6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၂၀ ၊ ၂၀၁၆
M-Media
သတင်း- သူရိန်
13782194_1755742898014980_3879071277145352368_n
၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် မိထ္ထီလာမြို့မှ မွတ်စလင်မ် ကျောင်းသား/ကျောင်းသူများ အတွက် ဂုဏ်ပြုပွဲ တစ်ရပ်ကို ဇူလိုင်လ ၁၉ရက်နေ့က ကျင်းပခဲ့ပါတယ်။

ဂုဏ်ပြုဆု ချီးမြှင့်ရခြင်းနှင့် ပတ်သက်၍ ပွဲစီစဉ်သူ ဦးမင်းအောင်က ” မိတ္ထီလာမြို့မှာ နေတဲ့ ဂုဏ်ထူးရရှိတဲ့ ကလေးတွေကိုပဲ ဒီကနေစုပြီးပေးလိုက်တယ်။ စာရင်းရရှိတာတော့ ၄၃ဦး။ ဆုပေးတဲ့နေရာမှာ တစ်ယောက်ကို သုံးသောင်းနှုန်းပေးပြီး ဆုချီးမြှင့်လိုက်ပါတယ်။ ဂုဏ်ထူးရတဲ့ သူရော ရိုးရိုးအောင်တဲ့သူရော အားလုံးကိုလည်း တပြေးညီပဲပေးလိုက်ပါတယ်” ဟု M-Media သို့ပြောကြားပါတယ်။

ဂုဏ်ပြုချီးမြှင့်ခံရသူများတွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းကိုအောင်မြင်ခဲ့ကြသော မိတ္ထီလာမြို့နယ်မှ ငါးဘာသာဂုဏ်ထူးရှင် ၂ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၅ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၂ဦး ၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၁ဦး နှင့်  ရိုးရိုးအောင်မြင်သူများ ပါဝင်ကြောင်း သိရပါတယ်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ၏ ဂုဏ်ပြုပွဲအခမ်းအနားကို ၆၉နှစ်မြောက် အာဇာနည်နေ့ ဂါရဝပြဲ အခမ်းအနားနှင့် တွဲ၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဆက်လက်၍လည်း မိတ္ထီလာမြို့နယ် ကိုယ်စားပြု သဘောဆောင်သော ပညာရေး ကွန်ယက် တစ်ခုကို ပညာသင်အရွယ် ကလေးများဖြင့် စုစည်း ဖွဲ့စည်းကာ ပညာရေး ကဏ္ဍတိုးတက်အောင် ဆောင်ရွက်ရန်လည်း ရှိကြောင်း သိရပါတယ်။

Leave a Reply