6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ၊ ၂၀ ၊ ၂၀၁၂

M-Media

Source: OnIslam

နယူးယောက်။ ။ ကုလသမ္မဂ္ဂအထွေအထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က အမေရိကန်နိုင်ငံမှရိုက်ကူးသော တမန်တော်မုဟမ္မဒ် (ဆွ) ကို အသရေဖျက်ထားသည့် ရုပ်ရှင်အား ရှုပ်ချလိုက်ပြီး ထိုကဲ့သို့ စော်ကားမှုသည် လွတ်လပ်စွာဖော်ပြမှုအခွင့်အရေးကို အလွဲသုံးစားပြုခြင်းသာဖြစ်သည်ဟု ပြောကြားလိုက်သည်။

“တဦးတစ်ယောက်အနေနဲ့ လွတ်လပ်စွာဖော်ပြမှုကို တလွဲသုံးတာမျိုး မဖြစ်သင့်ပါဘူး။ တစ်ချို့လူတွေက ဒီလိုလွတ်လပ်မှုကို အလွဲသုံးစားပြုကြပါတယ်။ ဘာသာအယူ ယုံကြည်သက်ဝင်မှုကို အသုံးချပြီး တခြားသူတွေကို ရန်စတာမျိုး၊ အရှက်တကွဲဖြစ်စေတာမျိုးတွေကို ဒီလိုနည်းလမ်းမျိုး (လွတ်လပ်စွာဖော်ပြမှုဆိုတာ)နဲ့ ကာကွယ်လို့မရပါဘူး။ ” ဟု Reuters သတင်းဌာနသို့ပြောကြားသည်။

တမန်တော် မုဟမ္မဒ် (ဆွ) အား အသရေဖျက်ထားသည့် “Innocence of Muslims” အမည်ရှိသည့်  ဗီဒီယိုကို အစ္စရေး-အမေရိကန် တစ်ဦးက ထုတ်လုပ်ခြင်းဖြစ်ပြီး YouTube တွင် ပြီးခဲ့သည် ဂျွန်လကတည်းက လွှင့်တင်ခဲ့လေသည်။ ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များက အဆိုပါ ဗီဒီယိုကို ကန့်ကွက်ခဲ့ကြပြီး ဆန္ဒပြပွဲများအတွင်း အနည်းဆုံး လူ ၁၀ ဦးခန့် သေဆုံးခဲ့သည်။

“လွတ်လပ်စွာဖော်ပြခွင့်ဆိုတာ အခြေခံ လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပေမယ့် လူတွေက ဒီလို သိက္ခာမဲ့တဲ့၊ ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်မျိုးတွေနဲ့ အလွဲသုံးစားမလုပ်သင့်ဘူးလို့ ကျွန်တော်ယူဆပါတယ်။” ဟု ဘန်ကီမွန်က ဆိုသည်။

ကန့်သတ်ချတ်ရှိ။

လွတ်လပ်စွာဖော်ပြမှုသည် လူ့အခွင့်အရေးတစ်ရပ်ဖြစ်သော်လည်း ကန့်သတ်ချက်ရှိသည်ဟု ဘန်ကဆိုသည်။

“အများနဲ့ဆိုင်တဲ့ တရားမျှတမှု၊ ရည်ရွယ်ချက်တွေအတွက် လွတ်လပ်စွာဖော်ပြခွင့်ကို သုံးတဲ့အခါ တာဝန်ယူတာ၊ အာမခံတာမျိုး ရှိသင့်၊ ရှိရပါမယ်။ တချို့လူတွေက အခြားသူတွေရဲ့ဂုဏ်သိက္ခာနဲ့ အယူဝါဒကို ရန်စဖို့၊ အရှက်ရစေဖို့ ဒီအခွင့်အရေးကို အသုံးချကြပါတယ်။ အဲဒီအခါ ဒီလိုနည်းလမ်းမျိုး(လွပ်လပ်စွာဖော်ပြခွင့်ဆိုတာမျိုး)နဲ့ ကာကွယ်လို့မရပါဘူး။” ဟု ပြောဆိုခဲ့ပြီး လူတစ်ချို့က ဘာသာတရားများအားစော်ကားရန် လွတ်လပ်စွာဖော်ပြမှုကို အသုံးချကြသည်ဟု ညည်းညူပြောဆိုသွားသည်။

“အခြားသူတွေရဲ့ ဂုဏ်သိက္ခာနဲ့ အယူဝါဒကို ရန်စနေတာမျိုးဟာ အင်မတန် ရှက်စရာကောင်းတဲ့၊ သိက္ခာမဲ့တဲ့လုပ်ရပ်မျိုးဖြစ်ပြီး ဒီလိုလုပ်ရပ်မျိုးတွေကို ရပ်တန့်ပစ်ရပါမယ်။ ကမ္ဘာတစ်ဝှမ်းလုံးက လူတွေအနေနဲ့ အခြားသူတွေ၊ အခြားလူ့အဖွဲ့အစည်းတွေရဲ့ ဂုဏ်သိက္ခာ၊ ယုံကြည်သက်ဝင်မှု၊ ရိုးရာဓလေ့ထုံးတမ်း၊ သမိုင်း စတာတွေကို လေးစားမှုပေးဖို့၊ နက်နက်ရှိုင်းရှိုင်းနားလည်ဖို့  သိပ်ကိုအရေးကြီးပါတယ်။ ” ဟု ဘန်ကီမွန်က ဆိုသည်။

ယခင်က ဖြစ်ပေါ်ခဲ့သည် ရုပ်ပြောင်ရေးဆွဲစော်ကားမှုများကို အစိုးရအရာရှိများ၊ တရားဟောဆရာများ၊ မွတ်စလင်များနှင့် ခရစ်ယာန်များက ဆန္ဒပြ ရှုတ်ချခဲ့ကြလေသည်။

ဤကဲ့သို့သော (လွတ်လပ်စွာထုတ်ဖော်ပြမှု) အခွင့်အရေးအား အသုံးချ၍ သည်းမခံနိုင်မှုနှင့် အမုန်းမီးတောက်ကို ကြီးထွားစေသည့် သူများအား အသိဉာဏ်မဲ့သူများဟု ကုလအတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့သည်။

ဝေဇင်

Source: http://www.onislam.net

Leave a Reply