6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၁၁၊ ၂၀၁၆
M-Media
သူရိန်
1491
၁၄၉၁ ကြိမ်မြောက် မဟာတမန်တော်နေ့ အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံဆရာတော်များ ပါဝင်သော တရားပွဲ တစ်ရပ်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ မြေနီကုန်းတွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

ဟောပြောပွဲတွင် ငြိမ်းချမ်းရေးနှင့် မေတ္တာ ‘အား’  ခေါင်းစဉ်ဖြင့် ဘာသာအသီးသီးမှ ဦးစီးရှေ့ဆောင် ဆရာတော်များ ဓမ္မကထိကများ က ဦးဆောင် ဟောပြောကြမည်လည်း ဖြစ်ကြောင်းသိရသည်။

ဗုဒ္ဓဘာသာမှ မေတ္တာကမ်ပိန်း ပဓာန နာယက ဆရာတော်ကြီးဖြစ်သော မန္တလေးမြို့ မြဝတီမင်းကြီး ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တ အရိယာဝံသာ ဘိဝံသ အမှူးပြုသော ဆရာတော် သံဃာတော်များက ဓမ္မနှင့် ငြိမ်းချမ်းရေး အမြင်များကို ဟောပြော ကြမည်လည်း ဖြစ်သည်။

ထိုပြင် ခရစ်ယာန် ဘာသာမှ ကက်သလစ် ဘုန်းတော်ကြီး Fr.မောရစ် ညွန့်ဝေ ဟိန္ဒူ ဘုန်းတော်ကြီးများ အဖွဲ့ချုပ် ဥက္ကဌ မေတ္တာကမ်ပိန်း နာယက စရီဦးမောင်မြင့်တို့ကလည်း ၄င်းတို့၏ တရားဓမ္မ အမြင်များကို မျှဝေဟောပြော ကြမည်လည်းဖြစ်သည်။

အစီအစဉ်တွင် အစ္စလာမ်ဓမ္မဗိမာန်မှ ဦးဆောင်ဆော်သြရေးမှူး အလ်ဟာဂ်ျ ခလီဖွာ ဦးအေးလွင်နှင့် အလ်ဟာဂ်ျ ဒေါက်တာဆောင်းလွင်အောင် တို့ကလည်း မဟာတမန်တော်မြတ်ကြီးနှင့် ငြိမ်းချမ်းရေး အကြောင်းကို ဟောပြောမည်ဟု သိရသည်။

အဆိုပါ တရားပွဲအစီအစဉ်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့ ည ၇ နာရီခွဲတွင် ရန်ကုန်မြို့စမ်းချောင်းမြို့နယ် ရှမ်းကုန်းလမ်း ရှိ ကူဝသုလ် အစ္စလာမ် ရာသစ်ဗ် အဖွဲ့ ရုံးခန်းရှေ့ပရဝုဏ်အတွင်း ကျင်းပမည်ဖြစ်သည်။

တရားပွဲကို မေတ္တာ ကမ်ပိန်း နှင့် ကူဝသုလ် အစ္စလာမ် ရာသစ်ဗ် အဖွဲ့တို့မှ မဟာတမန်တော်နေ့ အထိမ်းအမှတ် အဖြစ် ပူးတွဲစီစဉ် ကျင်းပခြင်းဖြစ်သည်။

Comments are closed.