6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၁၇၊ ၂၀၁၆
M-Media

– အမေရိကန်မွတ်စလင် ဓားသိုင်း အားကစားမယ်တစ်ဦးဖြစ်သူ အစ်ဘ်သီဟဂ်ျ မိုဟာမက်က သူမအနေဖြင့် တစ်နေ့လျှင် ၇ နာရီအထိ လေ့ကျင့်မှုပြုလုပ်သည်ဟု ဖွင့်ဟခဲ့သည်။ ယခုကဲ့သို့ ရမ်ဇာန်ဥပုသ်လတွင်တော့ နေထွက်ချိန်မှ နေဝင်ချိန်အထိ အစာမစား၊ ရေမသောက်ဘဲ ပြုလုပ်သည့် ထို ၇ နာရီက ခက်ခဲပင်ပန်းသည့် လေ့ကျင့်မှုမျိုး ဖြစ်လေသည်။

“ကျွန်မအတွက်တော့ ကျွန်မရဲ့ ဘာသာတရားက ပထမဆုံးနဲ့ အဓိကဦးစားပေးဆုံး အရာပါပဲ။ ဒါကြောင့် ကျွန်မ ဥပုသ်စောင့်ပြီး လေ့ကျင့်ပါ့မလားဆိုတာ မေးစရာကို မလိုပါဘူး။ ကျွန်မ ဒီအဆင့်ကို ရောက်လာတဲ့ တစ်လျှောက်လုံး ဥပုသ်လမှာ ဥပုသ်စောင့်ပြီးလေ့ကျင့်ခဲ့တာပါပဲ။ ဒီနှစ်အတွက် တစ်ခုတည်းသော ထူးခြားမှုကတော့ ကျွန်မဟာ အိုလံပစ်ပြိုင်ပွဲအတွက် လေ့ကျင့်နေရတာပါ” ဟု အစ်ဘ်သီဟဂ်ျက ပြောကြားခဲ့သည်။

နယူးဂျာစီ ဇာတိဖြစ်သော သူမမှာ ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးတွင် မကြာမီကျင်းပတော့မည့် အိုလံပစ်ပြိုင်ပွဲသို့ အမေရိကန်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ထိုပြိုင်ပွဲတွင် ဟိဂျဘ်ပုဝါနှင့် ၀င်ရောက်ယှဉ်ပြိုင်မည့် ပထမဆုံး အမေရိကန် အားကစားသမားဆိုသည့် သမိုင်းသစ်တစ်ခုကိုလည်း ရေးထိုးနိုင်မည်ဖြစ်သည်။

ပုံမှန်နေ့များတွင် သူမ၏ လေ့ကျင့်မှုကို ၂ ချိန်ခွဲထားပြီး မနက် ၈ နာရီ ခွဲမှ ၁၀ နာရီခွဲအထိ တစ်ကြိမ်၊ ညနေ ၄ နာရီမှ ည ၉ နာရီထိ တစ်ကြိမ်ဖြစ်သည်။ ရမ်ဇာန်ဥပုသ်လတွင်တော့ ထိုလေ့ကျင်ချိန်မှာ အနည်းငယ်အပြောင်းအလဲရှိသည်ဟု သူမက ပြောကြားခဲ့သည်။

အစ်ဘ်သီဟဂ်ျမှာ မနက် အာရုဏ်တက်ဝတ်ပြုမှုနှင့် စဲဟ်ရီဥပုသ်ထမင်း စားသောက်ရန်အတွက် အာရုံမတက်ခင်အချိန်တွင် ထလေ့ရှိပြီး မနက်ပိုင်း ၆ နာရီ ၄၅ မှ ၈ နာရီအထိ လေ့ကျင့်ချိန်တွင် အားအင်အပြည့်ဆုံးဟု သူမက ပြောကြားခဲ့သည်။ နေ့လည်ခင်း ကိုယ်လက်လေ့ကျင်ခန်းကိုတော့ ၁ နာရီ သို့မဟုတ် ၂ နာရီခန့်တွင် စတင်လေ့ရှိပြီး ဥပုသ်ဖြေချိန်အထိ ဆက်သွားလေသည်။

im 3

ယခုကဲ့သို့ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားဖြစ်လာသည်အထိ အားကစားသမားဘ၀ တစ်လျှောက်လုံးတွင် ဥပုသ်သီလဆောက်တည်ခြင်းနှင့် လေ့ကျင့်ခြင်းတို့တွင် မည်သည့်အခက်မခဲမှမရှိဘဲ ပုံမှန်အတိုင်းပင်ဖြစ်သည်ဟု သူမကဆိုသည်။ ခန္ဓာကိုယ်၏ တောင့်ခံနိုင်စွမ်းကို သူမက သိရှိထားပြီး ထိုကန့်သတ်ချက် မကျော်လွန်အောင်လည်း ဂရုစိုက်လေသည်။

“ဥပုသ်စောင့်နေတဲ့အချိန်မှာ ကျွန်မကိုယ်ကျွန်မ ဘယ်လောက် ကိုင်တွယ်ထိန်းကျောင်းနိုင်မလဲဆိုတာကို သိရှိနေတယ်လို့ ကျွန်မ ခံစားရပါတယ်” ဟု အစ်ဘ်သီဟဂ်ျက ပြောကြားခဲ့သည်။

မည်သည့်အချိန်တွင် အင်အားသုံးရပြီး မည်သည့်အချိန်တွင် လျှော့ရမည်ဆိုသည်ကို သိရှိနေခြင်းမှာ ခန္ဓာကိုယ် ဟန်ချက်ညီစေသည့် အပြုအမူမျိုးဖြစ်ပြီး၊ တစ်နေ့တာလုံး အားအင်ပြည့်ဝစေရန် မည်သည့်အစားအသောက်ကို စားရမည်ဆိုသည်ကိုလည်း သူမ ချိန်ညှိဆောင်ရွက်လေသည်။

အသက် ၃၀ အရွယ်ရှိပြီဖြစ်သည့် အစ်ဘ်သီဟဂ်ျက သူမမှာ ပုံမှန်အားဖြင့် အစားနည်းသော်လည်း ရမ်ဇာန်ဥပုသ်လတွင် ခန္ဓာကိုယ်၌ လိုအပ်သည့် စွမ်းအင် အလုံအလောက်ရရှိရန်နှင့် ကြွက်သားများသန်မာစေရန်အတွက် အသားများများစားလေ့ရှိသည်ဟု ဆိုသည်။

ပုံမှန်မနက်ပိုင်းမျာတွင် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ super food ဟုခေါ်သည့် chia နှင့် flaxseed တို့ကဲ့သို့ အစေ့များကို သူမက ဖျော်ရည်လုပ်သောက်ပြီး တစ်နေ့တာ လေ့ကျင့်မှုအတွက် လိုအပ်သော အာဟာရများကို ရယူလေ့ရှိသည်။

အားကစားသမားအများစုမှာ မောပမ်းမှုနှင့် ကြွက်တက်ခြင်းပြဿနာများကို ကာကွယ်ရန် ရေများများသောက်ရသောကြောင့် ရမ်ဇာန်ဥပုသ်လတွင် အစ်ဘ်သီဟဂ်ျတစ်ယောက် ရေဓာတ်ခန်းခြောက်မှုနှင့် ရင်ဆိုင်ရလေသည်။ သူမကတော့ မနက် ဥပုသ်ထမင်းစားချိန်တွင် ရေများများသောက်မည့်အစား ဖရဲသီးကဲ့သို့ ရေဓာတ်များများပါဝင်သည့် အစားအစာများကို စားခြင်းခြင့် ထိုပြသနာကို ဖြေရှင်းလေသည်။

“အရင်က ရမ်ဇာန်ဥပုသ်လအတွင်းမှာ ကျွန်မဟာ ကြွက်သားဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ အဲဒါက ရမ်ဇာန်လ ကျွန်မ လေ့ကျင်တဲ့အချိန်တိုင်းမှာ အကြီးဆုံးပြဿနာအဖြစ် စိုးရိမ်မိခဲ့တဲ့ ကိစ္စပါပဲ”

အစားအသောက် စားသောက်မှုကို ရှောင်ကျဉ်ခြင်းအပြင် ရမ်ဇာန်ဥပုသ်လတွင် ၀တ်ပြုဆုတောင်းခြင်း၊ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်ခြင်း၊ လူစုလူဝေးဖြင့် အထူးဝတ်ပြုမှုနှင့် ဥပုသ်ထွက်စားသောက်မှုတို့တွင် ပါဝင်ရခြင်း စသည့် ကိစ္စရပ်များကိုလည်း ပြုလုပ်ရသည်။

ဗလီဝတ်ကျောင်းတော်တွင် ဉဥ့်ဦးပိုင်းအထူးဝတ်ပြုမှုက ည ၁၁ နာရီခွဲ သို့မဟုတ် ၁၂ နာရီအထိ ကြာတတ်သည်။ အစ်ဘ်သီဟဂ်ျကတော့ တစ်နေ့တာလုံး လှုပ်ရှားထားမှုကြောင့် နွမ်းနယ်နေပြီး နောက်နေ့မနက်အစောတွင် ပြန်ထရမည်ကို သိသော်လည်း ထိုဝတ်ပြုမှုကို ဆုံးခန်းတိုင်အောင် ပါဝင်ခြင်းမှာ သူမအတွက် အရေးကြီးသည်ဟု ပြောကြားခဲ့သည်။

“ရမ်ဇာန်ဥပုသ်လရောက်မှသာ ဒီဝတ်ပြုမှုကို ဆောက်တည်ဖို့ အခွင့်အရေးရတာပါ။ တစ်ချို့နေ့တွေမှာ ကျွန်မဟာ ရေကုန်ရေခန်း လေ့ကျင်ထားတာကြောင့် ခက်တော့ ခက်ခဲတာပေါ့လေ။ ဒါပေမယ့်လည်း ဒီတိုတောင်းလှတဲ့ ရက် ၃၀ အတွင်းမှာ ကျွန်မကတော့ နေ့တိုင်း ဒီဝတ်ပြုမှုကို တစ်ရက်မှ မလွတ်ချင်ပါဘူး”

မွတ်စလင်မဟုတ်သည့် အိုလံပစ်အားကစားသမားများ စဉ်းပင်မစဉ်းစားလောက်သည့် စိန်ခေါ်မှုများကို ရမ်ဇာန်ဥပုသ်လတွင် မွတ်စလင်ကစားသမားများက ကြုံတွေ့ရလေ့ရှိသည်။ သို့သော်လည်း အစ်ဘ်သီဟဂ်ျကတော့ သူမ လုပ်ဆောင်ရမည့်ကိစ္စများကို အစီအစဉ်ချထားပြီး၊ သာမန်အချိန်ထက်ပို၍ ကွဲပြားခြားနားမှုမရှိအောင် ပြုလုပ်ထားလေသည်။

“ဥပုသ်စောင့်တယ်ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ပြီးတော့ ဒါဟာ လွယ်ကူဖို့ ရည်ရွယ်ထားတဲ့ ကိစ္စမျိုးလည်း မဟုတ်ပါဘူး။ ကျွန်မကတော့ ကျွန်မရဲ့ရုန်းကန်ရမှုကို အခြားလူတွေနဲ့ ခြားနားတယ်လို့ မတွေးထားပါဘူး။ နေ့စဉ် စားစရာသောက်စရာမရသူတွေ ဒုနဲ့ဒေး ရှိနေပါတယ်။ ဒါပေမယ့် ကျွန်မက နေ၀င်သွားရင် စားလို့သောက်လို့ ရနိုင်သေးတယ်လေ။ ဒီအခြေအနေအတွက် အများကြီး ရောင့်ရဲကျေနပ်မိပါတယ်” ဟု အစ်ဘ်သီဟဂ်ျ မိုဟာမက်က နိဂုံးချုပ် ပြောကြားခဲ့လေသည်။

im 4

Ref: Huffingtonpost

(Huffingtonpost မှ What It’s Like To Train For The Olympics While Fasting For Ramadan ဆောင်းပါးကို လေး
မောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Leave a Reply