6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၂၊ ၂၀၁၆
M-Media

tajamul_islam_3077342f

– အီတလီနိုင်ငံ အန်ဒရီယာမြို့တွင် ကျင်းပပြုလုပ်နေသည့် အသက် ၈ နှစ်အောက် ကမ္ဘာ့ကစ်ဘောက်ဆာ ချန်ပီယံရှစ်ပြိုင်ပွဲတွင် အိန္ဒိယမွတ်စလင် အမျိုးသမီးငယ်တစ်ဦးမှာ နိုင်ငံအတွက် ရွှေတံဆိပ်ဆု ရယူပေးခဲ့သည်ဟု သိရသည်။

ကက်ရှ်မီးယားဒေသ ဘာဒီပိုရာခရိုင်ရှိ တာက့်ပိုရာရွာတွင် နေထိုင်သည့် အသက် ၈ နှစ်အရွယ် တာဂျာမူလ် အစ္စလာမ်ဆိုသူ ဖြစ်ပြီး ဗိုလ်လုပွဲတွင် အမေရိကန်ကစားသမားကို အနိုင်ယူကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

“၅ ရက်အတွင်း တာဂျာမူလ် အစ္စလာမ်ဟာ ၆ ပွဲ အနိုင်ကစားခဲ့တာပါ” ဟု ၎င်း၏ နည်းပြဖြစ်သူ ဖာစီလ်အလီက ပြောကြားခဲ့သည်။

Army Goodwill ကျောင်းတွင် ဒုတိယတန်း တက်ရောက်နေသည့် တာဂျာမူလ်မှာ မတည်မငြိမ်ဖြစ်သည့် ကက်ရှ်မီးယားဒေသမှ ထိုကဲ့သို့ ကမ္ဘာ့အဆင့် အောင်မြင်မှုရသည့် ပထမဆုံး အားကစားသမားလည်းဖြစ်သည်။

အီတလီတွင် ကျင်းပနေသည့် အဆိုပါ ကစ်ဘောက်ဆာချန်ပီယံရှစ်ပြိုင်ပွဲသို့ နိုင်ငံပေါင်း ၉၀ မှ ၀င်ရောက်ယှဉ်ပြိုင်ကြသည်။

“သူဟာ ၈ နှစ်အရွယ်နဲ့ ရွှေတံဆိပ်ရခဲ့ပြီး သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူလိုက်တာဖြစ်ပါတယ်” ဟု ပြည်သူ့ ဒီမိုကရက်တစ်ပါတီ၏ အကြီးအကဲဖြစ်သူ ၀ါဟစ် ပါရာက ပြောကြားခဲ့သည်။ ၎င်းမှာ J&K State Sports Council ၏ အတွင်းရေးမှူးလည်းဖြစ်သည်။

၂၀၁၅ ခုနှစ်ကလည်း တာဂျာမူလ်မှာ နယူးဒေလီတွင် ကျင်းပသည့် နိုင်ငံလုံးဆိုင်ရာ ကစ်ဘောက်ဆာချန်ပီယံရှစ်တွင် ရွှေတံဆိပ်ဆုတစ်ခု ရရှိဖူးပြီး နိုင်ငံတော်၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။ သူမ၏ မောင်နှင့် ညီမနှစ်ဦးမှာလည်း ကစ်ဘောက်ဆာကို လေ့ကျင့်သင်ယူနေသည်။

အိန္ဒိယ ပညာရေးဝန်ကြီး နာယင်းမ် အခ်တာရ်ကမူ နာဂျာမူလ်၏ အောင်မြင်မှုကို ချီးကျူးခဲ့ပြီး “ဂုဏ်ယူဖွယ်ရာ အချိန်ပါပဲ” ဟု ပြောကြားခဲ့သည်။

Ref : The Hindu

Comments are closed.