6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၁၇၊ ၂၀၁၇
M-Media

– ဂျပန်ဘုရင်ကြီး အကီဟီတိုရဲ့ အကြီးဆုံး မြေးဖြစ်သူ တော်ဝင်မင်းသမီး မာကိုဟာ သာမန်ပြည်သူတစ်ဦးကို လက်ထပ်ဖို့အတွက် အဆောင်အယောင်အားလုံးကို စွန့်လွှတ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အသက် ၈၃ နှစ်အရွယ် ဘုရင်ကြီး အကီဟီတိုက သူ့အနေနဲ့ အသက်အရွယ် အလွန်ကြီးရင့်နေတာကြောင့် တိုင်းပြည်တာဝန်ကို ဆက်လက် မထမ်းဆောင်နိုင်တော့ဘူးလို့ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ပြောကြားထားပြီး သူ့ကို ဘုရင်ရာထူးကနေ ဖယ်ရှားမယ့် မူကြမ်းကို အခုတစ်ပတ် သောကြာနေ့မှာ ဂျပန် ကက်ဘိနတ်က
အတည်ပြုဖို့ ရှိနေပါတယ်။

ဒါဟာ ရာစုနှစ် ၂ ခုနီးပါးအတွင်း ပထမဆုံး နန်းစွန့်မယ့် ဂျပန်ဘုရင် ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီဥပဒေမူကြမ်းမှာ ထီးမွေနန်းလျာကို ယောက်ျာလေးသာ ဆက်ခံရမယ်ဆိုတဲ့ ဥပဒေကို ပြင်ဆင်ဖို့၊ ဒါမှမဟုတ် အမျိုးသမီးက ထီးနန်းဆက်ခံနိုင်စေဖို့ လမ်းခင်းပေးမယ့် တော်ဝင်အသိုင်းအ၀ိုင်းက အမျိုးသမီးတွေ အိမ်ထောင်ပြုပြီးရင် အဆောင်အယောင်အတိုင်း ဆက်ထားဖို့ကိစ္စတွေ မပါဝင်ပါဘူး။

လက်ရှိမှာ တော်ဝင်အသိုင်းအ၀ိုင်းက အမျိုးသမီးတွေအနေနဲ့ သာမန်လူတွေနဲ့ လက်ထပ်မယ်ဆိုရင် အဆောင်ယောင်အားလုံးကို စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် မင်းသမီး မာကိုရဲ့ ခင်ပွန်းလောင်းက ကီကိုမူရိုဖြစ်ပြီး သူနဲ့ ကျောင်းနေဖက်လည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦး လက်ထပ်မယ့်ကိစ္စ ထွက်ပေါ်လာပြီးနောက်ပိုင်း ကီကိုမူရိုဟာ သူအလုပ်လုပ်တဲ့ တိုကျိုက ဥပဒေရုံးရဲ အပြင်ဘက်မှာ ဒီနေ့ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ တော်ဝင်အိမ်တော်အေဂျင်စီကတော့ ဒီကိစ္စအတွက် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

“အခုအချိန်ဟာ ပြောရမယ့်အချိန် မဟုတ်သေးပါဘူး။ ဒါပေမယ့် အချိန်တန်တဲ့အခါ ပြောမှာပါ” လို့ အသက် ၂၅ နှစ်အရွယ် ကိုမူရိုက ပြောကြားခဲ့ပါတယ်။

နောက်ပြီး မနေ့က မာကိုနဲ့ စကာနည်းနည်းပြောခဲ့သေးတယ်လို့လည်း သူက ဖွင့်ဟခဲ့ပါတယ်။

လက်ရှိ ဂျပန်ထီးနန်းကို ဆက်ခံမယ့်သူက ၄ ဦးသာရှိပြီး ဧကရာဇ် အကီဟီတိုရဲ့ လူလတ်ပိုင်း သားနှစ်ဦး၊ သူ့ရဲ့ အသက် ၈၀ ကျော်အရွယ်ညီ၊ အကီဟီတိုရဲ့ သားအငယ်ကမွေးတဲ့ အသက် ၁၀ နှစ်အရွယ် ဟီဆာဟီတိုတို့ ဖြစ်ပါတယ်။

ဧကရာဇ်ရဲ့ မြေးကလည်း ၄ ဦးသာရှိပြီး မာကိုနဲ့ ကျန်တဲ့နှစ်ယောက် အမျိုးသမီးတွေ ဖြစ်တာကြောင့် ထီးနန်းဆက်ခံလို့ မရပါဘူး။

မျိုးဆက်ပြတ်တဲ့ ပြဿနာဟာ တော်ဝင်အသိုင်းအ၀ိုင်းအပါအ၀င် ဂျပန်လူ့အဖွဲ့အစည်းတစ်ခုလုံးကို ရိုက်ခတ်နေပြီး မြေးအငယ်ဆုံး ဆာဟီတိုလေးနောက်ပိုင်းမှာ ထီးနန်းစိုးစံဖို့လူ မရှိမယ့်အပေါ် စိုးရိမ်မှုတွေလည်း မြင့်တက်လာနေပါတယ်။

မာကိုဟာ သူ့ရဲ့ ခင်ပွန်းလောင်းလိုပဲ နိုင်ငံတကာ ခရစ်ယာန်တက္ကသိုလ်က ဘွဲ့ရခဲ့တာဖြစ်ပြီး မဟာဘွဲ့ကိုတော့ အင်္ဂလန်က လက်စတာ တက္ကသိုလ်ကနေ ရယူခဲ့ပါတယ်။ လက်ရှိမှာ မင်းသမီးဟာ ပြတိုက်တစ်ခုမှာ အလုပ်လုပ်နေပါတယ်။

Ref: Independent

Tags:

Comments are closed.