5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၁၄၊ ၂၀၁၆
M-Media

vardy 1

– ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာစီးတီးအသင်း၏ တိုက်စစ်မှူးများဖြစ်သော ဂျာမီဗာဒီနှင့် ရီယာ့ဒ်မဟ်ရက်ဇ်တို့အား ဂုဏ်ပြုသောအားဖြင့် ကမ္ဘာကျော် အားကစားကုမ္ပဏီဖြစ်သော Nike က အထူး ဘောလုံးကန်ဖိနပ် ၂ ရံကို ထုတ်လုပ်ပေးခဲ့သည်ဟု သိရသည်။

၎င်းတို့နှစ်ဦးမှာ လက်စတာ ချန်ပီယံဖြစ်ရေးလမ်းကြောင်းတွင် သွင်းဂိုးများ၊ ဖန်တီးမှုများဖြင့် ကူညီပေးခဲ့ပြီး ပရီးမီးယားလိဂ်တွင် နှစ်ဦးပေါင်း ၄၁ ဂိုး သွင်းယူပေးခဲ့သည်။ ထို့ပြင် PFA နှင့် FWA မှ ပေးအပ်ချီးမြှင့်သော တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုများကိုလည်း ၎င်းတို့ ၂ ဦးက ရရှိခဲ့သည်။

Nike က ၎င်းတို့၏ ထိုအောင်မြင်မှုအတွက် Vahrez ဟူသော အမည်ဖြင့် ဘောလုံးကန်ဖိနပ်တစ်ရံကို ထုတ်လုပ်ပေးခဲ့ပြီး အဖြူနှင့် အနက်ရောင်စပ်ထားသော အဆိုပါဖိနပ်ကို ယခုတစ်ပတ် ချယ်ဆီးနှင့်ကစားမည့် ပရီးမီးယားလိဂ် နောက်ဆုံးပွဲတွင် ၀င်ဆင်ကစားမည်ဖြစ်သည်။

“ဒီရာသီနောက်ဆုံးပွဲဟာ အခမ်းအနားတစ်ခုဖြစ်မှာဖြစ်ပြီး ကျွန်တော်နဲ့ မဟ်ရက်ဇ်ကြား ရှိနေတဲ့ နားလည်မှုအတွက် ကျွန်တော် ကျေနပ်မိပါတယ်။ ဒါဟာ ကျွန်တော်ဂုဏ်ယူရတဲ့ ကိစ္စတစ်ခုဖြစ်ပြီး ဒီဖိနပ်တွေကလည်း ဒါကို ရောင်ပြန်ဟပ်စေပါတယ်” ဟု ဗာဒီက ပြောကြားခဲ့သည်။

မဟ်ရက်ဇ်ကမူ မိမိနှင့် ဗာဒီတို့မှာ ယခုအခြေအနေသို့ ရောက်ရှိရန် ပုံမှန်မဟုတ်သော အခြေအနေများကို ဖြတ်သန်းခဲ့ရကြောင်း ထိုသို့ဖြတ်သန်းခဲ့ရမှုက မိမိတို့အကြား နားလည်မှုကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဖိနပ်သစ်ကို ယခုရာသီ မိမိတို့၏ အောင်မြင်မှု အထိမ်းအမှတ်အဖြစ် ၀င်ဆင်ရမည့်အတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။

Ref: Goal

Leave a Reply