5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၁၈၊ ၂၀၁၆
M-Media

olympic

– သေနတ်ဖြင့်ချိန်ကာ ဓားပြတိုက်ခံခဲ့ရသည်ဆိုသော ကိစ္စနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းရန်အတွက် ဘရာဇီးလ်ရဲတပ်ဖွဲ့မှာ အမေရိကန် အိုလံပစ် ရေကူးကစားသမား ၂ ဦး၏ အိမ်ပြန်ခရီးစဉ်တွင် လေယာဉ်ပေါ်မှ ဆင်းခိုင်းကာ ထိန်းသိမ်းခဲ့သည်ဟု သိရသည်။

ဂျက် ကွန်ဂါနှင့် ဂန်နာ ဘန့်ဇ်တို့ဖြစ်ကြပြီး လက်နက်ကိုင်လုယက်မှု၏ သားကောင်များ ဖြစ်ခဲ့ရသည်ဟု ၎င်းတို့ကိုယ်တိုင် ပြောခဲ့ခြင်းဖြစ်သည်။ အမေရိကန် အိုလံပစ်ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ် ဆန်ဒက်စ်ကီကမူ ထိုကစားသမား ၂ ဦး စစ်ဆေးမေးမြန်းမှု ခံရသည်ဆိုသည့် သတင်းကို အတည်ပြုနိုင်သည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

၎င်းတို့ ၂ ဦးမှာ နာမည်ကြီး အမေရိကန် ရေကူးကစားသမား ရွိုင်ယန် လော့ခ်ျတေး၊ ဂျိမ်းစ် ဖီဂျင်တို့နှင့်အတူ တနင်္ဂနွေနေ့က သေနတ်ဖြင့်ချိန်ကာ ဓားပြတိုက်ခံခဲ့ရခြင်းဖြစ်ပြီး လော့ခ်ျတီကမူ လက်ရှိတွင် အမေရိကန်သို့ ရောက်ရှိနေပြီဟု ယူဆရသည်။ သို့သော်လည်း ဖီဂျင်မှာ ဘရာဇီးလ်တွင် ရှိနေလား၊ အမေရိကန်သို့ ပြန်ရောက်ပြီလားဆိုသည်ကို မသိရှိရသေးပေ။

ကွန်ဂါနှင့် ဘန့်ဇ်တို့ ၂ ဦးစလုံးကို ကြာသာပတေးနေ့ (ယနေ့) မနက်ပိုင်းတွင် ထိန်းသိမ်းထားရာမှ ပြန်လည်လွှတ်ပေးခဲ့သည်။ သို့သော်လည်း ၎င်းတို့၏ ရှေ့နေဖြစ်သူကမူ စုံစမ်းစစ်ဆေးမှု မပြီးမချင်း ၎င်းတို့ကို ဘရာဇီးလ် အာဏာပိုင်များက နိုင်ငံမှ ထွက်ခွာခွင့်မပြုဟု ပြောကြားခဲ့သည်။

Ref: Aljazeera

Leave a Reply