6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၂၁၊ ၂၀၁၇
M-Media

– ဖိလစ်ပိုင်မှ လက်ဝှေ့ကျော် ပက်ကွီအိုမှာ ဗြိတိန်လက်ဝှေ့သမား အမီးရ်ခန်းနှင့် မေလ ၂၀ ရက်နေ့တွင် ထိုးသတ်သွားမည်ဟု ဗြိတိန်မီဒီယာများက တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၀ ရက်နေ့) တွင် ဖော်ပြခဲ့သည်။

အမီးရ်ခန်း၏ ဇာတိ ဘော်လ်တန် သို့မဟုတ် မန်ချက်စတာမြို့တွင် ဖြစ်လာနိုင်သည့် အဆိုပါ လက်ဝှေ့ပွဲအတွက် လက်ရှိတွင် နှုတ်ဖြင့် သဘောတူညီမှု ရရှိခဲ့သည်ဟု The Times သတင်းဌာနက ဆိုသည်။

ပက်ကွီအိုမှာ ၎င်း၏ နောက်ထပ်ထိုးသတ်မည့်သူအတွက် Twitter စာမျက်နှာမှတစ်ဆင့် မဲပေးရွေးချယ်ခိုင်းခဲ့ပြီး ပရိတ်သတ်များက စုစုပေါင်း မဲအရေအတွက် ၄၈ ရာခိုင်နှုန်းဖြင့် အသက် ၃၀ အရွယ် အမီးရ်ခန်းကို မဲပေးခဲ့ခြင်းဖြစ်သည်။

အသက် ၃၇ နှစ်အရွယ် ပက်ကွီအိုမှာ လက်ဝှေ့လောကမှ အနားယူပြီဟု ကြေငြာခဲ့ပြီးနောက်ပိုင်း ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာရာတွင် အမေရိကန်လက်ဝှေ့သမား ဂျီစီ ဗားဂက်စ်ကို နိုဝင်ဘာတွင် အမှတ်ဖြင့် အနိုင်ရခဲ့သည်။ ထိုပွဲပြီးနောက် ပက်ကွီအိုက မေ၀ယ်သာအနေဖြင့် ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လျှင် ပြန်လည် ထိုးသတ်ရန် အသင့်ရှိနေသည်ဟု ပြောကြားခဲ့သည်။

မေ၀ယ်သာနှင့် ပက်ကွီအိုတို့မှာ ၂၀၁၅ ခုနှစ် မေလက ထိုးသက်ခဲ့ပြီး မေ၀ယ်သာက အမှတ်ဖြင့် အနိုင်ရခဲ့သည်။ ထို့နာက်တွင် မေ၀ယ်သာမှာ ၄၉ ပွဲနိုင် ရှုံးပွဲမရှိရလဒ်ဖြင့် လက်ဝှေ့လောကကို စွန့်ခွာသွားခဲ့သည်။

ခန်းမှာ ပြီးခဲ့သည့်မေလက ဆာအူလ် အလ်ဗာရက်ဇ်နှင့် ထိုးသတ်ခဲ့ပြီး အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

Ref: CNA

Tags:

Comments are closed.