5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၇၊ ၂၀၁၇
M-Media

– သြစတေးလျနိုင်ငံရှိ ခရစ်ယာန်ကက်သလစ်ဘုန်းတော်ကြီးများ၏ ၇ ရာခိုင်နှုန်းခန့်မှာ ၁၉၅၀ မှ ၂၀၁၀ ခုနှစ်အတွင်း ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုများရှိခဲ့သည်ဟု စွပ်စွဲခံခဲ့ရပြီး၊ ထိုအထဲမှ အနည်းငယ်သာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့သည်ဟု ဆစ်ဒနီရှိ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောကြားလိုက်သည်။

ကလေးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းထားသည့် Royal Commission into Institutional Responses to Child Sexual Abuse အဖွဲ့က ယမန်နေ့ ကြားနာမှုအတွင်း ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ထိုအဖွဲ့မှာ ပြီးခဲ့သည့် ၁၀ စုနှစ်များအတွင်း စွပ်စွဲချက်များနှင့်ပတ်သက်၍ ကက်သလစ်အသင်းတော်နှင့် ပူးပေါင်းကာ စုံစမ်းနေခြင်းဖြစ်သည်။

၁၉၈၀ မှ ၂၀၁၅ ခုနှစ်အတွင်း ကက်သလစ်ဘုန်းတော်ကြီးများ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့သည်ဆိုသည့် စွပ်စွဲမှုပေါင်း ၄၄၄၄ ခုကို ထိုအဖွဲ့က ရရှိခဲ့ပြီး၊ ဘုန်းတော်ကြီး၊ သာသနာ့ဝန်ဆောင် ပုဂ္ဂိုလ်နှင့် သီလရှင် စုစုပေါင်း ၁၂ ၆၅ ဦး ပါဝင်သည်ဟု ဆိုသည်။

“ဒီအရေအတွက်က တုန်လှုပ်စရာပါပဲ။ ဆိုးရွားပြီး မချေပနိုင်လောက်စရာ ကိစ္စပါ။ ကက်သလစ်ဘာသာဝင်တွေဖြစ်တဲ့ ကျွန်တော်တို့ဟာ ခေါင်းမဖော်နိုင်လောက်အောင် ရှက်ရပါတယ်” ဟု ကက်သလစ်အသင်းတော်၏ ‘အမှန်တရား၊ တရားရေးနှင့် နှစ်သိမ့်ရေး ကောင်စီ’ မှ အကြီးအကဲ ဖရန့်ကလင်း ဆူလီဗန်က ပြောကြားခဲ့သည်။

ထို့ပြင် ကလေးငယ်များကို ထိုကဲ့သို့ စော်ကားသူများ၏ လက်မှ ကာကွယ်ရန် သြစတေးလျ ကက်သလစ်အသင်းတော်ဘက်မှ သိသိသာသာ လစ်လျူရှုခဲ့သည်ဟုလည်း ဆိုသည်။

ကျူးလွန်သူများ၏ ၉၀ ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ကြပြီး၊ ကျူးလွန်မှုကို စုံစမ်းစစ်ဆေးခြင်း မရှိကြောင်း၊ ကျူးလွန်ခံရသည့် ကလေးများမှာ လစ်လျူရှုခံရကြောင်း၊ ကျူးလွန်သူများကို နေရာရွှေ့ပြောင်းပေးလေ့ရှိပြီး နေရာသစ်ကလည်း ၎င်းတို့၏ အကြောင်းကို မသိရှိကြောင်း၊ အထောက်အထားများကို သိမ်းဆည်းထားခြင်းမရှိဘဲ၊ ဖျက်ဆီးကြောင်း အကြီးတန်းအကြံပေး ဂေးလ် ဖားနက်စ်က ပြောကြားခဲ့သည်။

Ref: Aljazeera

Comments are closed.