6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၁၀ ၊ ၂၀၁၆
M-Media
ဆောင်းပါးရှင်-ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှု့တက္ကသိုလ်)

1699829c

Image-Internet

၂၀၁၆ ခု ဇွန်လ ၁ ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများအားလုံး တစ်ပြိုင်နက်တည်း ဖွင့်လှစ်ခဲ့သည်။ လက်ရှိအရပ်သားအစိုးရသန့်သန့်လက်ထက် တွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းပညာရေးကို အခမဲ့ပညာရေးစနစ် အနေဖြင့် အကောင်အ ထည်ဖော် ဆောင်ရွက်ခဲ့သည်။ ကျောင်းသားမိဘများဆီမှလည်း မည်သည့် အလှူငွေကိုမျှ ကောက်ခံခြင်း မရှိသည်ကို သမိုင်းမော်ကွန်းထိုးနိုင်လောက်အောင် ရန်ကုန်တိုင်း ၄၅ မြို့နယ်ရှိ အခြေခံပညာကျောင်းများ တွင် ကျောင်းအပ်နှံခဲ့ကြသော မိဘများဆီမှ သိခဲ့ရသည်။

ထူးခြားအံ့ဩဖွယ်ရာတစ်ရပ်အနေဖြင့် ဇွန်လ ၈ ရက်နေ့ထုတ်နိုင်ငံပိုင်ကြေးမုံသတင်းစာထဲတွင် “၂၀၁၆ ခုနစ် မတ်လတွင်ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ဇွန်လ (၁၁)ရက်နေ့ (စနေနေ့) နံနက် ၆ နာရီ တွင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန စာစစ်ဦးစီးဌာန မှသိရသည်။ အဆိုပါအောင်စာရင်းကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာစာစစ်ဌာနများနှင့် ပညာရေးမှူးရုံးတွင် ကပ်ထားကြေညာပေးမည်ဖြစ်သည်။ ယမန်နှစ် ၂၀၁၅ခုနှစ် တက္ကသိုလ်
ဝင်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသူပေါင်း ၅၉၇,၉၄၆ ဦးရှိခဲ့ပြီး အောင်မြင်သူပေါင်း ၂၂၄,၈၄၇ ဦးရှိ၍ အောင်မြင်မှု ရာခိုင်နှုန်း ၃၇ ဒသမ ၆၀ ရာခိုင်နှုန်း ရှိခဲ့ကြောင်း” သတင်းပင်ဖြစ်သည်။

မြန်မာနိုင်ငံ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း ရလာဒ်များသည် ဖြေဆိုသူ ကျောင်းသားကျောင်းသူများနှင့်မိဘ၊ ဆရာသမားများအတွက် စိတ်လှုပ်ရှားဖွယ်ရာ၊ ရင်ခုန်ဖွယ်ရာအကောင်းဆုံးဖြစ်ပါသည်။

၂၀၁၄-၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းရလာဒ်ကို ဇွန်လ ၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထူးဆန်းသည်မှာ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းသည် ပြည်နယ်နှင့်တိုင်းအလိုက် မတူညီကြချေ။ မြို့နယ်တစ်ခုနှင့်တစ်ခုလည်း အောင်ချက်ရာခိုင်နှုန်း မတူညီကြချေ။ မြို့နယ်တစ်ခုတည်းရှိ ကျောင်းတစ်ကျောင်းနှင့်အောင်ချက် ရာခိုင်နှုန်းသည်လည်း တူညီမှုမရှိသည်ကို တွေ့ရပြန်သည်။

ပမာပြရလျှင် ၂၀၁၄-၂၀၁၅ခု ပညာသင်နှစ်တွင် မန္တလေးတိုင်းဒေသကြီးရှိ တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းသည် ၃၈ ဒသမ ၅၆ ရာခိုင်နှုန်းရှိခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီးရှိ အောင်ချက်ရာခိုင်နှုန်းထက် သာလွန်သွားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးရှိ တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းသည် ၅၁ ဒသမ ၇၈ ရာခိုင်နှုန်းရှိခဲ့ပြီး၊ မြန်မာ တစ်နိုင်ငံလုံးတွင် အောင်ချက် အကောင်းဆုံးစာရင်း ၀င်သွားခဲ့ပါသည်။ ခြုံကြည့်လျှင် ၂၀၁၄-၂၀၁၅ ခုပညာသင်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး၏ တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်းသည် ၃၆ ရာခိုင်နှုန်းရှိခဲ့သည်။ ထို့ကြောင့် ယခုနှစ် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်း ၃၇ ဒသမ ၆၀ ရာခိုင်နှုန်းသည် ပိုမိုတိုးတက်လာသည်ကိုတွေ့ရ ပြန်သည်။

မြန်မာနိုင်ငံတွင် ပညာရေးဆိုင်ရာ ၀န်ဆောင်မှုအများဆုံး၊ အကောင်းဆုံး ရန်ကုန်တိုင်းဒေသကြီး၏ တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နှုန်းသည် အဆင့်တစ်နေရာတွင် မချိတ်နိုင်သော်လည်းပဲ၊ တက္ကသိုလ်ဝင်တန်း ဘာသာစုံဂုဏ်ထူးရှင် များစွာပေါ်ထွန်းရာ၊ မြန်မာ တစ်နိုင်ငံလုံး ရမှတ်အများဆုံး ကျောင်းသားကျောင်းသူများ ပေါ်ထွန်းရာ၊ မွေးထုတ်ရာ၊ ဘူမိနက်သန် နေရာမှန်တစ်ခုအနေဖြင့် တည်ရှိ ခဲ့သည်မှာ ဆယ်စုနှစ်များစွာ ရှိခဲ့ပြီဖြစ်သည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့ကြသူများ၏ တက္ကသိုလ်ဝင်ခွင့် ကို Entrance Exam (၀င်ခွင့်စာမေးပွဲ) ဖြေဆိုခြင်းဖြင့် ရွေးချယ်သတ်မှတ်မည်လား၊ ဒါမှမဟုတ် ရှေးယခင် နှစ်များအတိုင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီး ရမှတ်ဖြင့် သတ်မှတ်မည်လား ဆိုသည်ကို တက္ကသိုလ်ပေါင်းစုံမှ ပါမောက္ခချုပ်များက စုပေါင်းဆွေးနွေးကြပြီး နိုင်ငံသူ၊ နိုင်ငံသားများ သိအောင် အမြန်ဆုံးတရားဝင်ထုတ်ပြန် ကြေညာသင့်ပါသည်။

“ပညာရေးစနစ်တစ်ခုပြောင်းလဲတိုင်း၊ ကျောင်းသားမိဘများကို တစ်နှစ်ခန့်၊ ကြိုတင်အသိပေးသင့်ကြောင်း”တက္ကသိုလ်ပေါင်းစုံ ပါမောက္ခချုပ်များ စုံညီဆွေးနွေးပွဲ၌ တက်ရောက်ခဲ့သူ၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာအောင်သူက ၂၀၁၅ ခု မေလ ၂၃ ရက်၊ အဆင့်မြင့်ပညာရေးကဏ္ဍဆွေးနွေးပွဲ၌ ပြောဆို ခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီး ရမှတ်သည် အလွန်အရေးကြီးလှသည်။ သက်ဆိုင်ရာ တက္ကသိုလ်များ၏နောက်ဆုံး ၀င်ခွင့်ဖြတ်မှတ်(ကန့်သတ်မှတ်) ထက်၊ တစ်မှတ်လိုနေလျှင်လည်း၊ ထို တက္ကသိုလ်ကို ကျောခိုင်းရသည်။ ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ရေကြောင်း တက္ကသိုလ်၊ စသည် တို့၏ ကျောင်းသား၊ ကျောင်းသူတို့၏ ၀င်ခွင့်အမှတ်များတွင်၊ ကျောင်းသူ၏ ၀င်ခွင့်အမှတ်က ပိုများနေခြင်း သည်လည်း၊ မြန်မာ့ပညာရေး ကဏ္ဍတွင် ချိန်ခွင်လျှာပျက်ပြီး၊ ညီမျှခြင်း သင်္ကေတ ပျောက်နေခြင်းပင်ဖြစ်
သည်။

အမှန်တကယ်တော့၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ရလာဒ်များသည် စာဖြေသူများ၏ ကံ၊ ဥာဏ်၊ ၀ီရိယ တစ်ဦးချင်းစီ၏ မှတ်တမ်းများကို၊ ထုတ်ပြန်ကြေညာခြင်းသာ ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ တိုးတက်ခြင်းနှင့် ဆုတ်ယုတ်ခြင်းသည် ထိုနိုင်ငံ၏ ပညာရေးအဆင့်အတန်း အားပေးမှု့ပေါ် တွင်များစွာ မူတည်နေပါသည်။ သက်ဆိုင်ရာ အစိုးရများ၏ (၁) ပညာရေးအပေါ် စီမံခန့်ခွဲမှုစနစ် အားကောင်းခြင်း (၂) နိုင်ငံတော်ဘဏ္ဍာငွေမှ ငွေကြေး အများစုကို၊ ပညာရေးပိုင်းတွင် ထိထိရောက်ရောက်သုံး စွဲခြင်း၊ (၃) ပညာရေးတွင် လာဘ်ပေး၊ လာဘ်ယူမှုများ၊ အဂတိ လိုက်စားမှု၊ အကျင့်ပျက်ခြစားမှုများ ကင်းစင်ခြင်း စသည်တို့သည် ပညာရေး အဆင့်အတန်းကောင်း၊ ပုံရိပ်ကောင်းများ ဖြစ်ပါသည်။

မည်သို့ပင်ဆိုစေ၊ စာရေးသူတို့ တက္ကသိုလ်ဝင်တန်း ကျောင်းသားဘ၀က၊ ပြောလေ့ရှိခဲ့သော စကားတစ် ခွန်းမှာ “၁၀ တန်းအောင်တဲ့နေ့ အပျော်ဆုံးနေ့” ကား ဇွန်လ (၁၁) ရက်နေ့တွင် ရောက်ရှိလာတော့မည် ဖြစ်သည်။

စာမေးပွဲအောင်သူများ ပျော်ကြမည်။ မိဘ၊ ဆရာများလည်း ပျော်ရွှင်ကြမည်။ မျှော်မှန်းထားသည့် ဂုဏ်ထူး များ၊ ရသူများအတိုင်းမသိ၊ ၀မ်းသာပီတိ ဖြစ်ကြလိမ့်မည်။ အောင်မြင်သူများ အနာဂတ် ပညာရေးခရီးကို ဆက်လက်ချီတက်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြရမည်။

ကံမကောင်း၊ အကြောင်းမလှ၍ စာမေးပွဲကျရှုံးခဲ့သူများ ၀မ်းနည်းပူဆွေး၍၊ စိတ်ဓာတ်ကျ၍၊ ပညာရေးကို ကျောမခိုင်းသင့်ကြပါ။ စာမေးပွဲကျရှုံးခြင်းသည် မိမိဘ၀တွင် တဒင်္ဂဆုံးရှုံးခြင်းသာ ဖြစ်သည်။ လောကတွင် “မမှားသောရှေ့နေ၊ မသေသော၊ ဆေးသမား” ဟူ၍ လုံးဝမရှိပါ။ “ပျက်အစဉ်၊ ပြင်ခဏ” ဖြစ်သည်။ စာမေး ပွဲ ကျရှုံးရခြင်း၏ အကြောင်းရင်းဇစ်မြစ်ကို မိမိအနေဖြင့် ရှာဖွေမည်။ မိမိ၏ လေ့လာအားထုတ်မှုနှင့် ပတ် သက်၍ အားနည်းချက်များကို ဆန်းစစ်မည်။ သင်ခန်းစာ ယူမည်။ ထို့နောက်မိမိဘ၀အတွက် အကောင်း
ဆုံး မိတ်ဆွေစစ်များဖြစ်သည့် ဇွဲ၊ လုံ့လ၊ ၀ီရိယ တို့ကို အစွမ်းကုန် အသုံးချမည် ဆိုပါက အနာဂတ် ပညာ ရေး ခရီးတွင် အောင်မြင်မှု သရဖူကို အမှန်တကယ် ဆွတ်ခူးနိုင်မည်ဖြစ်ပါကြောင်း အကြံပြုတိုက်တွန်းလိုက် ပါသည်။

ဂျက်ဖရီတင်အုန်း( R.I.T ရန်ကုန်စက်မှု့တက္ကသိုလ်)

Leave a Reply