6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၈၊ ၂၀၁၆
M-Media

honour killing

– သမီးဖြစ်သူမှာ မိသားစု၏ ဆန္ဒကိုဆန့်ကျင်ကာ အမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့သောကြာင့် ရေနံဆီလောင်း၍ မီးရှို့သတ်ဖြတ်ခဲ့သူ အမျိုးသမီးတစ်ဦးကို ပါကစ္စတန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

ထိုအဖြစ်အပျက်မှာ နိုင်ငံအရှေ့ပိုင်း လာဟိုးရ်မြို့၌ ယနေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူအမျိုးသမီးကို ချက်ခြင်းပင် ဖမ်းဆီးမိသည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူ ရှိခ် ဟမ်မဒ်က ပြောကြားခဲ့သည်။

ပါရ်ဗင်း ရာဖစ်က်ဟု အမည်ရသည့် အဆိုပါ အမျိုးသမီးက အသက် ၁၈ နှစ်အရွယ် ၎င်း၏ သမီးဖြစ်သူ ဇီနသ် ရာဖစ်က်အား နွားတင်းကုပ်၌ကြိုးချည်ကာ သားဖြစ်သူ အဟ်မာရ် ရာဖစ်က်၏ အကူအညီဖြင့် ရေနံဆီလောင်း မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၀န်ခံခဲ့သည်။

ချစ်ကြိုက်မှုနှင့် အိမ်ထောင်ပြုမှုတွင် တင်းကြပ်သည့် လူမျိုးရေး ဓလေ့ထုံးတမ်းများက ပေါ်ထွက်လာသည့် ‘ဂုဏ်သိက္ခာအတွက် သတ်ဖြတ်ခြင်း’ (honor killing) ဟုခေါ်သော သတ်ဖြတ်မှုများကြောင့် ပါကစ္စတန်နိုင်ငံ၌ တစ်နှစ်လျှင် အမျိုးသမီး ၁၀၀၀ နီးပါး အသက်ဆုံးရှုံးနေရသည်။

ပြီးခဲ့သည့်တစ်ပတ်ကလည်း ကျောင်းဆရာမတစ်ဦးဖြစ်သူ မာရီယာ ဘီဘီမှာ ၎င်းထက် အသက် ၂ ဆခန့်ကြီးသူကို လက်ထပ်ရန် ငြင်းပယ်သည့်အတွက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရသည်။ မသေဆုံးခင် သူမက လူ ၅ ဦးမှာ မိမိအိမ်သို့ ချိုးဖျက်ဝင်ရောက်ကာ အပြင်သို့ဆွဲထုတ်၍ ရိုက်နှက် မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့သည်။

ယခုသေဆုံးသွားသည့် ဇီနသ် ရာဖစ်က်မှာ ပြီးခဲ့သည့်လက မော်တော်ဆိုင်ကယ်ပြင်ဆရာတစ်ဦးဖြစ်သူ ဟာဆန် ခန်းနှင့် တရားရုံးတွင် လက်ထပ်ခဲ့ပြီး အခင်းမဖြစ်ပွားမီ ၃ ရက်အရင် မိခင်ဖြစ်သူနှင့် ဦးလေးဖြစ်သူတို့က ၎င်းအား အိမ်ပြန်လာကာ ရိုးရာဓလေ့ထုံးစံအတိုင်း မင်္ဂလာပွဲ ပြုလုပ်ရန် ဖျောင်းဖျခဲ့သည်ဟု ရဲအရာရှိက ထပ်လောင်းပြောကြားခဲ့သည်။

ဟာဆန်ခန်းကမူ မိမိ၏ ဇနီးမှာ မိခင်အိမ်သို့ ပြန်မလွှတ်ရန်နှင့် ပြန်လွှတ်ပါက အသတ်ခံရမည်ဟု ပြောကြားခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

Ref: Arab News

Tags:

Leave a Reply