6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်နဝါရီ ၂၉၊၂၀၁၇
M-Media
သီဟ ရှာဖွေ တင်ဆက်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်လေဆိပ် နိုင်ငံတကာဆိုက်ရောက်ဆောင်ရှေ့ တက္ကစီ စတန်းမှာ ဦးခေါင်းကို သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဦးကိုနီ၏ ကိုယ်ရေးမှတ်တမ်းအကျဉ်း
————————————
ဦးကိုနီ [ B.A (Law) ;LL.B. ]
တရားလွှတ်တော်ရှေ့နေ (စဉ်-၁၈၄၇)
ဥက္ကဌ
LAUREL ဥပဒေအတိုင်ပင်ခံလုပ်ငန်း
အမှတ်- ၁၂၈၊(ပ)ထပ်၊၄၁လမ်း၊ရန်ကုန်။

ဦးကိုနီအား ဖခင် ဦးစူလ်တန်၊ မိခင်-ဒေါ်ခင်လှ(ခ) ဒေါ်ဟလီမာတို့မှ စစ်ကိုင်း တိုင်းဒေသကြီး ကသာခရိုင်၊ကသာမြို့နယ်၊ အင်းရွာကျေးရွာတွင် ၁၉၅၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်၊ မွေးဖွားခဲ့ပြီး ယခုလုပ်ကြံခံရချိန်တွင် အသက် (၆၄)နှစ် ပြည့်တော့မှာ ဖြစ်ပါသည်။

ကသာမြို့ အ.ထ.က (၁)ကျောင်းမှ ၁၉၇၁ ခုနှစ်တွင်တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီးနောက် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် ဆက်လက်ပညာ ဆည်းပူးခဲ့ရာ ၁၉၇၅ ခုနှစ်တွင် B.A (Law) ဘွဲ့ကိုလည်းကောင်း၊ ၁၉၇၆ ခုနှစ်တွင် LL.B. ( ဥပဒေဘွဲ့)ကိုလည်းကောင်းရရှိ ခဲ့ပါသည်။

၁၉၇၅-၁၉၇၆ ပညာသင်နှစ်အတွင်း ရန်ကုန်တက္ကသိုလ်ဥပဒေအသင်းကြီး၏ ဒုတိယဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၁၉၇၇ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း ရန်ကုန် အဝေးသင်တက္ကသိုလ် ဥပဒေပညာဌာနတွင် နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

၁၉၇၆ ခုနှစ်တွင် ဥပဒေဘွဲ့ရရှိပြီးနောက် အဝေးသင်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ရင်း ဆရာကြီး ဦးကိုယု၏ ရှေ့နေ ချိန်ဘာတွင် အလုပ်သင်ရှေ့နေအဖြစ်လည်း ကောင်း၊ အမှုလိုက်ရှေ့နေအဖြစ်လည်းကောင်း၊ လုပ်ငန်းတာဝန်များကို လုပ်ကိုင်ခဲ့ပါသည်။ ကျောင်းဆရာအလုပ်ကို ဝါသနာပါ နှစ်သက်သည့်အလျောက် မေတ္တာဖြင့် ဟောပြောပို့ချမှုများကို တတ်နိုင်သမျှ ပြုလုပ်ခဲ့ပါသည်။

၁၉၉၅ ခုနှစ်မှစ၍ LAUREL LAW FIRM ကို တရားဝင်မှတ်ပုံတင် တည်ထောင်ကာ ဥက္ကဌ အဖြစ် ဥပဒေအကျိုးဆောင်များအား သင်တန်ပေးခြင်း၊ လွှတ်တော်အမတ်များအား ဥပဒေရေးရာဆိုင်ရာ သင်ကြားပို့ချပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။

ဦးကိုနီမှာ Laurel ဥပဒေအကျိုးဆောင်အဖွဲ့၏ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေပြီး ရာဇ၀တ်မှုဆိုင်ရာ အမှုအခင်းပေါင် ၉၀၀ ကျော်၊ နိုင်ငံသားဆိုင်ရာ အမှုပေါင်း ၁၄၀၀ ကျော်ကို ကိုင်တွယ်ဆောင်ရွက်ခဲ့သူဖြစ်သည်။ ပြီးခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များကို စီးပွားရေးဆိုင်းရာ၊ နိုင်ငံရေးဆိုင်ရာ၊ ဥပဒေရေးရာ အကြံပေးမှုများလည်း ပြုလုပ်ခဲ့သည်။

ဦးကိုနီမှာ ဥပဒေရးရာနှင့် ဖွဲ့စည်းပုံ အခြေခံဥပေဒ ပြင်ဆင်ရေးဆိုင်ရာ၊ ဒီမိုကရေစီဆိုင်ရာ စာအုပ်များ၊ ဆောင်းပါးများကိုလည်း အမြောက်အများ ရေးသားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥပဒေအကြံပေးကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဗဟိုကော်မတီ၏ အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ဥပဒေရေးရာ အကူအညီအပေးရေးကော်မတီ၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်နေသည်။

ထို့ပြင် မြန်မာနိုင်ငံ လွတ်လပ်သော ဥပဒေအကျိုးဆောင်များအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ၊ ဗဟိုကော်မတီအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး၊ နိုင်ငံတာရှေ့နေများအသင်း၊ မြန်မာစာရေးဆရာများအသင်းတို့၏ အဖွဲ့ဝင်လည်းဖြစ်သည်။

ကွယ်လွန်ချိန်တွင် ဇနီးနှင့် သမီး ၂ ဦး ၊ သား ၁ ဦးတို့ ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

Tags:

Comments are closed.