6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၉၊ ၂၀၁၆
M-Media

ant-pegida

– ဂျာမနီမှ မွတ်စလင်နှင့် ရွှေ့ပြောင်းဒုက္ခသည်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖွဲ့ PEGIDA အား ဆန့်ကျင်သည့် ဆန္ဒပြမှုတစ်ခုကို ဂျာမနီပြည်သူများက တနင်္လာနေ့တွင် ပြုလုပ်ခဲ့ပြီး လူပေါင်း ၈၀၀၀ ခန့် ပါဝင်ခဲ့သည်ဟု သိရသည်။

PEGIDA အားကောင်းရာ နိုင်ငံအရှေ့ပိုင်းတွင် ဒရက်စ်ဒန်မြို့ရှိ လမ်းများတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့အစည်းတည်ထောင်သည့် ဒုတိယမြောက်နှစ်ပတ်လည်နေ့နှင့်လည်း တိုက်ဆိုင်နေသည်။

အဆိုပါအဖွဲ့မှာ မကောင်းသတင်းများကြောင့် ၎င်း၏ခေါင်းဆောင်ပိုင်းများ အစုလိုအပြုံလိုက် နှုတ်ထွက်ခြင်းနှင့်အတူ ပြီးခဲ့သည့်နှစ်မှစ၍ ဂျာမနီ နိုင်ငံရေးလောကမှ ပျောက်ကွယ်ခဲ့သော်လည်း ဥရောပသို့ ဒုက္ခသည်များ ထပ်မံဝင်ရောက်လာပြီးနောက် ပြန်လည် ခေါင်းထောင်လာခြင်းဖြစ်သည်။

PEGIDA အဖွဲ့ဝင်များမှာ နှစ်ပတ်လည်အဖြစ် တနင်္ဂနွေနေ့က ဒရက်စ်ဒန်မြို့ရှိ ပြဇာတ်ရုံရှေ့တွင် ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့ပြီး ၎င်းတို့ကို တန်ပြန်ဆန္ဒပြမှုနှင့် ထိပ်တိုက် တွေ့ဆုံခဲ့သည်။ ၎င်းတို့အဖွဲ့နှစ်ခုမှာ နောက်ပိုင်းတွင် ဒရက်စ်ဒန် တက္ကသိုလ်နှင့် Neustadt ဘူတာရုံတို့တွင် သီးခြားစီ ဆန္ဒပြခဲ့ကြပြီး PEGIDA ကို ဆန့်ကျင်သူများက မြို့လယ်ကောင်သို့ ချီတက်ခဲ့ကြသည်။

နိုင်ငံအတွင်းရှိ မွတ်စလင်များနှင့် ရွှေ့ပြောင်းအခြေချသူများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို PEGIDA အဖွဲ့မှာ ယခင်က ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဂျာမနီပြည်သူများ၏ တန့်ပြန် ဆန့်ကျင်မှုများနှင့် အမြဲလိုလို ကြုံတွေ့ခဲ့သည်။

Ref : Presstv

Tags:

Comments are closed.