5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၈ ၊ ၂၀၁၆
M-Media
ဂျက်ဖရီတင်အုန်း(R.I.T) ရေးသည်။
aung_san-u_raschid-
ယနေ့ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၂၃၀ကျော်၊ လူဦးရေသန်းပေါင်း ၇၀၀၀ကျော်၊ ဘာသာစကားပေါင်း ၆၀၀၀ကျော်နှင့် လူမျိုးနွယ်ပေါင်း ၅၀၀၀ကျော် ရှိကြသည်။ လူမျိုးနွယ်တစ်ခုတည်းရှိသော၊ ဘာသာစကားတစ်ခုတည်းပဲရှိသော၊ ကိုးကွယ်ယုံကြည်မှု တစ်ခုတည်းပဲရှိသော၊ နိုင်ငံဟူသည် ကမ္ဘာပေါ်မှာမရှိတော့ပြီ။

လူရှိလျှင် ထိုသူ၏အမျိုးအနွယ် (လူသားမျိုးနွယ်) ရှိနေပေမည်။ ကမ္ဘာကြီး၏သက်တမ်းသည် နှစ်သန်းပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ နေရာ၊ ဒေသ ခေတ်ကာလအလိုက်၊ နိုင်ငံအလိုက်၊ ပေါ်ပေါက်လာသော လူသားတို့အား “ဆောင်ရန်၊ ရှောင်ရန်”၊ ကျင့်ရန်၊ကြံရန်၊ ဘ၀လမ်းညွှန်များကို လက်တွေ့ဟောပြော၊ ပို့ချပြသခဲ့သော၊ ဂင်္ဂါဝါနူ၊ သဲစုတစ်မျှသော၊ မနုဿ လူဘုရားများ ပွင့်ပေါ်ခဲ့ကြသောကြောင့်၊ ဘာသာတရား အသီးသီး ဖြစ်ပေါ်ခဲ့ကြသည်။ လူသားသည် ပထမ၊ ထိုလူသား၏ယုံကြည်မှု ဘာသာတရား
သည် ဒုတိယဖြစ်သည်။

ထူးဆန်းသည်မှာ မြန်မာနိုင်ငံတွင် မည်သည့်ဘာသာတရားမျှ မူလရင်းမြစ်အနေဖြင့် စတင်ခဲ့ခြင်း မရှိဘဲ၊ ရေခြား၊ မြေခြား၊ နိုင်ငံရပ်ခြားများမှ မြန်မာနိုင်ငံသို့၊ ရောက်ရှိပြန့်နှံ့လာခြင်းဖြစ်သည်။ ဒါကြောင့်လည်း လူသိအများဆုံးကိုးကွယ်ယုံကြည်ရာ ဘာသာတရားများဖြစ်သည့် ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒိုဘာသာ၊ ဗုဒ္ဓဘာသာ၊ ဆစ်ခ်ဘာသာ၊ ဂျိမ်းဘာသာတရားများသည်၊ “ဧည့်ဘာသာတရားများ” ဖြစ်သည်။ ဘာသာတရားကို လူတစ်စု၊ လူတစ်ဖွဲ့၊ နိုင်ငံတစ်ခုက လက်ဝါးကြီးအုပ်၍ မရပြီ။

ယနေ့ကမ္ဘာပေါ်တွင် ခရစ်ယာန်ဘာသာဝင်ဦးရေသန်းပေါင်း ၂၀၀၀ ကျော်ရှိသည်။ အစ္စလာမ်ဘာသာဝင် ဦးရေသန်းပေါင်း ၁၈၀၀ ကျော်၊ ဟိန္ဒူဘာသာဝင်ဦးရေသန်းပေါင်း ၁၀၀၀ ကျော်၊ ဗုဒ္ဓဘာသာဝင်ဦးရေ သန်းပေါင်း ၅၀၀ ကျော်ရှိသည်။ မည်သည့်ဘာသာတရားမျှ လက်ခံခြင်းမရှိသည့် ဘာသာမဲ့ဦးရေသန်း၁၀၀၀ ကျော်သည်လည်း ကွန်မြူနစ်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ၊ ဗီယင်နမ်နိုင်ငံ၊ ကျူးဘားနိုင်ငံ စသည်တို့တွင် ရှိနေသည်။

အများပြည်သူလူထုအတွက်၊ တိုင်းပြည်အတွက်၊ ဆောင်ရွက်လိုသူတွေဟာ “ငါနှင့် ငါသာ၊ နှိုင်းစရာ၊ ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသော  စိတ်ဓာတ်မျိုးကို၊ ရှောင်ရှားသင့်ပေသည်။ လူမျိုးကိုကြည့်၍၊ ကိုးကွယ်သည့်ဘာသာတရားကိုကြည့်၍၊ လူ့ဂုဏ်သိက္ခာ အဆင့်အတန်းကို၊ မခွဲခြားနိုင်ပေ။ ဤအချက်ကို ကမ္ဘာ့အင်အားအကြီးဆုံးစံပြ ဒီမိုကရေစီနိုင်ငံတော်ကြီးတစ်ခုဖြစ်သည့် အမေရိကန်နိုင်ငံက မီးမှောင်းထိုးပြခဲ့သည်။

အမေရိကန်သမ္မတကြီး ဘားရက်အိုဘားမားသည် အစ္စလာမ်ဘာသာဝင် ကင်ညာနိုင်ငံသားနှင့် ခရစ်ယာန် အမေရိကန် သူတို့မှ မွေးဖွားသော သွေးနှောကပြား ဖြစ်သော်လည်း၊ လူဦးရေသန်းပေါင်း ၃၅၀ ကျော်က သမ္မတသက်တမ်း(၂)ကြိမ် တိုင်တိုင် နိုင်ငံ့ဦးသျှောင်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းသည် ဘာသာလူမျိုး မခွဲခြားသော၊ အသားအရောင်မခွဲခြားသော၊ အရည်အချင်းရှိသူကို နေရာပေးသော၊ လူ့ဂုဏ်သိက္ခာရှိသော လူ့အဖွဲ့အစည်းကြီးတစ်ရပ်ဖြစ်ကြောင်း၊ ကမ္ဘာကို သက်သေပြနေသည်။

မကြာခင်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တစ်ဦးက မတ်လ ၁၄ ရက်၊ ပြည်သူ့လွှတ်တော် အစည်းအဝေး ပြင်ပတွင်၊ ဘီဘီစီသတင်းဌာန၏ မေးမြန်းမှုကိုဖြေကြားရာတွင် “အဓိကတော့၊ လူမျိုးခြားပေါ့၊ လူမျိုးခြားက ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊  လူမှုရေး၊ လေးခုရှိတာပေါ့၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကျတော့ အဓိက နိုင်ငံရဲ့လျှို့ဝှက်ချက်တွေ ရှိတယ်။ဒီလိုနေရာမျိုးကို လူမျိုးခြားတွေသွားပေးရင် ကျွန်တော်တို့နိုင်ငံ လုံခြုံရေးအတွက် အန္တရာယ်ရှိတာပေါ့” ဟု
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သတ်လို့ ဘီဘီစီသတင်းထောက်ကို ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်မဟုတ်သော လူများကို လူဝင်မှု့ကြီးကြပ်ရေး (လ၀က) က၊ “သွေးနှော” ဟု သတ်မှတ်ကြသည်။

နိုင်ငံရေး၊ အုပ်ချုပ်ရေးတွင် သွေးနှောကပြားများ ပါဝင်ပတ်သက်နေခဲ့သည်မှာ ပဒေသရာဇ်ခေတ် အဆက် ဆက်တွင်သာမက၊ အင်္ဂလိပ်ကိုလိုနီခေတ်တွင်လည်းကောင်း၊ ဖဆပလအစိုးရခေတ်တွင်လည်းကောင်း၊ မုချဧကန်တွေ့ရှိကြ ရမည် ဖြစ်သည်။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ)ပါတီ ဥက္ကဌကြီးလည်းဖြစ် ရဲဘော်၃ကျိပ်ဝင်တစ်ဦးလည်းဖြစ်သူ သခင်ရှုမောင်(ခေါ်) ဗိုလ်ချုပ်ကြီးနေ၀င်းသည် တရုတ်ကပြားသွေး နှော တစ်ဦးဖြစ်သည်။ တပ်မတော်တွင် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။

မဆလတစ်ပါတီခေတ်တွင်ပင်၊ သမ္မတတာဝန်လည်း ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီးတာဝန်လည်းထမ်းဆောင်ခဲ့ဖူးသူ၊ ဦးစန်းယုဟာ ကပြားသွေးနှော တရုတ်လူမျိုးဖြစ်ပါတယ်။ နအဖ စစ်အစိုးရလက်ထက် စစ်ထောက်လှမ်းရေးမှူး နံပါတ် ၃ အဆင့်ရှိ ဗိုလ်ချုပ်ကျော်သိန်းသည်လည်း တရုတ်ကပြား၊ သွေးနှော တစ်ဦး ဖြစ်ပါတယ်။ နေပြည်တော်ဝန်ကြီးလို့ လူသိများတဲ့ ဗိုလ်မှူးကြီးသိန်းညွန့်သည်လည်းကောင်း၊  သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့သည်လည်း တရုတ်သွေးနှောများ ဖြစ်ကြပါတယ်။ န၀တစစ် အစိုးရခေတ် ဗိုလ်မှူးချုပ် အေဘဲလ်သည် လည်း၊ ခရစ်ယာန်ဘာသာဝင် သွေးနှောတစ်ဦးဖြစ်ပါသည်။ မဆလခေတ်၊  ပညာရေးဒုတိယ၀န်ကြီး ဒေါက်တာမောင်ဒီသည် ပသီလူမျိုး အစ္စလာမ်ဘာသာဝင် မိဘများမှမွေးဖွားခဲ့ သော်လည်း ဆရာသည် ဗုဒ္ဓဘာသာကိုးကွယ်ခဲ့သည်။ မြန်မာ့ဂုဏ်ဆောင်၊ ကမ္ဘာ့ဂုဏ်ဆောင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်သည် ဖခင်ပသီလူမျိုး အစ္စလာမ်ဘာသာဝင်နှင့် ဗမာ-ဗုဒ္ဓဘာသာဝင် မိခင်မှမွေးဖွားခဲ့သော ကပြားသွေးနှောဖြစ်သော်လည်း၊ မြန်မာ့အကျိုး၊ ကမ္ဘာ့အကျိုး ကို သက်ဆုံးတိုင်တာဝန်ကျေခဲ့သူ ဖြစ်ခဲ့ပါတယ်။

ထို့ကြောင့်အမေရိကသုတေသီ ၀ီလျှံရောဘတ်က “လူမျိုးတစ်မျိုး၊ ကိုးကွယ်တဲ့ဘာသာတစ်ခုခု၊ ရုပ်ဆင်း အင်္ဂါ အသွင်သဏ္ဍန် တစ်ရပ်ကိုကြည့်၍ ခွဲခြားဆက်ဆံနေသူများဟာ အဆိပ်မှိုင်းမိထားသူများ” ဖြစ်ကြောင်း ဝေဖန်ခဲ့ဖူးသည်။

ကမ္ဘာပေါ်တွင် လူတစ်ယောက်၊ တစ်စုတစ်ဖွဲ့၏ဥပဒေမဲ့လုပ်ရပ် လူသားမဆန်မှုလုပ်ရပ်ကြောင့် ထိုကျူးလွန် သူ၏ ဘာသာတရား ကို ဝေဖန်၊ ကဲ့ရဲ့၊ ပြစ်တင်၊ ရှုတ်ချနေပါက “ရေပေါ်အရုပ်ရေးသလို”သာဖြစ်တော့ မည်။ ဥပမာ ပဒေသရာဇ်ခေတ်တွင် ထီးနန်းအာဏာ အတွက် သားဖြစ်သူက ဖခင်ရင်းကိုလုပ်ကြံခဲ့သည့် ဖြစ်ရပ်များ၊ ကနောင်မင်းသားကြီးလို လူတော်ကို တူအရင်းခေါက်ခေါက်က လုပ်ကြံခဲ့သည့် ဖြစ်ရပ်များ၊ အနော်ရထာမင်းထီးနန်းအာဏာအတွက် စိုးရိမ်ရဟူသော ပုဏ္ဏားများ၏ဟောကိန်းကြောင့် ကိုယ်ဝန်သည်များ၊ သုံးလသားယောကျာ်းလေးများ၊ ၅နှစ်သားကလေးများ၏ အသက်များ၊ ကြက်ပျောက်၊ ငှက်ပျောက်၊ ပျောက်ခဲ့ရပုံများ၊ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး လုပ်ကြံခံခဲ့ရခြင်း တို့သည် ဘာသာခြား၊ လူမျိုးခြား၊ သွေးနှောများ က လုပ်ကြံခဲ့ခြင်းမဟုတ်ပေ။ ဘာသာတူ၊ လူမျိုးတူကို၊ ဘာသာတူ၊ လူမျိုးတူကပင် ရာထူးအာဏာ၊ အာဃာ၊ အတ္တစိတ် လွန်ကဲမှုတွေကို ရှေ့တန်း တင်မိခဲ့၍ မြန်မာ့သမိုင်းဆိုးမွေများ ကျန်ရစ်ခဲ့ပေသည်။

ထို့ကြောင့် နိုင်ငံချစ်စိတ်ရှိခြင်း၊ သစ္စာရှိခြင်း၊ နိုင်ငံ့အကျိုးသယ်ပိုးထမ်းရွက်ခြင်းတို့သည် လူမျိုး၊ ကိုးကွယ် သည့်ဘာသာတရား၊ သွေးနှောခြင်း၊ မနှောခြင်းတို့နှင့် လုံးဝ၊ လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း၊ သမိုင်းတွေ က ပြောပြနေသည်။ သမိုင်းမှန်တွေကို၊ လေ့လာဖို့ အချိန်တန်ပြီ။ မတ်လ ၃၁ ရက်နောက်ပိုင်း ဒီမိုကရေစီ အစိုးရသစ်တစ်ရပ် ပေါ်ထွက်လာမည်။ လူသစ်၊ မူသစ်၊ စနစ်သစ်၊ ဥပဒေသစ်တွေ ပေါ်ထွက်လာတော့ မည်။ လူ့အခွင့်အရေးစံချိန်၊ စံညွှန်းနှင့် ကိုက်ညီမှုမရှိသော၊ နိုင်ငံတကာစံချိန်၊ စံညွှန်းနှင့် ကိုက်ညီမှုမရှိ
သော၊ မြန်မာပြည်သူလူထုအတွက်၊ အကျိုးမရှိသော ဥပဒေများကို ဖျက်သိမ်းတော့မည်။ အလားအလာ၊ ကောင်းပေတည်း။ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ခေတ်အဆက်ဆက်က “အင်အားကြီးသူ၊ အနိုင်ယူ” အင်အားသည်၊ အမှန်တရားဆိုသော ကြီး၊ နိုင်၊ ငယ်၊ ညှင်း စိတ်ကို ဖျောက်ဖျက်ချိန်တန်ပါပြီ။

ညီညွှတ်ခြင်းသည် အင်အား၊ စည်းလုံးခြင်းသည်၊ ခွန်အားဟူသော ပြည်ထောင်စုစိတ်ဓာတ်ကို နှလုံးပိုက် ကာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်မှ လွတ်ကင်းအောင် ကြိုးပမ်းကြပါစို့ဟု တိုက်တွန်းလိုက်ပါသည်။

ဂျက်ဖရီတင်အုန်း(R.I.T)

Leave a Reply