပြီး နောက်ပိုင်းတွင် ဘာစီလိုနာအသင်းအား နည်းပြခဲ့ပြီး ချန်ပီယံလိဂ်တစ်ကြိမ်နှင့် လာလီဂါဖလား ၄ ကြိမ်ကို ရယူပေးနိုင်ခဲ့သည်။ နိုင်ငံအသင်းအတွက်မူ ခရိုက်ဖ်မှာ ၄၈ ပွဲ ကစားပေးခဲ့ပြီး ၁၉၇၄ ကမ္ဘာ့ဖလားတွင် ဒုတိယနှင့် ၁၉၇၆ ယူရိုတွင် တတိယ ရရှိခဲ့သည်။

Ref: Aljazeera

Leave a Reply