6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

1990 ခုနှစ်နှောင်းပိုင်းဆီက အဲရစ်ပရင့်စ်သည်ဘိုးဘွားအမွေနှစ်ကြွယ်ဝသမျှ ဓနငွေဖြင့်ဗာဂျီနီးယားပြည်နယ်အစပ် ကာရိုလိုင်းနာပြည်နယ်မြောက်ပိုင်းမြေနိမ့် ရေ၀ပ်လွင်ပြင်ကျယ်ဧက 6000 ခန့်ကိုဝယ်ယူ၍ ပုဂ္ဂလိကကိုယ်ခံပညာ သင်တန်းကျောင်းတစ်ခု တည်ထောင်လိုက်ပြီးစိမ့်စမ်းမြေအရောင်အတိုင်း Black Water ဟုအမည်ပေးခဲ့သည်။ အမေရိကန် Black Water ကုမ္ပဏီကို 1997 နှစ်တွင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး စစ်ရေးနှင့်ဥပဒေပိုင်းဆိုင်ရာအဖွဲ့အစည်းများအား သင်တန်းများပို့ချပေးရတတ်သည်။
2002 ခုနှစ်တွင် Black Water လုံခြုံရေးကောင်စီ BSC ကိုဖွဲ့စည်းခဲ့သည်။ အမေရိကန်ကအာဖဂန်နစ္စတန်အား ကျုးကျော်စစ်ဆင်နွဲစဉ်က Black Water ပုဂ္ဂလိကလုံခြုံရေးတပ်ဖွဲ့ဝင်များစွာလည်း ကန်ထရိုက်စနစ်ဖြင့် ၀င်ရောက်တိုက်ခိုက်ခဲ့ရဖူးသည်။ အီရတ်စစ်ပွဲ၌အရာရှိများအားစောင့်ရှောက်ရန် ဆောက်လုပ်ရေးလုပ်ငန်းများကို ကာကွယ်ထိန်သိမ်းရန်၊ အီရတ်ရဲနှင့်စစ်တပ်ဖွဲ့အသစ်အားလေ့ကျင့်သင်ကြားပေးရန်၊ တပ်ဖွဲ့ဝင်များသိမ်းပိုက်ထားသော နယ်မြေများကိုစောင့်ကြပ်ကြည့်ရှုရန် အတွက်၎င်း Black Water လုံခြုံရေးကောင်စီ BSC ကိုငှားရမ်းအသုံးပြုခဲ့ကြသည်။ ၄င်းကုမ္ပဏီသည်အမေရိကန်အစိုးရက စာချုပ်ဖြင့်ပုတ်ပြတ်ငှားရမ်းခဲ့ခြင်းအတွက် အမေရိကန်ဒေါ်လာ 1 ဘီလီယံ အထိပင်အခကြေးငွေ ရရှိခဲ့သည်။
Black Water စတင်တည်ထောင်သူ အဲရစ်ပရင့်စ်သည် အမေရိကန်ရေကြောင်းတက္ကသိုလ်ဟီးလ်ဒေးလ်မှ ဘွဲ့ရရေတပ်အရာရှိ
ဟောင်းတစ်ဦးဖြစ်သည်။ ရီပတ်ဘလီကန်ပါတီအား ရန်ပုံငွေအပြည့်အ၀ ထောက်ပံ့လှူဒါန်းခဲ့သူလည်း ဖြစ်သည်။ BSC ဒုတိယဥက္ကဋ္ဌ ဂယ်ရီဂျက်ဆန်လည်း ရေတပ်အရာရှိဟောင်းဖြစ်ပြီး ဗဟိုထောက်လှမ်းရေးအဖွဲ့ CIA လက်အောက်ခံ အကြမ်းဖက်ဆန့်ကျင်တိုက်ခိုက်ရေးဋ္ဌာန CTC ညွှန်ကြားရေးမှူး ဖြစ်ခဲ့သည်။
မြောက်ကာရိုလိုင်းနားရှိ Black Water အဖွဲ့သည် မြေဧက 7000 ခန့်တွင်ပဏာမလေ့ကျင့်သင်ကြားမှုများအဖြစ် အခန်းတွင်းတိုက်ပွဲနှင့် ကွင်းပြင်ကျယ်တိုက်ပွဲ အနေအထားအတုများ၊ မြို့တွင်းတိုက်ပွဲအနေအထားအတုများ ဖန်တီးပေးခြင်းသာမက ကမ်ဒင်နှင့် ကာရီတပ်ခရိုင်များသို့တိုင် စစ်ချီတက်လေ့ကျင့်စေခဲ့သည်။ အီလီနွိုက်ပြည်နယ် မောင့်ကာရိုးလ်ဒေသရှိ ချီကာဂိုမြို့အနောက်ပိုင်း မိုင် 150 အကွာတွင်လည်း Black Water (မြောက်)အဖွဲ့အစည်းအဖြစ် 2006 ခုနှစ် နိုဝင်ဘာလက ဧက 80 ကျယ်မြေကွက်တွင်လည်း သင်တန်းအသစ်ဖွင့်လှစ်ခဲ့ကြသေးသည်။ ကာလီဖိုးနီးယားပြည်နယ် ဆန်ဒီယာဂိုခရိုင် အရှေ့ပိုင်းခရီးကြမ်း ဒေသတွင် ပိုထရေရိုမြို့မြောက်ဘက် 3 မိုင်ခန့်အကွာရှိ မြေဧက 824 တွင်လည်း Black Water ကသင်တန်းကျောင်းအသစ်ထပ်မံဖွင့်လှစ်ရန် စီစဉ်လျက်ရှိနေသေးသည်။

Black Water သည်အီရတ်စစ်ပွဲတွင် အမေရိကန်ပြည်ထောင်စုအတွက် ကန်ထရိုက်စနစ်ဖြင့် အရေးပါသောကဏ္ဌမှပါဝင်ခဲ့သည်။ 2003 ခုနှစ်ကမဟာမိတ်အာဏာပိုင်အဖွဲ့ ယာယီအကြီးအကဲ အလ်ပေါလ်ဘရေမာအား စောင့်ရှောက်ရန်အတွက် ဒေါ်လာ 21 သန်းရရှိခဲ့ပြီး 2004 ခုနှစ်တွင် ရှေ့တန်းစစ်နယ်မြေရှိ အမေရိကန်နှင့်နိုင်ငံခြားအရာရှိကြီးများအား ကာကွယ်စောင့်ရှောက်ရန် 5 နှစ်တာစာချုပ်အတွက် ဒေါ်လာသန်း 320 မှ 1 ဘီလီယံထိလက်ခံရရှိခဲ့သည်။ အီရတ်စစ်နယ်မြေတွင် လုံခြုံရေးအတွက် ပုတ်ပြတ်စနစ်ဖြင့်ငှားရမ်းထားသူ 2 သောင်းမှ 3 သောင်းအထိ ရှိသည်ဟုဆိုသည်။ ၄င်းအဖွဲ့တွင် ဘော့စနီးယား၊ ဖိလစ်ပိုင်၊ ချီလီ လူမျိုးများပါဝင်ကြပြီး လေဆိပ်လုံခြုံရေးမှအစ ထောက်ပံ့ရေးတပ်မှူး ပေါလ်ဘရေမာအထိ ကာကွယ်စောင့်ရှောက်ပေးရသည်။

2005 ခုနှစ်မှ 2007 ခုနှစ် စက်တင်ဘာလအထိ ၄င်းလုံခြုံရေးဝန်ထမ်းတို့သည် ပစ်ခတ်မှု 195 ခုဖြစ်ပွားခဲ့ရာ 163 မှုသည် ၄င်းတို့ကစတင်ပစ်ခတ်ခဲ့သည်။ တပ်ဖွဲ့ဝင် 25 ဦးသည် မူးယစ်ဆေးဝါးနှင့် အရက်သေစာ သောက်စားရမ်းကားခဲ့ကြသည် ဟုဆိုသည်။ 2004 ခုနှစ် မတ်လ 31 ရက်နေ့က ဖော်လူဂျာရှိ အီရတ် ခုခံရေးသမားများက အမေရိကန်Black Water လုံခြုံရေးယာဉ်တန်းကို လက်နက်ငယ် လက်ပစ်ဗုံးများဖြင့် ချောင်းမြောင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ကိုင်လုံခြုံရေး 4 ဦးဧ။် အလောင်းများကို တံတားတွင်ချိတ်ဆွဲ ပြခဲ့ကြသည်။ 2004 ခု ဧပြီလဆန်းပိုင်းတွင် အလ်အဂျစ်ဖ်စခန်းကို တိုက်ခိုက်ရေးသမား 400 ခန့်က လာရောက်ဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်ခဲ့ရာတွင် Black Water အဖွဲ့ငယ်နှင့် အမေရိကန်ရေတပ်သားအချို့က ကာကွယ်ပေးခဲ့ရသည်။ တပ်ကူအင်အားပြတ်တောက်သွားခဲ့ရာမှ မိုင် 70 အကွာရှိ Black Water တပ်ဖွဲ့ဝင်များက ရဟတ်ယာဉ်များဖြင့် လာရောက်ကူညီပေးခဲ့ရသည်။ 2005 ခုဧပြီလက Back Water တပ်ဖွဲ့ပိုင် MI-8 ရဟတ်ယာဉ်ပစ်ချခံ ခဲ့ရရာ တပ်ဖွဲ့ဝင် 6 ဦးသေဆုံးခဲ့ရသည်။

2006 ခု ခရစ်စမတ်ညချမ်းက အီရတ်ဒုတိယသမ္မတ ဒေအသ်လ်အဗ်ဗဒွလ်မေဒီဧ။် လုံခြုံရေးအစောင့်တစ်ဦးသည် ၀န်ကြီးချုပ်ရုံးဝင်းအပြင်ဘက်တွင် ကင်းစောင့်နေစဉ်ပစ်သတ်ခံလိုက် ရရာ Black Water အဖွဲ့ဝင်တစ်ဦးက မူးယစ်ရမ်းကားပစ်ခတ်ခဲ့သည်ဟု စွပ်စွဲပြစ်တင်ခံခဲ့ရသည်။ 2007 ခုမေလက ဘဂ္ဂဒက်လမ်းမများပေါ်တွင် Black Water အဖွဲ့ကအသားလွတ်ပစ်ခတ်မှု 2 ကြိမ်ပြုလုပ်ခဲ့သည်။ ၄င်းတို့ယာဉ်တန်းအနီးသို့ နီးကပ်စွာတိုးဝင်လာသောအရပ်သားများကို ဟန့်တားရင်းတစ်ဦးကို အသေပစ်သတ်ခဲ့သည် ဟုဆိုသည်။ 2007 ခုနှစ်စက်တင်ဘာလ 16 ရက်နေ့က ဘဂ္ဂဒက်နီဆာဝါရင်ပြင်တွင်လည်း ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အီရတ်အရပ်သား 17 ဦးသေဆုံးခဲ့ရသည်။ ထိုစဉ် Black Water ရဟတ်ယာဉ်နှစ်စီးကလည်း ဝေဟင်တွင်ပျံဝဲရင်း ကူညီပစ်ခတ်ပေးသည် ဟုဆိုသည်။ စုံစမ်းစစ်ဆေးမှုအရ ပစ်ခတ်မှု 14 ခုတွင် အသားလွတ်ပစ်ခတ်ခဲ့ကြသည် ဟုဆိုသည်။

2007 ခု အောက်တိုဘာလ 2 ရက်နေ့တွင် အီရတ်နှင့်အာဖဂန်နစ္စတန်ရှိ Black Water အဖွဲ့ဧ။်အငြင်းပွားဖွယ်ရာ လုပ်ရပ်များနှင့်ပတ်သက်၍ ပိုင်ရှင်အဲရစ်ပရင့်စ်အပေါ် ကွန်ဂရက်ကကြားနာစစ်ဆေးခဲ့သည်။ Black Water အဖွဲ့ဝင်တစ်ဦးအား ငှားရမ်းခတစ်ရက်လျှင် 1222 ဒေါ်လာကျပြီး ပစ္စည်းကိရိယာများအတွက် တစ်နှစ်လျင်ဒေါ်လာ 445000 ကျသင့်သဖြင့် အမေရိကန်စစ်သားတစ်ဦးအပေါ်ကျသင့်ငွေထက် 6 ဆမျှများနေကြောင်းစစ်ဆေးတွေ့ရှိခဲ့ရသည်။

2007 ခုနှစ်အောက်တိုဘာလ 5 ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက အစိုးရ လုံခြုံရေး အဖွဲ့ ၀င်တို့သည် ဘဂ္ဂဒက်ဝန်းကျင်တွင် Black Water အဖွဲ့နှင့်ပူးပေါင်း ဆောင်ရွက်ရမည်။ Black Water အဖွဲ့ပိုင်ယာဉ်များတွင် ထောက်လှမ်းရေး ကင်မရာများ တပ်ဆင် စောင့်ကြည့်ပေးရမည်။ ရေဒီယိုအသံလွှင့်ဖမ်းစက်များ တပ်ဆင်ပေးထားပြီး ပြောစကားများကို မှတ်တမ်းတင် ပေးထားရမည်ဟု စည်းမျဉ်းအသစ်များ သတ်မှတ်ပေးခဲ့ရသည်။ 2007 ခု စက်တင်ဘာလ 23 ရက်နေ့က အီရတ်အစိုးရသည် Black Water အဖွဲ့အား ရာဇ၀တ်မှုကျုးလွန်မှုအဖြစ် ၄င်းတို့အဆင်ခြင်မဲ့ပစ်ခတ်မှုများကို ရုံးတင်တရားစွဲဆိုရန် မျှော်လင့်ထားခဲ့သည်။ အီရတ်အစိုးရက နိုင်ငံအတွင်းရှိ နိုင်ငံခြားလက်နက်ကိုင် ကန်ထရိုက်တပ်ဖွဲ့များ၏ လုပ်ပိုင်ခွင့်များပြန်လည် ရုပ်သိမ်းသည့်ဥပဒေကို အတည်ပြုလိုက်သည်။ အမေရိကန်တရားရုံးကလည်း Black Water အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများသည် တရားမ၀င်ကြောင်း ပြောကြားခဲ့သည်။

2007 ခု စက်တင်ဘာလ 22 ရက်နေ့က အမေရိကန်အစိုးရ တရားရုံးချုပ်ရှေ့နေများက Black Water အဖွဲ့သည် အီရတ်နိုင်ငံအတွင်းသို့ လက်နက်များမှောင်ခိုသွင်းယူခဲ့ကြောင်း နောင်အခါတွင် PKK ပါတီ သို့လက်လွှဲရောက်ရှိဖွယ်ရှိကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ FBI ကလည်းအသေးစိပ်စုံစမ်းစစ်ဆေးခဲ့သည်။ 2008 ခု ဇန်န၀ါရီလတွင် မြောက်ကာရိုလိုင်းနားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် မာရှယ်အက်ဒိမ်းကလည်း ၄င်းအဖွဲ့၏ပြစ်မှုများကို ဖိုရမ်တွင်တင်ပြလျှက် ဖျက်သိမ်းရန်တောင်းဆိုခဲ့သည်။

သို့သော် အမေရိကန်အစိုးရသည် Black Water အဖွဲ့အားထိရောက်စွာ အရေးယူခဲ့ခြင်းမရှိချေ။ နောက်ပိုင်းတွင် Black Water အဖွဲ့သည် အဖွဲ့၏နာမည်ကို Xe ဟုပြောင်းလဲခဲ့ပြီး ၄င်းတို့၏လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ 2009 ခုနှစ် ဒီဇင်ဘာလက အာဖဂန်နစ္စတန်နိုင်ငံ ခို့စ်ပြည်နယ်ရှိ CIA ဋ္ဌာနချုပ်အား တာလီဘန်အဖွဲ့ဝင်တစ်ဦးက အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ရာ CIA အေးဂျင့် 5 ဦးနှင့်အတူ Black Water အေးဂျင့် 2 ဦး သေဆုံးခဲ့သည်။ ပြီးခဲ့သောရက်ပိုင်းအတွင်းက အာဖဂန်နစ္စတန်နိုင်ငံ သမ္မတဟာမစ်ကာဇိုင်းက Black Water အဖွဲ့ဝင်များသည် နိုင်ငံအတွင်း၌ အကြမ်းဖက်တိုက်ခိုက်မှုများကို လျှို့ဝှက်စွာ ကျုးလွန်နေကြောင်းပြောကြားခဲ့သည်။ Black Water အဖွဲ့သည် CIA နှင့်ပူးတွဲ၍ အစ္စလာမ်နိုင်ငံများတွင် လျှို့ဝှက်၍ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့်သတင်းကို MMSY News တွင်လည်း ဖော်ပြထားရာ အောက်ပါ link မှတစ်ဆင့် သွားရောက်ဖတ်ရှုနိုင်ပါသည်။

http://news.mmsy.info/news/272

Leave a Reply