6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၁၁၊ ၂၀၁၇
M-Media

sa-2

အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ခန့်အပ်ခံခဲ့ရသည့် ဦးသောင်းထွန်း

– ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တစ်ဦးကို ခန့်အပ်တာဝန်ပးလိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၁/၂၀၁၇ နဲ့ ဒီနေ့မှာ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံရသူကတော့ ဦးသောင်းထွန်းဖြစ်ပြီး ပြည်တွင်းပြည်ပ အန္တရာယ်တွေနဲ့ပတ်သက်လို့ မဟာဗျူဟာရှုထောင့်က လေ့လာသုံးသပ် အကြံပြုနိုင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အစည်းအဝေး အမှတ်စဉ် (၁၈/၂၀၁၆) မှာ သဘောတူဆုံးဖြတ်ခဲ့တယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ဦးသောင်းထွန်းဟာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နိုင်ငံရေးရာ ဦးစီးဌာန ညွှန်ကြာရေးမှူးချုပ်၊ ဖိလစ်ပိုင်နဲ့ ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၁၉၇၂ ခုနှစ်ကနေ ၂၀၁၀ ခုနှစ် ဧပြီလအထိ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး အဲဒီကာလအတွင်းမှာ ရုံးချုပ်မှာ ရာထူးအမျိုးမျိုး၊ နိုင်ငံခြားတိုင်းပြည်တွေမှာ သံတမန်ရာထူးအမျိုးမျိုးကို ထမ်းဆောင်ခဲ့ပါတယ်။

ရန်ကုန် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်က သိပ္ပံဘွဲ့ကို ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံ နိုင်ငံခြားဘာသာတက္ကသိုလ်က ပြင်သစ်ဘာသာ ဒီပလိုမာကိုလည်း ရရှိခဲ့ပါတယ်။ ၁၉၈၄ မှ ၁၉၈၅ ခုနှစ်ထိ အမေရိကန်ပြန်ထောင်စု ၀ါရှင်တန်ဒီစီရှိ Johns Hopkins တက္ကသိုလ် နိုင်ငံတကာလေ့လာရေးကျောင်း (SAIS)မှာ Fulbright ပညာသင်ဆုနဲ့ တက်ရောက်ခဲ့ပြီး နိုင်ငံတကာ ပြည်သူ့ရေးရာမူဝါဒ ဘာသာရပ်နဲ့ မဟာဘွဲ့ရရှိခဲ့ပါတယ်။

၂၀၁၀ ကနေ ၂၀၁၅ ထိ အရှေ့တောင်အာရှလေ့လာရေးဌာန ISEAS-Yusof Ishak Institute မှာ Visiting Senior Research Fellow တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။

ဦးသောင်းထွန်းဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမျိုးသားကော်မရှင် (NCEA) နဲ့ မြန်မာနိုင်ငံ မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ (MISIS) မှာ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ Myanmar Development Research Institute (MDRI) ရဲ့ အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့ပါတယ်။

လက်ရှိမှာတော့ Shell Myanmar Energy ကုမ္ပဏီရဲ့ အစိုးရ ဆက်ဆံရေး အကြံပေးအဖြစ် လုပ်ကိုင်နေပါတယ်။

sa

နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာ

ဦးသိန်းစိန်အစိုးရပေါ်အမြင်

၂၀၁၁ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့က အလ်ဂျာဇီးရားသတင်းဌာနမှာ ဖော်ပြခဲ့တဲ့ ဦးသောင်းထွန်းရဲ့ ဆောင်းပါးမှာ ဦးသိန်းစိန်အစိုးရဟာ စစ်အာဏာရှင်ဟောင်းရဲ့ ရုပ်သေးအစိုးရလို့ စောင့်ကြည့်သူတွေက ယူဆခဲ့ကြပေမယ့် အာဏာရပြီး ၆ လအတွင်း ပြုလုပ်ခဲ့တဲ့ ဆာင်ရွက်မှုတွေ၊ ပေါ်လစီဟောင်းတွေကို ဖယ်ရှားပြီး ပိုမိုပွင့်လင်းတဲ့ ပေါ်လစီအသစ်တွေကို ဖော်ဆောင်မှုတွေက ဒီလို ယူဆချက်တွေ မှားယွင်းကြောင်း သက်သေပြနေတယ်ဆိုတာကို မိမိသိရှိကြောင်း ရေးသားဖော်ပြထားပါတယ်။

နောက်ပြီး သမ္မတသစ်ဟာ အမှန်တကယ် ပြုပြင်ပြောင်းလဲချင်တဲ့ဆန္ဒ ရှိနေပြီး အမျိုးသားရင်ကြားစေ့ရေး၊ ဒီမိုကရက်တစ်ပါတီများ အားကောင်းစေရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အပြောနဲ့သာ မဟုတ်ဘဲ အလုပ်နဲ့ သက်သေပြခဲ့ကြောင်း ဦးသောင်းထွန်းက မှတ်ချက်ပြုခဲ့ပါသေးတယ်။

ဦးသောင်းထွန်းဟာ ၂၀၀၆ လခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမှာပြုလုပ်ခဲ့တဲ့ နိုင်ငံခြားသတင်းဌာနတွေနဲ့ ဖိုရမ်မှာ စစ်အာဏာရှင်က ဦးဆောင်မယ့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ‘ပြဿနာရှာလို့ ရမှာ မဟုတ်တော့ဘူး’ ဆိုတဲ့ စကားတစ်ခွန်း ပြောခဲ့ဖူးပြီး မီဒီယာတွေမှာ ရေပန်းစားခဲ့ပါတယ်။

Ref : Aljazeera, MOI, DVB, Myanmar Forum 2016

Comments are closed.