5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

M-Media
ဧပြီ ၂၉ ၊ ၂၀၁၆

မြိုင်ကြီးငူ ဆရာတော် ဦးသုဇန

မြိုင်ကြီးငူ ဆရာတော် ဦးသုဇန

.
ကရင်ပြည်နယ်အစိုးရထံ မြိုင်ကြီးငူဆရာတော်၏ တရားမ၀င်ဘုရားတည်နေသည့်ကိစ္စအား နိုင်ငံတော်အစိုးရ၏ သာသနာရေးနှင့် ယာဉ်ကျေးမှု ၀န်ကြီးဌာနသို့ လွှဲပြောင်းပေးရန် ၀န်ကြီး သူရဦးအောင်ကိုက ညွှန်ကြားခဲ့သည်ဟု မြန်မာတိုင်းမ်စ်သတင်းတစ်ရပ်က ဖော်ပြထားပါသည်။
.
ကရင်ပြည်နယ်အစိုးရက ယင်းကိစ္စကို သမ္မတရုံးနှင့် သာသနာရေးဝန်ကြီးဌာနသို့ ဧပြီလ ၂၆ ရက်နေ့တွင် အမှုတွဲဖိုင်များနှင့်တကွ သတင်းပေးပို့ပြီးဖြစ်ကြောင်းလည်း သိရသည်။ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူ ဦးမင်းတင်ဝင်းကမူ ၄င်းတို့အစိုးရအဖွဲ့အနေဖြင့် မြိုင်ကြီးငူကိစ္စကို ကြားဝင်စေ့စပ်ဖျောင်းဖျပေးဖို့ မြို့နယ်နှင့် နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့တို့ထံ မေတ္တာရပ်ခံခဲ့သော်လည်း မဟနက စေ့စပ်ညှိုနှိုင်းမပေးနိုင်ဟု ဖြေကြားခဲ့ကြောင်းဆိုထားသည်။
.
ဦးမင်းတင်ဝင်းက “(မဟန) ကော်မတီကို ကျွန်တော်တို့ တော်တော်လေး စိတ်ပျက်မိတယ်။ ဒီကိစ္စကို ကျွန်တော်တို့က ပြည်ထောင်စုအစိုးရရဲ့ တိုက်ရိုက်ညွှန်ကြားချက်မျိုးနဲ့ ဖြေရှင်းချင်တာ မဟုတ်ဘူး။ ဒီလိုလုပ်လိုက်ရင် လူတွေက အစိုးရကို မွတ်စလင်အစိုးရ၊ ခရစ်ယာန်အစိုးရဆိုပြီး စွပ်စွဲကြလိမ့်မယ်လေ။ ခုထိတော့ သမ္မတရုံးက ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှ အကြောင်းပြန်လာတာမျိုး မရှိဘူး” ဟု မြန်မာတိုင်းမ်စ်သို့ ပြောပြထားသည်။
.
သမ္မတရုံး ပြန်ကြားရေးတာဝန်ခံ ဦးဇော်ဌေးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း သူက မြိုင်ကြီးငူ၏ တရားမ၀င်ဘုရားတည်နေသည့် ကိစ္စကို တစ်စုံတစ်ရာမှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့သည်ဟု သိရသည်။ မြိုင်ကြီးငူဆရာတော်ကမူ ဘာသာခြားပိုင်နက်နှင့် အနီးနားဝန်းကျင်တွင် ဘုရားနှစ်ဆူတည်ပြီးဖြစ်သော်လည်း နောက်ထပ်ဘုရားများတည်ဖို့ စီစဉ်ထားကြောင်း သိရသည်။
.
မြိုင်ကြီးငူ၏ ဘာသာရေးအရ ထိလွယ်ရှလွယ်သည့် ယင်းကိစ္စအတွက် ခရစ်ယာန်နှင့်မွတ်စလင်တို့နှစ်ဘက်စလုံးမှ သည်းခံနေကြဖို့ရန် မိမိတို့သာသနာဝင်များကို တိုက်တွန်းနှိုးဆော်ချက်များ အသီးသီးထုတ်ပြန်၍ တိုက်တွန်းနှိုးဆော်ထားသည်။
.
ကရင်ပြည်နယ်အစိုးရက ယင်းကိစ္စအတွက် ယမန်နေ့ (ဧပြီ ၂၈) တွင် အစည်းအဝေးကျင်းပခဲ့ကြောင်း၊ မြိုင်ကြီးငူနှင့်နီးစပ်သော အမျိုးသမီးတစ်ဦးက ကြားဝင်ညှိုနှိုင်းပေးမည်ဟု ကမ်းလှမ်းထားကြောင်း မြန်မာတိုင်းမ်စ်သတင်းက ဖော်ပြသည်။
.
source:mmtimes

Leave a Reply