6 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
10 months ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
10 months ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
1 year ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
1 year ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
1 year ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
1 year ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
1 year ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
1 year ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
1 year ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၁ ၊ ၂၀၁၆
M-Media
နှင်းဆီခင် ရေးသည်။

broken-relationship

တစ်ဦးနှင့်တစ်ဦး ရင်ခုန်ခံစားခြင်းက အချစ်ရဲ့အစလို့ ဆိုကြတယ်။ ချစ်သက်တမ်း တိုခြင်း၊ ရှည်ခြင်းပေါ်တည်တယ်လို့ မဟုတ်။ ဘဝတစ်ခုကို နှစ်ယောက်တည်းနှင့် တည်ဆောက်ဖြစ်ကြသည်ပဲလေ။ ကြားလူမလို ချစ်သူချင်း နားလည်ခံစားမှုသာ အဓိကပါလို့ဆိုပြီး နှစ်ဦးသဘောတူရုံနှင့် လက်တွဲကြသူတွေရှိကြသလို၊ အမေ့အလိုအကျ အမေ့စိတ်တိုင်းကျ ရွေးချယ်ပေးတဲ့ ဘဝခရီးဖော်ကို လက်တွဲလိုက်ကြသူတွေလည်း လောကမှာ မရှားပါဘူး။

တစ်ခါတစ်ရံကျပြန်တော့ သီးချိန်၊ ပွင့်ချိန်တန်ပေမယ့် ကိုယ်တိုင်ရင်ခုန်ခံစားရမယ့် သူလည်းမရှိ၊ အမေတို့လို လူကြီးမိဘတွေလည်း ထိထိရောက်ရောက် မစီစဉ်ပေးနိုင်တဲ့အခါ ကြားလူကို အားကိုးရပြီပေါ့။ နှစ်ဖက်မိဘတွေနှင့် ရင်းနှီးကျွမ်းဝင်ပြီးသားဆိုတော့ အပြောအဆိုကောင်းကောင်းနှင့် ချိတ်ဆက်ပေးရင်း တစ်မိသားစုနှင့် တစ်မိသား ပေါင်းဖက်ဖြစ်သွားတာတွေလည်း လက်တွေ့ဘဝမှာ အများကြီးပါ။

တစ်ခုပဲရှိတယ်။ ပုံပြင်တွေ တချို့ဝတ္တုတွေထဲမှာလို ပျော်ရွှင်စွာ ပေါင်းဖက်ကြလေသတည်းဆိုတဲ့ ဇာတ်သိမ်းမျိုးကြောင့် စာဖတ်သူက ကြည်နူးကျေနပ်မိသည်ပေါ့။ တကယ်တော့ ဒါကစာထဲမှာ ဇာတ်သိမ်း၊ လက်တွေ့ဘဝမှာတော့ ဒါကဘဝရဲ့အစ၊ တကယ့်ကို အစပိုင်းလေးပဲရှိသေးတာလေ။ အိမ်ထောင်သက်တမ်းတစ်လျှောက် ကြုံရဆုံရမှာတွေက အများကြီးမှ အများကြီးပဲ မဟုတ်လား။ သူစိမ်းတစ်ရံဆံနှစ်ဦး တစ်မိုးအောက်မှာ အတူနေရင်း အပေးအယူမျှဖို့ဆိုတာက ဘယ်သီအိုရီ၊ ဘယ်အဓိပ္ပါယ်သတ်မှတ်ချက် နိယာမတွေကို လိုက်နာရမယ်လို့ ရှိတာမှမဟုတ်တာ။ လက်တွေ့ဘဝမှာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ကလေး တစ်ခုကို ထူထောင်နိုင်တယ်ဆိုတာ နည်းနည်းနှောနှော မဟုတ်တဲ့ ကံကောင်းခြင်းတစ်ရပ်လို့ ဆိုနိုင်ပါတယ်။

ရင်းနှီးကျွမ်းဝင်သူတွေထဲမှာ အိမ်ထောင်ရေး သာယာသူတွေရှိသလို အကြောင်းကြောင်းကြောင့် စလယ်ဝင် ဘဝကနေ အချိန်မတိုင်ခင် ကွဲကြရသည်တွေလည်း ရှိကြပါတယ်။

ဒေါ်နွဲ့မူဆိုတာက ကုမဏီကြီးတစ်ခုမှာ ဒါရိုက်တာအဖွဲ့ဝင် တစ်ယောက်။ ရာထူးအရသာ ဒေါ် တပ်ခေါ်ရပေမယ့် လူလတ်ပိုင်းတစ်ဦးပါပဲ။ ပညာတတ်၊ ရုပ်ချော၊ မိဘမျိုးရိုးစဉ်ဆက်ချမ်းသာသူ၊ အသက်ရလာပြီဖြစ်တဲ့ မိဘတွေကလည်း အရာရာမှာ သမီးအလိုကျသာမို့ သမီးရဲ့ အိမ်ထောင်ရေး ကိစ္စမှာ ဘာမှဝင်ရောက်စွက်ဖက်တာမျိုး မရှိခဲ့ဘူး။ နွဲ့မူကလည်း တော်ရုံယောင်္ကျားကို အထင်ကြီးတတ်သူမျိုး မဟုတ်လေတော့ အပျိုကြီးဘဝနှင့် အနေကြာလာခဲ့တယ်။

ကိုမြင့်ထွန်းက ရေကြောင်းအရာရှိဖြစ်ပြီး မောင်နှမသုံးယောက်မှာ အထွေးဆုံးသား၊ မိဘတွေ မရှိကြတော့တဲ့နောက်ပိုင်းမှာ ပင်လယ်ရပ်ခြား ခရီးထွက်နေတာကများတာမို့ အိမ်ထောင်မပြုသေးတဲ့ လူပျိုကြီးတစ်ဦးပေါ့။ အိမ်ထောင်သည် အစ်ကို၊ အစ်မနှစ်ယောက်က အိမ်ထောင်ပြုဖို့ တိုက်တွန်းကြပေမယ့် လွတ်လွတ်လပ်လပ်နေချင်သေးတယ်ဆိုတဲ့ အကြောင်းပြချက်တဲ့ တစ်ကိုယ်တည်းနေလာခဲ့တယ်။ ခရီးက ပြန်ရောက်တိုင်း သူငယ်ချင်းတွေနှင့် ပျော်ပျော်ပါးပါး အချိန်ဖြုန်းခဲ့သည်ချည်းပါပဲ။ နဖူးစာ ရွာလည်တယ်လို့ သူငယ်ချင်းတွေက ပြောကြတယ်။ ကိုမြင့်ထွန်းအစ်မရဲ့ မိတ်ဆွေ ဦးသိန်းထွန်းက ဝါရင့်အောင်သွယ်တော်တစ်ဦးမို့ ကိုမြင့်ထွန်း အိမ်ထောင်ကျခဲ့ပါပြီ။

ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာဧည့်ခံပွဲမှာ ပရိတ်သတ်တွေက ဝေဖန်ကြတယ်။ “နေနှင့်လ ရွှေနဲ့မြ” တဲ့ ရှေ့သွားနောက်လိုက်ညီလိုက်တာနော် တဲ့။ ကိုမြင့်ထွန်းနှင့် နွဲ့မူတို့ရဲ့ အိမ်ထောင်သက်တမ်း တစ်လလောက်အကြာမှာ ကိုမြင့်ထွန်းက သူ့သူငယ်ချင်းတွေကို ရင်ဖွင့်တယ်။

“ငါ မိန်းမရကံဆိုးတယ်ကွာ” တဲ့။ သူငယ်ချင်းတွေ တအံ့တသြဖြစ်သွားကြတယ်။ ဘယ်နှယ့် ဂုဏ်ချင်း၊နေချင်း၊ ပညာချင်း ဘာမှပြောစရာမလိုအောင် ပြည့်စုံနေကြသူတွေ အဆင်မပြေဘူးဆိုတော့ အံသြမယ်ဆိုလည်း အံ့သြစရာပဲလေ။ ငါက ပင်လယ်ထဲအမြဲသွားနေရတဲ့သူ၊ ကုန်းပေါ်မှာ ရှားရှားပါးပါးနေခွင့်ရတုန်းတော့ မိန်းမဂရုစိုက်တာခံချင်တာပေါ့။ အိမ်ဟင်း အိမ်ထမင်းကို မိန်းမနဲ့ လက်ဆုံစားချင်တယ်။ သားတွေ သမီးတွေ တစ်ပြုံကြီးနဲ့ မိသားစုဘဝကို ရချင်တယ်။”
“နို့ မင်းမိန်းမနဲ့ အကျေအလည် မဆွေးနွေးဘူးလား”

“ဟ ဆွေးနွေးတာပေါ့။ သူက အလုပ်တာဝန်ကို ယောင်္ကျားထက်ပိုပြီး ဦးစားပေးတဲ့သူလေ။ ငါ့အိမ်မှာရှိတဲ့ အချိန်လေးမှာတောင် အစည်းအဝေး၊ အစည်းအဝေးနဲ့ နားချိန်ကိုမရှိဘူး။ သူဟာ မိသားစုအတွက် အလုပ်လုပ်နေတယ်ဆိုတာ ငါနားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့်ကွာ ငါလည်း ရသမျှအကုန်လုံး သူ့ကိုအပ်တယ်။ ထောက်ပံ့ရမယ့် သူလည်းလုံးဝမရှိဘူး။ ခုတော့ အိမ်ဖော်တွေက ချက်ပြုတ်ကျွေးမွေးတာကိုစား၊ တီဗီကြည့် ပျင်းရင် သူငယ်ချင်းတွေဆီသွားနဲ့ အချိန်ကုန်နေရတယ်။ ငါပြောချင်တာက ယောင်္ကျားတစ်ယောက်ကို နည်းနည်းပါးပါး အလေးထားဖို့ပါကွာ၊ သူကလည်း သူ့အလုပ်မှာ အရေးပါပြီး ဝင်ငွေကလည်းကောင်းတော့ မာနက ခပ်ကြီးကြီး၊ သားသမီးယူဖို့ မစဉ်းစားသေးဘူးတဲ့။ ကဲ…”

“သာရေး နာရေးကိစ္စတောင်သွားနိုင်ဖို့ သူ့က်ုမနည်းပြောယူရတယ်။ တကယ်တော့ ငါ့မိန်းမဟာ ထက်မြတ်လွန်းတယ်။ အရည်အချင်းရှိတာလည်း မှန်တယ်။ တစ်ခုပဲရှိတယ်။ အိမ်ထောင်ပြုဖို့ မကောင်းဘူး”

“လူကြီးတွေရဲ့ ဆန္ဒကို မပယ်နိုင်လို့ လက်ခံလိုက်တာမျိုးပဲရှိတယ်။ အများအမြင်မှာတော့ ငါတို့လောက် ကံကောင်းတဲ့သူ မရှိဘူးပေါ့ကွယ။ တကယ်တမ်းပြောရရင် ငါကိုယ်တိုင်ကလည်း မှားပါတယ်။ ကျောင်းတုန်းက ထားခဲ့ဖူးတဲ့ ရည်းစားနဲ့လည်း လွဲခဲ့ရတယ်။ ဟော…
င့ါအစ်မရဲ့ မိတ်ဆွေ စီစဉ်ပေးတာကို မျက်စိမှိတ်ပြီး လက်ခံလိုက်မိတာကိုး။”

“မင်းတို့မယူခင်က တစ်ယောက်အကြောင်း တစ်ယောက် အကျေအလည် မဆွေးနွေးခဲ့ကြဘူးလား”

“တစ်ခါနှစ်ခါ စကားပြောဖူးတာပဲ ရှိတယ်။ ရည်းစားလည်းမဟုတ် ဘာမဟုတ်နဲ့ဆိုတော့ စကားသိပ်မပြောဖြစ်ကြပါဘူး။ လူငယ်တွေလည်း မဟုတ်ကြတော့ သိက္ခာထိန်းနေကြတာလည်းပါတယ်။”

မည်မည်ရရမဟုတ်ပေမယ့်လည်း ကြာလာတော့လည်း တစ်ယောက်နှင့်တစ်ယောက် အဆင်မပြေဖြစ်လာကြရင်း နောက်ဆုံးတော့ လမ်းခွဲကြတဲ့အထိဖြစ်သွားရော။

ကျွန်မရဲ့သူငယ်ချင်းနွယ်နွယ်က တက္ကသိုလ်တစ်ခုမှာ လက်ထောက်ကထိကတာဝန်နှင့် ရာထူးတိုးတာကြောင့် သူငယ်ချင်းတွေကို သူ့အိမ်မှာ ဖိတ်ကျွေးတယ်။ သူငယ်ချင်းတွေဆုံကြတော့ ဝိုင်းဖွဲ့ပြောကြရင်း နွယ်နွယ်က သူ့အလုပ်ဌာနအကြောင်း ပြောဖြစ်တယ်။ ပြောဖြစ်ဆို ကျွန်မတို့နှင့် ကျောင်းနေဖက်သူငယ်ချင်း ကိုထွန်းထွန်းရောက်မလာတော့ ကျန်တဲ့သူတွေက နွယ်နွယ့်ကို ဝိုင်းမေးကြတယ်။

“နင်တို့ ကိုထွန်းကြီးက လာဖြစ်မယ်မထင်ပါဘူးဟာ လာချင်စိတ်လည်း ရှိမှာမဟုတ်ဘူး”

“ဘာဖြစ်လို့လဲ”

“ဘာဖြစ်ရမလဲ။ သူ့မိန်းမနဲ့ ကွာရှင်းထားလို့ စိတ်မကြည်လင်ဖြစ်နေတာ”

“ဘယ်လို၊ ဘယ်လို သူ့မိန်းမ ဒေါက်တာနုနုနဲ့ ကွာရှင်းလိုက်ပြီ ဟုတ်လား” လို့ သူငယ်ချင်းတွေက ဝိုင်းမေးကြတယ်။

ကိုထွန်းလွင်က ငယ်ငယ်ကတည်းက မိဘတွေ ဆုံးပါးသွားတာကြောင့် ဦးလေးနှင့် ကြီးပြင်းခဲ့ရတဲ့သူ။ ညီအစ်ကိုမောင်နှမမရှိ၊ တစ်ဦးတည်းသောသား၊ မိဘအမွေအနှစ်မို့ ငွေကြေးအတွက်တော့ မပူပင်ခဲ့ရဘူး။ ကျောင်းတုန်းကလည်း ရည်းစားတွေ ဘာတွေလည်း ရှိခဲ့ဖူးသူမဟုတ်ဘူး။ ကျောင်းပြီးတော့ အလုပ်ဝင်တယ်။ ပညာထူးချွန်တာကြောင့် နိုင်ငံခြားပညာသင်သွားရပြီး ကထိကရာထူး ရခဲ့တယ်။ နွယ်နွယ်နှင့် တစ်ဌာနတည်း။ မနှစ်ကမှ ကြားလူစပ်ဟပ်ပေးလို့ အိမ်ထောင်ကျခဲ့တာ။ အသက်ကလည်း မငယ်တော့တာမို့ ဦးလေးစကားကို မပယ်ရှားဘဲ ဒေါက်တာနုနုနှင့် အိမ်ထောင်ပြုခဲ့တယ်။ သူ့မိန်းမက မဟာသိပံဘွဲ့ရ အထူးကုဆရာဝန်၊ တစ်ဦးတည်းသောသမီး။ ငွေကြေးကလည်း ပြည့်စုံဆိုတော့ ဘာပြောစရာလိုသေးသလဲ။ အားလုံးအဆင်ပြေသည်ပဲပေါ့။ ဒါပေမယ့် အိမ်ထောင်သက်တမ်း တစ်နှစ်အကြာမှာ ကွဲကြကွာကြပြန်ပြီတဲ့လေ။

ခဏကြာတော့ ကိုထွန်းရောက်လာတယ်။ သူငယ်ချင်းတွေက အားနာလို့ သူ့အိမ်ထောင်ရေးကိစ္စကို လုံးဝမမေးကြဘူး။ ဒါပေမယ့် နောက်ကျမှရောက်လာပြီး ကိုထွန်းလာဘူးလားအကြောင်း လုံးဝမသိထားတဲ့ ကိုမိုးက မေးလိုက်တယ်။

“မင်း မိန်းမ ပါမလာဘူးလား” ဆိုတော့

“ငါတို့ ကွာရှင်းပြီးသွားပါပြီကွာ” လို့ ဖြေလိုက်တယ်။

“အေး ဘာဖြစ်လို့လဲလို့ ထပ်မမေ”ခင် ငါရှင်းပြပါ့မယ်။ ဒီလိုလေ ငါက ငယ်ငယ်လေးကတည်းက မေတ္တာငတ်ခဲ့သူဆိုတာ မင်းတို့အသိ၊ ကျောင်းသားဘဝမှာလည်း စာကိုပဲ ဖိပြီးကြိုးစားခဲ့တယ်။ အလုပ်ထဲရောက်တော့လည်း နိုင်ငံခြားပညာသင်သွားရ၊ နယ်မြေတွေပြောင်းရမို့ အသက်ကြီးမှ မိန်းမရခဲ့တာ။ ငါသူ့ကို နားလည်ပေးပါတယ်။ အိမ်ရှင်မပီသပြီး ငါ့ကိုချက်ပြုတ်ကျွေးမွေးဖို့လည်း မမျှော်လင့်ပါဘူး။ သူကဆေးရုံကဆင်းတာနဲ့ ဆေးခန်းတွေတစ်ခုပြီးတစ်ခုကူးတာကိုတော့ ငါကတားခဲ့တယ်။
ငါတို့မှာငွေကြေးကိစ္စလည်းမပေါ်တော့ ဆေးခန်းထိုင်တာ လျှော့ဖို့လောက်တင်ပြောမိတာ သူနဲ့ငါ စကားများကြရတဲ့အထိဖြစ်ရော”

“ဒါကတော့ ညှိယူကြရမှာပေါ့ကွာ။ မဟုတ်ဘူးလား ”

“ညှိလို့ကိုမရဘူး သူငယ်ချင်း၊ ပိုဆိုးတာ တစ်ခုရှိသေးတယ်။ ငါကငယ်ငယ်လေးကတည်းက ချုချာတဲ့သူလေ။ ဒီတော့ ခေါင်းကိုက်၊ ဗိုက်နာတာမျိုးက ခဏခဏဖြစ်တတ်တာ၊ ငါကလည်း ဂရုစိုက်စေချင်လို့ သူ့ကိုပြောပြရင် ဘယ်ဆေး ဘယ်ဆေးသောက်လိုက်ပေါ့ဆိုပြီး ခပ်ပေါ့ပေါ့လေးပဲ ပြောတတ်တယ်။ ငါကလည်း သက်သာရဲ့လား ဘယ်လိုနေသေးသလဲစသည်ဖြင့် မေးစေချင်တာပေါ့။ တစ်ခါက ငါကသူ့ကို အဲ့ဒီအကြောင်း ဖွင့်ပြောတော့ သူကဘာပြောတယ်ထင်လဲ”

“အင်း ဆိုစမ်းပါဦး”

“ရှင်ကလေ အိမ်ထဲမှာပဲနေပြီး သိမ်း ထုပ်သေချာတဲ့ အိမ်ရှင်မမျိုးကို ယူသင့်တာ၊ ကျွန်မလို လူစားမျိုးကိုယူဖို့ မကောင်းဘူးတဲ့… ကဲ။ တစ်နေ့ တစ်နေ့သူနဲ့ငါ တွေ့ချိန်နည်းလာတယ်။ ငါကလည်း ကျောင်းကဆင်းရင် စာအုပ်တွေနဲ့ပဲ အချိန်ဖြုန်းနေတတ်သလို သူကလည်း ဆေးခန်းက ညဘက်ကျမှ ပြန်ရောက်လာတဲ့အခါ ပင်ပန်းနေပြီ။ ငါတို့နှသ်ယောက် အေးအေးလူလူ စကားမမြည် ထိုင်ပြောဖို့အချိန်ဟာ သိပ်ရှားသွားပြီ။ နောက်ဆုံးတော့ကွာ အကောင်းဆုံးနည်းလမ်းကိုပဲ ရွေးလိုက်ကြတာပေါ့။ ဒါပါပဲ။”

စာရွက်ပေါ်မှာ တွက်ချက်ကြည့်ပြီး အသင့်တော်ဆုံးဆိုတဲ့ သူနှစ်ဦးကို ဆက်သွယ်ပေးလိုက်ခြင်းဟာ အခါခပ်သိမ်း အဆင်မချောတတ်ဘူးဆိုတာကိုတော့…..။

နှင်းဆီခင်

Tags:

Comments are closed.