6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၂၆၊ ၂၀၁၆
M-Media

lochte 2

– ယခုလအတွင်း ဘရာဇီးလ်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် အိုလံပစ်ပြိုင်ပွဲအတွင်း ဓားပြတိုက်ခံရသည်ဟု လိမ်လည်ခဲ့သည့် အမေရိကန်ရေကူးအကျော်အမော် ရိုင်ယန်လော့ခ်ျတေးကို ဘရာဇီးလ်ရဲတပ်ဖွဲ့က လိမ်လည်ထွက်ဆိုမှုဖြင့် တရားစွဲဆိုလိုက်သည်။

ယမန်နေ့က တရားစွဲဆိုလိုက်ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့၏ ကြေငြာချက်တွင် လော့ခ်ျတေးအား တရားရုံးမှ ဆင့်ခေါ်ရန်ပင် အကြံပြုခဲ့သည်။ အမေရိကန်အစိုးရကလည်း ထိုတရားစွဲဆိုမှုကို သိရှိသည်ဟု ပြောကြားခဲ့သည်။

လော့ခ်ျတေးက ၎င်းနှင့် အခြားရေးကူးကစားသမား ၃ ဦးမှာ ပြိုင်ပွဲအတွင်း ပါတီတစ်ခုမှ ညဘက် အိုလံပစ်ရွာသို့အပြန် ရဲတပ်ဖွဲ့တံဆိပ် တပ်ဆင်ထားသော လူတစ်ဦးက သေနတ်ဖြင့်ချိန်ကာ ၎င်းတို့အား ဓားပြတိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

သို့သော်လည်း ဘရာဇီးလ်ရဲတပ်ဖွဲကမူ ၎င်းမှာ လုပ်ကြံခဲ့ခြင်းသာဖြစ်ပြီး ဓာတ်ဆီဆိုင်ရှိ အိမ်သာကို ၎င်းတို့အဖွဲ့က ဖျက်ဆီးကန်ကျောက်သောကြောင့် လုံခြုံရေးအစောင့်များက ၎င်းတို့အား တားမြစ်ခဲ့ခြင်းဖြစ်သည်ဟု ဗီဒီယိုမှတ်တမ်းဖြင့် ပြန်လည်ဖြေရှင်းခဲ့သည်။

လော့ခ်ျတေးကိုယ်တိုင်ကလည်း နောက်ပိုင်းတွင် ၎င်းမှာ အရက်မူး၍ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ၀န်ခံခဲ့ပြီး ပြန်လည်တောင်းပန်ခဲ့သည်။ လက်ရှိဘရာဇီးလ်ရဲတပ်ဖွဲ့၏ တရားစွဲဆိုမှုကို ၎င်းကိုယ်တိုင် လာရောက်ရင်ဆိုင်မည်လားဆိုသည်ကို မသိရှိရသေးဘဲ ပြစ်မှုထင်ရှားကပါ အမြင့်ဆုံး ထောင်ဒဏ် ၁၈ လ ကျခံရဖွယ် ရှိနေသည်။

Ref : BBC

Leave a Reply