6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၅၊ ၂၀၁၆
M-Media

ra

Photo credit – Kumudra

– ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် ပြဿနာများအား ဖြေရှင်းရေးအတွက် အကြံဉာဏ်ကောင်းများ ပေးနိုင်ရန် ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်မှာ မိမိတို့အတွက် အထောက်အကူဖြစ်စေမည်ဖြစ်ပြီး၊ တိုင်းပြည်၏ အချုပ်အခြာနှင့် ပတ်သက်၍ မည်သည့် စိုးရိမ်စရာမှ မရှိဟု နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းနှင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မစ္စတာ ကိုဖီအန်နန် ဦးဆောင်သည့် ကော်မရှင်အဖွဲ့ဝင်များနှင့် ယနေ့မနက်ပိုင်းက တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ပြဿနများကို ကုစားရာတွင် ကော်မရှင်က အကူအညီဖြစ်စေမည်ဟုလည်း ဆိုသည်။

“ကော်မရှင်ဟာ ဒဏ်ရာတွေကို ကုစားရာမှာ ကျွန်မတို့အတွက် အကူအညီဖြစ်စေမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ ပြည်သူအားလုံးရဲ့ အခွင့်အရေးကို ပေးအပ်နိုင်တဲ့ တိုင်းပြည်မျိုး ကျွန်မတို့ လိုချင်ပါတယ်။ ကော်မရှင်ဟာ ရှေ့ဆက်ရမယ့် လမ်းကြောင်းတစ်ခုကို ညွှန်ပြပေးမယ်လို့ ကျွန်မတို့ ရှုမြင်ပါတယ်။ ပြည်သူတွေရဲ့လက်ထဲမှာ ခိုင်ခိုင်မြဲမြဲရှိနေတဲ့ အချုပ်အခြာအာဏာနဲ့ပတ်သက်ပြီး စိုးရိမ်စရာ ဘာမှမရှိဘူးလို့လည်း ကျွန်မ ထပ်ပြောပါရစေ” ဟု နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

အဆိုပါ အကြံပေးကော်မရှင်မှာ မနက်ဖြန်တွင် စစ်တွေသို့ သွားရောက်ရန်ရှိနေပြီး၊ ထိုမှတစ်ဆင့် ဒုက္ခသည်စခန်းများအား သွားရောက်ကြည့်ရှုမည်ဖြစ်သည်။

ကော်မရှင်မှာ ၎င်းတို့၏ တွေ့ရှိချက်များနှင့် ပြဿနာကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ဖြေရှင်းနိုင်ရေးအတွက် အကြံပြုချက်များကို ၂၀၁၇ ခုနှစ် နှစ်အလည်ပိုင်း နောက်ဆုံးထား၍ မြန်မာအစိုးရသို့ တင်သွင်းရမည်ဖြစ်သည်။

ကော်မရှင်ဥက္ကဌ ကိုဖီအန်နန်ကမူ မိမိတို့အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ သက်ဆိုင်သူများအားလုံး၏ အသံကို နားထောင်သွားမည်ဟု ပြောကြားခဲ့သည်။

“ပြည်နယ်အတွင်းက ပြည်သူတွေရဲ့ စိုးရိမ်မှုတွေ၊ မျှော်လင့်ချက်တွေ အပြည့်အ၀ပါဝင်တဲ့ အဆိုပြုချက်မျိုး ဖြစ်ပေါ်လာဖို့အတွက် ကျွန်တော်တို့ဟာ ရခိုင်ပြည်နယ်အတွင်းနဲ့ နိုင်ငံတော်အဆင့်မှာပါ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံဆွေးနွေးကာ အသံတွေကို နားထောင်သွားမှာပါ”

Ref: kofiannanfoundation

Leave a Reply