5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၈၊ ၂၀၁၆
M-Media

paki 2

– ပါကစ္စတန်နိုင်ငံ ဘာလိုချစ္စတန်ပြည်နယ် ကွေတာမြို့ရှိ ဆေးရုံ၌ ရှေ့နေတစ်ဦး၏ ဈာပနအခမ်းအနား ကျင်းပနေစဉ် အသေခံဗုံးခွဲသမားတစ်ဦးက ဗုံးခွဲတိုက်ခိုက်ခဲ့သောကြောင့် အနည်းဆုံး လူ ၆၀ သေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယနေ့မနက်ပိုင်းက သေနတ်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည့် ဘာလိုချစ္စတန် ရှေ့နေများအသင်းမှ ဥက္ကဌဖြစ်သူ ဘီလာလ် အန်ဝါရ် ကာစီ၏ ဈာပနအခမ်းအနားဖြစ်ပြီး ဆေးရုံ၏ အရေးပေါ်ဌာနတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ရှေ့နေများ၊ ဂျာနယ်လစ်များအပါအ၀င် လူပေါင်း ရာချီတက်ရောက်ခဲ့ကြသည်။

တိုက်ခိုက်မှုမှာ အရေးပေါ်ဌာန၏ အ၀င်အ၀တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများတွင် ဂျာနယ်လစ် ၂ ဦး ပါဝင်ခဲ့ကာ ကျန်ဂျာနယ်လစ်များမှာလည်း ဒဏ်ရာများရရှိခဲ့ကြသည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

ကာစီအသတ်ခံရမှုနှင့် ယခု အသေခံဗုံးခွဲတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်းမရှိသေးပေ။

အီရန်နှင့် အာဖဂန်နစ္စတန်တို့နှင့် နယ်နမိတ်ချင်း ထိစပ်သေနည့် ဘာလိုချစ္စတန်ပြည်နယ်မှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရင်းမြစ်များ ပေါကြွယ်ဝပြီး စွန်နီ၊ ရှီယိုက်နှင့် ခွဲထွက်ရေးသူပုန်များအကြား တိုက်ခိုက်မှုများ၊ အကြမ်းဖက်မှုများဖြစ်ရာ ဒေသဖြစ်သည်။

Ref: Aljazeera

Tags:

Leave a Reply