6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၈၊ ၂၀၁၂
M-Media
သတင်း – ဇာဏီ

အောက်တိုဘာ ၁၆-ရက်နေ့ထုတ် ဗီးနပ်စ်ဂျာနယ်တွင် ဖော်ပြခဲ့သော အကြောင်းအရာများနှင့်ပတ်သက်ပြီး ရမည်းသင်းမြို့ ဗမကရပ်ကွက် ဒေသခံ တိုင်းရင်းသား ဗမာမွတ်စလင်မ်များက တရားစွဲရန် စီစဉ်နေကြောင်း သတင်းရရှိပါသည်။

ဗီးနပ်စ်ဂျာနယ်တွင်  အကြမ်းဖက်သူများကြောင့် လူငယ်နှစ်ဦး ဓားထိုးခံရကာ တစ်ဦးသေဆုံးခဲ့ကြောင်း၊ ဘုန်းကြီးကျောင်း မုခ်ဦးနှင့် တံခါးတွေ မွတ်စလင်မ်တွေ ဖျက်ဆီးခဲ့ကြောင်း ၊ဗမကရပ်ကွက်တွင် ရိုဟင်ဂျာ၊ ဘင်္ဂါလီများဖြစ်တယ်ဆိုပြီး ဒုရဲအုပ်ကျော်နိုင်လွင်က ပြောခဲ့တယ်လို့ ဗီးနပ်စ်ဂျာနယ်မှာဖော်ပြခဲ့ပါတယ်။

တိုင်းပြည်အတွင်း မတည်ငြိမ်မှုများဖြစ်နေသော ယခုလိုအချိန်မျိုးတွင် မဟုတ်မမှန်သတင်းပေးသည့် ဒုရဲအုပ်ကျော်နိုင်လွင်နှင့် ဗီးနပ်စ်ဂျာနယ်တို့အား ရမည်းသင်းမြို့ ဗမကရပ်ကွက်ရှိ ဒေသခံတိုင်းရင်းသား ဗမာမွတ်စလင်မ်များက စိတ်ဆိုး ဒေါသဖြစ်ကြကြောင်း၊ တိုင်းပြည်ရဲ့ဝန်ထမ်းတစ်ဦးဖြစ်ပြီး မှန်ကန်စွာရပ်တည်မှုမရှိဘဲ လိမ်ညာပြောသည့် ရမည်းသင်းရဲစခန်းမှ ဒုရဲအုပ်ကျော်နိုင်လွင်နှင့် ဗီးနပ်စ်ဂျာနယ်တို့အား တရားစွဲဆိုမည်ဖြစ်သည့်အတွက် လုပ်သင့်သည်များကို လုပ်ဆောင်နေပြီဖြစ် သိရပါတယ်။

ယခုလို မမှန်မကန်လုပ်သည့်ကိစ္စရပ်များအားလည်း ပြည်ထောင်စုလွှတ်တော်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသော တရားဥပဒေစိုးမိုးရေးကော်မတီသို့လည်း စာပို့၍ တိုင်ကြားသွားမည်ဟု သိရပါသည်။

ရမည်းသင်းမှာ ဖြစ်ခဲ့ကိစ္စနှင့်ပတ်သက်ပြီး မန္တလေးတိုင်း ဒုရဲမှူးဦးထွန်းနိုင်ကိုယ်တိုင် တက်ရောက်ရှင်းလင်းခဲ့တဲ့ တွေ့ဆုံပွဲမှာ ဘုန်းကြီးရိုက်ခံရတဲ့ သတင်း၊ ရန်ပွဲတွင် ဓါးထိုးခံရသည့်မှာ မွတ်စလင်မ်များကြောင့် မဟုတ်ကြောင်း၊ ယင်းအဖြစ်အပျက်ကြောင့် သေဆုံးခဲ့သူ လုံးဝမရှိကြောင်း နှင့် အွန်လိုင်းမှာ ပြန့်နှံ့နေသည့် ဘုန်းကြီးကျောင်း ဖျက်ဆီးခံရသည့် သတင်းများမှာ သတင်းမှားများဖြစ်ကြောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများ ကိုယ်တိုင် ရှင်းလင်းပြောကြားခဲ့ပြိးဖြစ်ပါတယ်။

Leave a Reply