11 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၀၊ ၂၀၁၆
M-Media

kabul

အာဖဂန်နစ္စတန်၊ ကဘူးလ်မြို့တွင် ဂူလ်ဘွတ်ဒီးန် ဟိက်မတ်ယာ ဦးဆောင်သော ဟိဇ်ဘီအစ္စလာမီအုပ်စုနှင့် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးနေသည့် အရှ်ရဖ် ဂနီ

– ကဘူးလ်မြို့၏သားသတ်သမား ဂူလ်ဘွတ်ဒီးန် ဟိက်မတ်ယာနှင့် သဘောတူညီချက်ရယူလိုက်သော အာဖဂန်သမ္မတအဖို့ နိုင်ငံရေးအရ အသာစီးရသွားသော်လည်း ယင်းလုပ်ဆောင်ချက်က နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်ပေါ်လာစေနိုင်သည်။

ပြီးခဲ့သည့်သီတင်းပတ်က အာဖဂန်အစိုးရသည် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် စစ်ဘုရင် တဖြစ်လဲ ၀န်ကြီးချုပ်ဟောင်း ဂူလ်ဘွတ်ဒီးန် ဟိက်မတ်ယာနှင့် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးခဲ့ရာ မျှော်လင့်ချက်ရော စိုးရိမ်စရာပါ မြင့်တက်လာခဲ့သည်။ အဓိကရသောင်းကျန်းသူအုပ်စုတစ်စု၏ ခေါင်းဆောင်ဖြစ်သူမှ ပထမဆုံး လက်နက်ချရန် သဘောတူညီခြင်း၊ နိုင်ငံ့ဥပဒေအောက်၌ ခိုလှုံခြင်းနှင့် မြေပေါ်နိုင်ငံရေးလမ်းကြောင်းသို့ ၀င်ရောက်ခြင်းဖြစ်၍ အဆိုပါသဘောတူစာချုပ်သည် မျှော်လင့်ချက်ကို သယ်ဆောင်လာစေသည်။

သို့သော် ဟိက်မတ်ယာ၏ ဦးလှည့်ခြင်းက နိုင်ငံရေး၊ စစ်ရေးနှင့် လူမှုပြဿနာများအား ဒလဟော သွန်ချပေးလိုက်သလို ဖြစ်သွားနိုင်ပေသည်။ နိုင်ငံ့အနာဂတ်ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနိုင်၏။

“ကဘူးလ်မြို့မှသားသတ်သမား” ဟု အမည်တွင်သည့် ဟိက်မတ်ယာထံ၌ အငြင်းပွားဖွယ်သမိုင်းကြောင်း ရှိနေသည်။ လွန်ခဲ့သော နှစ် ၃၀ ကျော်က သူသည် ကွန်မြူနစ်ခေါင်းဆောင်များနှင့်အတူ အာဏာသိမ်းရန် အနည်းဆုံးနှစ်ကြိမ် ကြံစည်ဖူးသည်။ သို့သော် မအောင်မြင်ခဲ့ပေ။

၁၉၉၀ နှစ်များမှ အာဖဂန်ပြည်တွင်းစစ်ပွဲကာလအတွင်း သူ၏ အာဏာရရေးကြိုးပမ်းမှု၌ ဥဇဘက်ခေါင်းဆောင် ဗိုလ်ချုပ် အဗ်ဒုလ်ရရှီးဒ်ဒေါ့စ်သူးမ်နှင့် ဟာဇရာခေါင်းဆောင် အဗ်ဒုလ် အလီ မဇာရီ စသော သူ၏ ဂိုဏ်းကွဲမဟာရန်သူတော်များနှင့်ပင် မဟာမိတ်ဖွဲ့ခဲ့သူဖြစ်သည်။

၎င်းနောက် မဟာမိတ်အားလုံးနီးပါးများထံမှ ခွဲထွက်ဘက်ပြောင်းပြီး မိမိ၏ကျော်စောမှုနောက်ကိုသာ အဖန်တလဲလဲ လိုက်ပါသူဖြစ်၍ စဉ်းလဲကောက်ကျစ်သည့်၊ ယုံကြည်ကိုးစားမှုနှင့်မထိုက်တန်သည့် စရိုက်သဘာဝ ရှိနေသည်။

အကြံကြီးမှုများ

လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်က သူသည် နိုင်ငံအများအပြားမှ ထောက်လှမ်းရေးအေဂျင်စီများနှင့် ပတ်သက်ဆက်နွှယ်ခဲ့သူလည်းဖြစ်သည့်အပြင်၊ အလွန်အကြံကြီးပြီး အာဏာအတွက် ရက်စက်ရန် လက်မတွန့်သူတတ်သူ ဖြစ်ခဲ့၏။

အာဖဂန်ပြည်တွင်းစစ်အတွင်း သမ္မတဖြစ်ရေးတိုက်ပွဲတွင် ဟိက်မတ်ယာသည် ကဘူးလ်မြို့အား ဒုံးကျည်များ ထောင်ချီသုံးကာ ဗုံးမိုးရွာစေခဲ့သဖြင့် သောင်းနှင့်ချီသော မြို့နေလူထုများ သေကြေဒဏ်ရာရခဲ့ကြသည်။

သူသည် မိမိ၏ပြိုင်ဖက်များကို အမြစ်လှန်နိုင်ရန်၊ အာဏာရရှိရန် လူမျိုးရေးတင်းမာမှုများကို သွတ်သွင်းမီးမွှေးခဲ့သဖြင့် နာမည်ဆိုးတွင်ထားသူလည်း ဖြစ်ပြန်သည်။ ဤငြိမ်းချမ်းရေးစာချုပ်သစ်တွင် သူ၏နောက်ကြောင်းရာဇ၀င်ကဏ္ဍတိုင်းက သူ၏ ကြမ်းကြုတ်ရက်စက်ခြင်းနှင့် အာဏာမက်မောခြင်းအား ညွှန်ပြလျက်ရှိနေသည်။

ကဘူးလ်မြို့ရှိ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ ဖြစ်လွယ်ပျက်လွယ် အပြောင်းအလဲများနိုင်သော အနေအထား၌ရှိနေ၏။ နိုင်ငံ့ဒေသအများအပြားတွင် မလုံခြုံမှုများက အဆက်မပြတ် ခြိမ်းခြောက်နေ၏။ ၂၀၁၄ ခုနှစ်က ဖွဲ့စည်းတည်ထောင်သော အမျိုးသားညီညွတ်ရေးအစိုးရ – National Unity Government (NUG) အတွင်း၌ အုပ်စုကွဲအားပြိုင်နေမှုများက ဤအပြောင်းအလဲများနိုင်သော အခြေအနေကို ထပ်မံအားဖြည့်ပြီး လူမျိုးရေးတင်းမာမှုအား အသစ်တဖန် မြင့်တက်သွားစေခဲ့သည်။

ဗဟိုအစိုးရ၏ ပျော့ကွက်က စစ်ဘုရင်များကို အင်အားဖြည့်ပေးရာရောက်ပြီး အာဏာကို အချည်းနှီး ဖြစ်စေခဲ့သည်။ အာဖဂန်နစ္စတန်သို့ ဟိက်မတ်ယာ၏ ပြန်လှည့်လာမှုသည် နိုင်ငံရေးအခင်းအကျင်းအား ထပ်ဆင့် ရှုပ်ထွေးစေနိုင်သည်သာမက နိုင်ငံရေး၊ လူမျိုးရေးနှင့် ဂိုဏ်းကွဲတင်းမာမှုများဆိုင်ရာ လှိုင်းဂယက်တစ်ခု အသစ်တဖန် ဖုံးလွှမ်းလာနိုင်ပေသည်။

အကယ်၍ သူသည် ပြည်တွင်းစစ်ကာလအတွင်း ပြုမူခဲ့သကဲ့သို့ အာဏာရရှိရေးနှင့် ပြိုင်ဖက်ဖြိုလှဲရေးအတွက် လူမျိုးရေးကို ရှေ့ဆက်အသုံးချသည့် လမ်းကြောင်းကို ရွေးချယ်ပါက လူမျိုးရေးတင်းမာမှုများကို ထပ်မံ ဆိုးရွားလာစေတော့မည်ဖြစ်သည်။

kabul-2

ကဘူးလ်မြို့ အာဖဂန်အစိုးရနှင့် ဂူလ်ဘွတ်ဒီးန် ဟိက်မတ်ယာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားထုတ်လွှင့်ချက်ကို စိတ်ဝင်တစားစောင့်ကြည့်နေကြသည့် အာဖဂန်ပြည်သူများ 

၁၉၈၀ ခုနှစ်များကပင် ဟိဇ်ဘီ အစ္စလာမီသည် တာဂျစ်တို့၏ အဓိကအုပ်စုကွဲတစ်ခုဖြစ်သော ဂျမအတ်သီ အစ္စလာမီနှင့် ပြိုင်ဖက် ဖြစ်နေခဲ့၏။ ဤနိုင်ငံရေးပြိုင်ဖက် လက်နက်ကိုင်အုပ်စုနှစ်စုလုံးမှာ ဒီမိုကရေစီဘက်တော်သားများဖြစ်သော်လည်း ဟိက်မတ်ယာ၏ ဦးလှည့်လာမှုမှာကား နိုင်ငံရေးအရရော၊ ၎င်းတို့အကြား ပြင်းထန်သည့်ပဋိပက္ခကိုပါ မီးထတောက်စေမည့် အဓိကလောင်စာတစ်ရပ်ဖြစ်နေပေသည်။

ခေတ်သစ်အာဖဂန်နစ္စတန်၌ လက်ခံကျင့်သုံးနေသော လွတ်လပ်စွာဖော်ထုတ်ခွင့်နှင့် ရေးသားတင်ပြခွင့်၊ အမျိုးသမီးများအခွင့်အရေး၊ အပြန်အလှန်လေးစားမှုအခြေတည် နိုင်ငံရေးပြိုင်ဆိုင်ခြင်း အစရှိသည်တို့အပေါ် ဟိက်မတ်ယာဖက်မှ လက်ခံသည့် အရိပ်အယောင် မပြသနိုင်သေးပေ။

 

နိုင်ငံရေးခြေလှမ်းသာဖြစ်သည်

ဟိက်မတ်ယာအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ခေါ်ဆောင်လိုက်သည့် သမ္မတ အရှ်ရဖ် ဂနီ၏ ပင်မရည်ရွယ်ချက်သည် နိုင်ငံရေးအရသာဖြစ်၏။

စောင့်ကြည့်မှုအရ NUG ၏ ပုံဖော်ချက်ဖြစ်သော အာဏာခွဲဝေခြင်း သဘောတူညီချက်အရ ဟိက်မတ်ယာသည် သူ၏ပြိုင်ဖက် အမှုဆောင်ချုပ် အဗ်ဒုလ္လာဟ်အဗ်ဒုလ္လာဟ်နှင့် သူ့အုပ်စုကို ပခုံးချင်းယှဉ်နိုင်မည့် အခြေခံပါဝါလိုအပ်ချက်များ လစ်ဟင်းလျက်ရှိနေသေးသည်။

ဟိက်မတ်ယာ၏ တစ်ကျော့ပြန်လာခြင်းက သူ၏ပြိုင်ဖက်အုပ်စုကွဲ ဂျမအတ်သီ အစ္စလာမ်မီအုပ်စုမှ အာဏာရလာသည့် အဗ်ဒုလ္လာဟ်နှင့် ဂနီတို့အကြားရှိ သြဇာချိန်ခွင်လျှာအား ထိုးနှက်မှု ဖြစ်လာနိုင်၏။ သမ္မတ ဂနီ၏ လူမျိုးနွယ် ပက်ရှ်တွန်းမှ မျိုးကွဲအုပ်စုဖြစ်သော အရှေ့ပိုင်းဂီလ်ဇာအီတို့အကြားရှိ ဟိက်မတ်ယာ၏သြဇာလွှမ်းမိုးမှုက ဂနီအတွက် အဗ်ဒုလ္လာဟ်နှင့် ဂျမအတ်အုပ်စု၏ ဖိအားပေးမှုအပေါ် ရင်ဆိုင်ရေး၌ အသုံးတည့်လှချေသည်။

ထို့အပြင် ဂနီအတွက် ၂၀၁၄ ခုနှစ်တွင် အနားယူသွားပြီး အာဏာပြန်လည်ရယူရန် အပူတပြင်းဖြစ်နေသော သမ္မတဟောင်း ဟာမစ်ကာဇာအီ(ဟာမစ်ကာဇိုင်း)၏ သြဇာနှင့်အာဏာကို ချိန်ညှိထိုးဆွခြင်း၌လည်း အထောက်အကူဖြစ်စေနိုင်၏။ NUG အတွင်း မညီညွတ်မှုကြောင့် အာဖဂန်နစ္စတန်၏ ပြည်တွင်း နိုင်ငံရေးနှင့် လုံခြုံရေးအနေအထား ပိုမို ဆိုးဝါးလာရသည်ဟု လူအများက ယုံကြည်လျက်ရှိကြသည်။

ဟိက်မတ်ယာ၏ နိုင်ငံရေးသမိုင်းက ကာဇာအီထက် ပိုမိုခြေလှမ်းကျယ်သဖြင့် Loya Jirga (ခေါ်) နိုင်ငံရေးအကူးအပြောင်းတစ်ရပ်ဖြစ်သော အမျိုးသားရေးညှိနှိုင်းတိုင်ပင်မှု ထပ်မံပျက်ပြယ်မသွားအောင် လိုအပ်သည်ရှိသော် ကာဇာအီ၏ အာဏာပြန်ရရေးအပေါ် ကာကွယ်ခြင်း၌ ဟိက်မတ်ယာအနေနှင့် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လာပေမည်။

ဤသဘောတူညီချက်အား ဖြစ်မြောက်စေရေးနှင့်ပတ်သက်ပြီး ပါကစ္စတန်၏သဘောထားကမူ ပဟေဠိ ဖြစ်နေဆဲပင်။ ပါကစ္စတန်က ဟိက်မတ်ယာအား ကာလရှည် ပံ့ပိုးကာကွယ်ပေးခဲ့ပြီး လက်ရှိတွင် သူနှင့် သူ၏မိသားစုအား ခိုလှုံခွင့်ပေးထားသည်။ ယခုငြိမ်းချမ်းရေးပဋိညာဉ်အပေါ် ပါကစ္စတန်မှ တရားဝင်တုန့်ပြန်မှု တစ်စုံတစ်ရာ မရှိသေးလင့်ကစား ၎င်းတို့၏နှုတ်ဆိတ်နေမှုက လျစ်လျူရှုထားခြင်းသဘောလည်း မသက်ရောက်ပေ။

kabul-3

အရှ်ရဖ်ဂနီကို အဗ်ဒုလ္လာဟ်အဗ်ဒုလ္လာဟ်နှင့်အတူ တွေ့ရစဉ် 

ပါကစ္စတန်၏ထောက်ခံအားပေးမှု
ပါကစ္စတန်၏ထောက်ခံအားပေးမှု မပါဘဲ ဟိက်မတ်ယာသည် အရေးကြီးသည့် နိုင်ငံရေးဆုံးဖြတ်ချက်ကို ပြုလုပ်မည်မဟုတ်။ ကဘူးလ်နှင့် အစ္စလာမဘတ်အကြားရှိ ဆက်ဆံရေးမှာ မည်သည့်အခါမှ မတိုးတက်စဖူး။ NUG မှာလည်း စတင်ထူထောင်သည့် ၂၀၁၄ ခုနှစ်ကတည်းက နိုင်ငံရေးနှင့်လုံခြုံရေးအရ အကြီးမားဆုံး စိန်ခေါ်မှုများကို ရင်ဆိုင်နေရချိန်ဖြစ်နေသည်။ ယင်းသဘောတူညီမှုကို ထောက်ခံသည့်အသွင်ဆောင်ခြင်းမှာ တိုက်ရိုက်အကျိုးအမြတ်တစ်ရပ် ရှိမရှိ ရှင်းလင်းစွာ မသိနိုင်သေးပါ။

ဖြစ်နိုင်ချေအလားအလာနှစ်ရပ်ရှိ၏။ ပါကစ္စတန်သည် အာဖဂန်၌ အိန္ဒိယ၏ သြဇာကြီးထွားလာမှုအား ဖြိုလှဲရန် ဟိက်မတ်ယာကို အသုံးချခြင်း ဖြစ်နိုင်သည်။ နောက်တစ်ချက်မှာ အိန္ဒိယနှင့် အာဖဂန်နစ္စတန်အကြား ဖက်လှဲတကင်းရှိနေမှုက ၎င်း၏နိုင်ငံလုံခြုံမှုအတွက် အန္တရာယ်တစ်ရပ်အဖြစ် ရှုမြင်ထားသည်။

၁၉၈၀ နှစ်များတွင် ဆိုဗီယက်အား စတင် ခုခံတိုက်ခိုက်ချိန်ကတည်းက မူဂျာဟစ်ဒင်အုပ်စုများအကြားဟိက်မတ်ယာသည် ကက်ရှမီးယားနယ်ရှိ သူပုန်များအား မီးမွှေးပေးနိုင်သည့် ပြိုင်ဖက်ကင်းသူဖြစ်ခဲ့သည်။

အိန္ဒိယသားများအား ဆန့်ကျင်မုန်းတီးမှု ဟူသော ဟိက်မတ်ယာ၏ကျောထောက်နောက်ခံက အာဖဂန်ရှိ အိန္ဒိယကြီးစိုးမှုကို ဖြိုလှဲရေး၌ အသုံးချနိုင်မည်ဟု အစ္စလာမာဘတ်က နားလည်ထားဟန်ရှိ၏။ ဤသည်မှာ ဖြစ်နိုင်ချေ ပထမအချက်တည်း။

ဒုတိယအချက်မှာ ချည့်နဲ့နေသော ကဘူးလ်အုပ်ချုပ်ရေးအပေါ် ပါကစ္စတန်မှ အာဏာလွှမ်းရန် ကြိုးစားလာမှု၌ အခြေတည်နေ၏။ အာဖဂန်၏ ယိုင်နဲ့နေပြီဖြစ်သော နိုင်ငံရေးအခင်းအကျင်း (နှင့်) ကဘူးလ်၌ အရှိန်မြင့်နေသော အစ္စလာမဘတ်၏ သြဇာလွှမ်းမိုးမှုတို့ကို ဟိက်မတ်ယာ၏ ဦးလှည့်ဝင်လာမှုဖြင့် အကြွင်းမဲ့ ရှုပ်ထွေးသွားစေမည်ဟု ပါကစ္စတန်က ယုံကြည်ထားဟန်ရှိသည်။

ဂနီအတွက်တော့ ဟိက်မတ်ယာအား ခေါ်ယူခြင်းမှာ နိုင်ငံရေးအသာစီးရမှု ဖြစ်သည်။ သို့ပင်သို့ငြား ၎င်း၏ ပြန်ရောက်လာမှုက နိုင်ငံရေးတည်ငြိမ်မှုကို အထောက်အကူပြုမည်လော သို့မဟုတ် ထိခိုက်စေမည်လော မသိနိုင်သေးပေ။

အကယ်၍ ဟိက်မတ်ယာသည် ခွေးမြီးကောက်ကျည်ထောက်စွပ်သည့် ဥာဉ်အတိုင်း အာဖဂန်၏ လက်ရှိဒီမိုကရေစီစနစ်ကို လက်မခံဘဲ ငြိမ်းချမ်းရေးပဋိညာဉ်အပေါ် သဘောထားမဖြောင့်မှန်ပါက – ဂနီအစိုးရထံ၌သာ လုံးလုံးလျားလျား တာဝန်ရှိပေတော့မည်။ နိုင်ငံရေးအခင်းအကျင်းမှာ တိုးတက်မှုမဖြစ်ထွန်းဘဲ အဆိပ်ခံသလို ဖြစ်တော့မည်။ ဒီမိုကရေစီထောက်ခံသည့် ခေတ်သစ် အာဖဂန်နစ္စတန်မြေအတွင်းမှာပင် အန္တရာယ်တွင်းတူးရာ ရောက်ပေမည်။ ပြင်ပမှ သူဆောင်ယူလာသော နိုင်ငံရေးစနစ်ထက် ဆိုးဝါးသွားနိုင်သည်။

ဟိက်မတ်ယာသည် အာဖဂန်နစ္စတန်၏ အကြမ်းကြုတ်ဆုံး စစ်ဘုရင်တစ်ဦး ဟူသော ခေါင်းစဉ်အောက်တွင် ရှိနေဆဲ။ သို့ဖြစ်ရာ ဂနီသည် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံရေးတည်ငြိမ်မှု နှစ်ခုစလုံးအပေါ် လောင်းကြေးတစ်ရပ်၏ ပန္နက်တိုင်ကို စိုက်ထူမိလေပြီ။

(ကဘူးလ်အခြေစိုက်ပညာရှင်၊ အာဖဂန်နစ္စတန်ရေးရာနှင့် နိုင်ငံရေးကျွမ်းကျင်သူ သုတေသီအဖွဲ့ဝင် နဂျစ် ရှရဖီ၏ Al Jazeera ဖော်ပြချက်ပါ Ashraf Ghani’s gamble with ‘butcher of Kabul’ အတွေးအမြင်ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။)

Leave a Reply