6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၉၊ ၂၀၁၆
M-Media

– နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ပြီး၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ အောက်တိုဘာ ၁၅၊ ၁၆ တွေမှာ ကျင်းပခဲ့တဲ့ BIMSTEC နဲ့ BRICS အဖွဲ့တို့ရဲ့ ပူးတွဲ ထိပ်သီးညီလာခံကို တက်ရောက်ခဲ့ပါတယ်။

အဲဒီခရီးစဉ်အတွင်း ဒေသတွင်းခေါင်းဆောင်အချို့နဲ့လည်း တွေ့ဆုံပြီး မီဒီယာတွေနဲ့လည်း ဖြေကြားမှုတွေ ပြုလုပ်ခဲ့ကာ အဲဒီအထဲက အချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

အကြမ်းဖက်ဝါဒ
—————
အကြမ်းဖက်ဝါဒနဲ့ပတ်သက်လို့တော့ ဒေါ်အောင်ဆန်းစုကြည်က ပါကစ္စတန်မှာ အကြမ်းဖက်ဝါဒဟာ အစိုးရရဲ့ ငယ်မွေးခြံပေါက်ဖြစ်နေပြီး ပါကစ္စတန်ကို ကျဉ်ထားရမယ်ဆိုတဲ့ အိန္ဒိယသမ္မတ မိုဒီရဲ့ပြောကြားမှုကို သဘောမတူဘဲ အကြမ်းဖက်ဝါဒကိုသာ ကျဉ်ရမှာဖြစ်ပြီး အဲဒီဝါဒကိုမှ ဘာ့ကြောင့် ရွေးချယ်ရသလဲဆိုတဲ့ အကြောင်းအရင်းကို အာရုံစိုက်ရမယ်လို့ ဆိုပါတယ်။

“အကြမ်းဖက်ဝါဒက ကမ္ဘာတစ်ဝှမ်းလုံးမှာ ပြန့်နှံ့နေပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ ကျဉ်ရမှာ၊ ရှင်းပစ်ရမှာက အကြမ်းဖက်ဝါဒဖြစ်ပါတယ်။ ကျွန်မကတော့ တစ်ဦးတစ်ယောက်၊ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် နိုင်ငံ တစ်နိုင်ငံပုံစံမျိုးနဲ့ မစဉ်စားချင်ပါဘူး။ အဓိက ကျွန်မတို့ ဖယ်ရှားဖို့ ကြိုးစားရမှာက အကြမ်းဖက်ဝါဒပါ။ တစ်ဦးတစ်ယောက်ရဲ့ ရည်ရွယ်ချက်ပြည့်မြောက်ဖို့ အကြမ်းဖက်မှုကို အသုံးပြုတာပါ။ ကျွန်မဟာ အကြမ်းဖက်မှုကို လုံးဝ မနှစ်မြို့သလို အကြမ်းဖက်ဝါဒကိုလည်း ဒီအတိုင်းပါပဲ။ လူတွေက ဘာ့ကြောင့် အကြမ်းဖက်ဝါဒကိုမှ ရွေးချယ်ရတာလဲဆိုတာကို အဖြေရှာဖို့အတွက် ကျွန်မတို့အားလုံး အတူတကွ လုပ်ဆောင်ဖို့ လိုအပ်ပါလိမ့်မယ်။ သူတို့ အကြမ်းဖက်တာကို ကြိုက်လွန်းလို့ ရွေးချယ်တာမဟုတ်ပါဘူး။ ဒါကတော့ သေချာပါတယ်” (Hindustantimes)

ရခိုင်ပြဿနာ
————-
ရခိုင်ပြည်နယ်မှာ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့အထဲမှာတော့ တိုက်ခိုက်မှုနဲ့ ဆက်နွယ်နေတဲ့ အမျိုးသား ၂ ဦးကို ဘင်္ဂလားဒေ့ရှ်က လွှဲပေးတဲ့အကြောင်း ပါကစ္စတန်မှာ ၆ လလောက် တိုက်ခိုက်ရေးသင်တန်း တက်လာတဲ့သူက ရခိုင်အကြမ်းဖက်တိုက်ခိုက်မှုကို ဦးဆောင်တာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် ရရှိတဲ့ သတင်းအချက်အလက်ကို တစ်ထစ်ချ ယုံကြည်လို့မရဘူးလို့ ဆိုပါတယ်။

“အသေးစိတ်ကိုတော့ ကျွန်မတို့ မသိရသေးဘူးပေါ့လေ။ အဲဒီ ၆ လသင်တန်းကို ဘယ်တုန်းကသွားတက်တယ်ဆိုတာလည်း မသိရသေးပါဘူး။ အဲဒီလူက မွတ်စလင်နိုင်ငံတွေကနေ ငွေကြေးအထောက်အပံ့ရတယ်လို့ (ဖမ်းထားတဲ့သူတွေက) ကျွန်မတို့ကိုပြောတယ်။ ဒါက တစ်ဖက်ကရတဲ့ သတင်းပါ။ ဒါဟာ လုံးဝမှန်ကန်တယ်လို့တော့ ကျွန်မတို့ အာမခံလို့ မရပါဘူး”

ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာကို ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး မိမိတို့အနေနဲ့ အမျိးသား ရင်ကြားစေ့ရေး၊ ရခိုင်ပြည်နယ်အတွင်းက လူ့အဖွဲ့အစည်းတွေအကြား ရင်ကြားစေ့ရေး လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပြီး ‘ရိုဟင်ဂျာ’ ဆိုတဲ့အသုံးအနှုန်း မသုံးဖို့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို မေတ္တာရပ်ခံခဲ့တာနဲ့ပတ်သက်ပြီးလည်း ဖွင့်ဟခဲ့ပါသေးတယ်။

“ဒီစကားလုံးက လူ့အဖွဲ့အစည်းနှစ်ခုအကြားမှာ ကွာဟချက်ကို ကြီးမားစေပါတယ်။ ရခိုင်တိုင်းရင်းသားတွေက မွတ်စလင်တွေကို ဘင်္ဂါလီလို့ ရည်ညွှန်းတယ်။ မွတ်စလင်တွေ – မွတ်စလင်အကုန်လုံးမဟုတ်ပါဘူး – တစ်ချို့မွတ်စလင်တွေက သူတို့အားလုံးကို ရိုဟင်ဂျာလို့ ခေါ်ရမယ်လို့ ပြောပါတယ်။ ဒီကိစ္စက ကျွန်မတို့အစိုးရတက်လာမှ ဖြစ်လာတာ မဟုတ်ပါဘူး။ ကျွန်မတို့ အတိုက်အခံအချိန်တုန်းကတည်းက ရှိနေတာပါ။ ကျွန်မတို့ရဲ့ မူဝါဒကတော့ အမြဲတမ်း ရခိုင်ပြည်နယ်က မွတ်စလင်လို့ သုံးနှုန်းဖို့ပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်မတို့ ဘယ်ဘက်မှာမှ နေမှာ မဟုတ်တာကြောင့်ပါပဲ။ ပြည်သူတွေကို လှုံ့ဆော်သလိုဖြစ်မယ့် အသုံးအနှုန်းမျိုး သုံးတာ လိုရင်းရောက်မယ်လို့ ကျွန်မတို့ မမြင်ပါဘူး။ ရခိုင်ပြည်နယ်က မွတ်စလင်များဆိုတဲ့ အသုံးအနှုန်းဟာ အခြေအနေမှန်အတိုင်းလို့ ကျွန်မတို့ ထင်ပါတယ်” (Hindustantimes)

ဘင်္ဂလားဒေ့ရှ် အခန်းကဏ္ဍ
———————-
နောက်ပြီး ရိုဟင်ဂျာကိစ္စ ဖြေရှင်းရာမှာ ဘင်္ဂလားဒေ့ရှ်ကလည်း အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ရမှာဖြစ်ပေမယ့် လုံခြုံရေးရှုထောင့်ကနေပဲ ဖြစ်ရမယ်လို့ ဆိုပါတယ်။

“ဘင်္ဂလားဒေ့ရှ်က ကျွန်မတို့နဲ့ တော်တော်လေး ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ တိုက်ခိုက်မှု ဖြစ်လာတဲ့အခါ သူတို့က ကျွန်မတို့ကို အချက်အလက်တွေပေးတယ်။ ကျွန်မတို့ လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်နိုင်ခဲ့ပါတယ်” (Hindustantimes)

ပါဝါမျှခြေ
———-
အိန္ဒိယက စစ်အစိုးရနဲ့ ကြာမြင့်စွာ ဆက်ဆံခဲ့တာကြောင့် တရုတ်နိုင်ငံဘက်ကို ယိမ်းတယ်ဆိုတဲ့ အမြင်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပယ်ချခဲ့ပါတယ်။

“ကျွန်မတို့ ပါဝါမျှခြေကို အင်မတန်ကောင်းမွန်အောင် ထိန်းရမှာပါ။ ဘာ့ကြောင့်လည်းဆိုတာ့ နှစ်နိုင်ငံစလုံးဟာ ကျွန်မတို့ အိမ်နီးချင်းတွေဖြစ်ပြီး ကြားနေနိုင်ငံခြားရေးဝါဒကို ကျင့်သုံးရမှာလည်း ကျွန်မတို့ တော်တော်လေး အောင်မြင်ခဲ့ဖူးပါတယ်။ အိမ်နီးချင်းနိုင်ငံအားလုံးနဲ့ ကျွန်မတို့ ဆက်ဆံရေးကောင်းကို ထိန်းထားချင်တယ်။ ဒါကို ဂါထာရွတ်သလို ကျွန်မ ထပ်တလဲလဲ ပြောနေတာပါ။ အိမ်နီးချင်းတွေထံကနေ ဖယ်ခွာသွားလို့မရပါဘူး။ အားလုံးနဲ့ ဆက်ဆံရေးကောင်းအောင် လုပ်ရမှာပါ။ (အိမ်နီးချင်းကို) ပြောင်းလို့မရဘူး။ ဒါ့ကြောင့် အကောင်းအဆုံးကိုပဲ ဆောင်ရွက်သွားရမှာပါ” (Hindustantimes)

ငြိမ်းချမ်းရေး
————
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မှာ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီနဲ့ တွေ့ဆုံခဲ့ပြီး ဖွံ့ဖြိုးရေး၊ ဆောက်လုပ်ရေး၊ ရှေးဟောင်းအမွေအနှစ် စတဲ့ နယ်ပယ်တော်တော်များများနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ သတင်းစာရှင်လင်းပွဲမှာတော့ နိုင်ငံတည်ငြိမ်ရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က

“ကျွန်မတို့ရဲ့ ရည်မှန်းချက်က ကျွန်မတို့တိုင်းပြည်နဲ့ ပြင်ပကိုပါ ငြိမ်းချမ်းနဲ့ တည်ငြိမ်အေးချမ်းရေးကို ဆောင်ကျဉ်းပေးဖို့ပါ။ ဘာ့ကြောင့်လည်းဆိုတဲ့ ကျွန်မတို့ မတည်မငြိမ်ဖြစ်ခဲ့ရတဲ့အချိန်က ကြာညောင်းခဲ့ပြီလေ” လို့ ပြောကြားခဲ့ပါတယ်။ (မိုဒီနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ)

မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယကိ ဒေသအတွင်း အတောင့်တင်းဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် ရှုမြင်ပြီး လေးစားအားကျကြာင်း၊ နိုင်ငံအတွင်းမှာ ဒီမိုကရေစီဓလေ့ အမြစ်တွယ်ဖို့ ကြိုးစားရမှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေအတွက် အိန္ဒိယနိုင်ငံက မိမိတို့ကို နားလည်မှု၊ ထောက်ပံ့ကူညီမှု ပေးစေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

မိုဒီကတော့ မိမိတို့အနေနဲ့ စွမ်းအင်နဲ့ စိုက်ပျိုးရေးကဏ္ဍမှာ မြန်မာနိုင်ငံကို ကူညီပေးသွားမှာဖြစ်ပြီး၊ အခြေခံအဆောက်အဦး ဆောက်လုပ်ရာမှာလည်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Ref: Indianexpress, Hindustantimes

Tags:

Comments are closed.