6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

၂၀၀၁ စက်တင်ဘာ ၁၁ရက်နေ့တွင် ဖြိုချဖျက်ဆီခံလိုက်ရသော  ကမ္ဘာကန်ုသွယ်ရေးအဆောက်အဦးအနီး
ဆောက်လုပ်မည့် အစ္စလာမ်လူမှုရိပ်သာ အစီစဉ်ကို အမေရိကန် သမ္မတအိုဘားမားက ထောက်ခံပြောဆို လိုက်ပြီးနောက် အမေရိကန်ပြည်သူများက အိုဘားမား၏ ကိုးကွယ်ရာ ဘာသာတရား အပေါ် သံသယများ ဖြစ် လာခဲ့ကြသည်။

အိုဘာမားကို ခရစ်ယာန်ဟုယုံကြည်သူ အရေအတွက် သည်လည်း ၄၃% ကနေ ၃၄%ထိလျော့နည်း ကျဆင်းခဲ့သည်နည်းတူ အမေရိကန်ပြည်သူ ၁၈%က အိုဘာမားသည်မွတ်စလင်ဖြစ်ကြောင်း ထုတ်ဖေါ်ခဲ့ကြသည်။
ထို့ကြောင့် အမေရိကန်သမ္မတအိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်က သမ္မတအိုဘားမားသည် ဘာသာတရားကိုင်းရှိုင်း တက်သည့် နေစဉ်ဝတ်တက်သူ ခရစ်ယာန် တစ်ဦးသာဖြစ်ကြောင်းရှင်းလင်း ပြောဆိုခဲ့ပါသည်။

၎င်းပြောခွင့်ရပုဂိုလ်က အမေရိကန်အများစုသည် စီးပွါးရေးနှင့် အာဖဂန်နစ္စတန်၊အီရတ် အရေးတို့ကိုသာ အာရုံစိုက်နေသဖြင့် သမ္မတကြီး၏ ကိုးကွယ်ရာနှင့် စပ်လျဉ်းပြီး သတိမထားခဲ့ဟန်တူကြောင်း သုံးသပ်ပြောဆိုပါသည်။

ယခင် အမေရိကန် သမ္မတဟောင်းများဖြစ်ကြသော ဘီလ်ကလင်တန်၊ ဂျောဒလျူ ဘုရှ် တို့ကဲ့သို့ လူမြင်ကွင်းတွင် ကိုးကွယ်ရာဘာသာတရာကို မပြသခဲ့သဖြင့် ပြည်သူများ၏ အထင်လွဲခြင်း ခံနေရကြောင်း လူထု သဘောထား ကောက်ယူရေး ဌာနမှ သုံးသပ်ထားသည်။

သမ္မတအိုဘားမားသည် ကင်ညာနိုင်ငံမှ ဖခင်မွတ်စလင် ၊ကင်းဆက်ပြည်နယ်က ခရစ်ယာန်မိခင်တို့ ကနေမွေးဖွါလားသော ခရစ်ယာန်တစ်ဦးဖြစ်သည်။ မွတ်စလင်အများစုနေထိုင်ရာ အင်ဒိုနီးရှားတွင် အိုဘာမားအသက် ၆နှစ်မှ ၁၀နှစ်အတွင်း နေထိုင်ခဲ့သည်။ လက်ရှိသူ၏ ဖခင်ဘက်မှ အဘွာအဘိုးဦးလေးစသည့် ဆွေမျိုးများသည် မွတ်စလင်များဖြစ်ကြသည်။ ဘားရက်ဟူစိန် အိုဘာမားဟုသောနာမည်ကြောင့် လည်း အများက သူအားမွတ်စလင်အဖြစ်
သံသယ၀င်ခဲ့ခြင်းဖြစ်သည်။

Tags:

Leave a Reply