6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၅၊ ၂၀၁၆
M-Media

1 a

ပုံ-၁ လူထုကြားမတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်ထားသည့် ပို့စ်

– ယမန်နေ့က ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်သွားသည့် မန္တလာမင်း ခရီးသည်တင်ဘတ်စ်ကားတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်တစ်ခုအား အမျိုးသားရေးအစွန်းရောက်များက လုပ်ကြံဖန်တီး၍ လူထုကြား မတည်မငြိမ်ဖြစ်ရန် လှုံ့ဆော်ခဲ့သည်ဟု သိရသည်။

မေလ ၄ ရက်နေ့ နေ့လည် ၂ နာရီတွင် မိတ္ထီလာရှိ မန္တလာမင်းကားကိတ်သို့ ပြင်ဦးလွင်မှ တာဝန်သိ အမျိုးသားတစ်ဦးဆိုသူက ဖုန်းနံပါတ် (09792991968) ဖြင့် ရန်ကုန်မှ နေပြည်တော်သို့ နေ့လည် ၁ နာရီတွင် ထွက်ခွာသွားသော ကားပေါ်တွင် ချိန်ကိုက်ဗုံးပါသွားသည်ဟု မမှန်သတင်းပေးခဲ့သောကြာင့် ယာဉ်လိုင်းက အမြန်လမ်းရဲတပ်ဖွဲ့အား အကြောင်းအကြားကာ ရှာဖွေစစ်ဆေးစေခဲ့သည်။

ထိုအဖြစ်အပျက်အား Soe Naing အမည်ရှိ Facebook အကောင့်တစ်ခုက မွတ်စလင်များမှာ မန္တလာမင်းကားပေါ်တွင် ပေါက်ကွဲစေတတ်သော ဓာတုဗေဒအရည်များကို တင်ဆောင်လာသည်ဟု လုပ်ကြံဖန်တီးကာ လူထုအကြား မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်ခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ မန္တလာမင်း ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းကမူ မိမိတို့မှာ ဖုန်းဆက်သတင်းပေးမှုကို ရရှိခဲ့သောကြောင့် ရဲတပ်ဖွဲ့အားအကြောင်းကြားပြီး ရှာဖွေရာ မည်သည့်ချိန်ကိုက်ဗုံးမှ တွေ့ရှိခြင်းမရှိဘဲ၊ မည်သည့် ပေါက်ကွဲစေတတ်သည့် ပစ္စည်းမှလည်း မပါဝင်ကြောင်း၊ ထိုကဲ့သို့ မမှန်သတင်းပေးမှုနှင့် Facebook စာမျက်တွင်လှုံ့ဆော်မှုတို့အား ပြင်းထန်စွာ ကန့်ကွက်ကြောင်း ၎င်းတို့၏ Facebook စာမျက်နှာမှတစ်ဆင့် ပြန်လည်ဖြေရှင်းထားသည်။

2 a

ပုံ-၂ မန္တလာမင်းမိသားစု၏ ဖြေရှင်းချက်

အမျိုးသားရေးအစွန်းရောက်များမှာ အွန်လိုင်းစာမျက်နှာများမှတစ်ဆင့် လူမျိုးရေး အမုန်းတရားများ ဖြန့်ဖြူးကာ လူထုအကြား မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုများကို ယခုရက်ပိုင်းတွင် ပိုမိုပြုလုပ်လာခဲ့ပြီး တာဝန်ရှိသူများက မည်သည့် တုန့်ပြန်မှုမှ မပြုလုပ်သေးပေ။

 

 

Leave a Reply