5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၂၂၊ ၂၀၁၇
M-Media

– မြန်မာနိုင်ငံ၏ ရွှေလုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင်ရန် စိတ်ဝင်စားသည်ဟု ဒူဘိုင်းအခြေစိုက် ရွှေလုပ်ငန်း Dubai Gold Entrepreneurs Association က စင်ကာပူတွင် ကျင်းပခဲ့သည့် ‘အာရှပစိဖိတ် တန်ဖိုးရှိ သတ္တုများဆိုင်ရာ ညီလာခံ’ တွင် ပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံတွင် ပထမဆုံး ကျင်းပသည့် အဆိုပါ ညီလာခံသို့ မြန်မာနှင့် အခြားနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ ၈ ခု တက်ရောက်ခဲ့သည်။

Dubai Gold Entrepreneurs Association က မြန်မာနိုင်ငံတွင် ကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံကာ ဘဏ်တစ်ခုဖွင့်လှစ်ရန် စိတ်ဝင်စားသည်ဟု ပြောကြားခဲ့ပြီး အထူးသဖြင့် မြန်မာနိုင်ငံရှိ ရွှေဈေးကွက်အတွက် ၀န်ဆောင်မှုပေးရန်ဖြစ်သည်။

“အကြမ်းဖျင်းတော ကျွန်တော်တို့ ဆွေးနွေးပြီးပါပြီ။ ပြည်ထောင်စုဝင်ကြီးကို ကျွန်တော်တို့ ဒီကိစ္စ တင်ပြသွားမှာပါ။ ဒူဘိုင်းက စီးပွားရေးလုပ်ငန်း ဒီလာမယ်ဆိုရင် သူတို့အနေနဲ့ ပြည်ထောင်စုဝန်ကြီးနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုဟာ သက်ဆိုင်ရာဌာနတွေ အားလုံးရဲ့ ခွင့်ပြုချက်နဲ့မှ ဆောင်ရွက်လို့ရတာပါ။ မလုပ်ခင် ပါမစ်ရဖို့ လိုပါတယ်။ ဆွေးနွေးမှုတွေလုပ်ဖို့လည်း လိုပါတယ်” ဟု ဦးကျော်ကျော်က ပြောကြားခဲ့သည်။

Dubai Gold Entrepreneurs Association မှာ ဒူဘိုင်းတွင် ဘဏ်မရှိသော်လည်း ၎င်းတို့နိုင်ငံ၏ ပေါ်လစီအရ စီးပွားရေးလုပ်ပိုင်ခွင့် ရှိနေသည်။

ဦးကျော်ကျော်က ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ချင်ပါက အများပိုင်ကုမ္ပဏီနှင့် ဘဏ်များကို တည်ထောင်ရန် လိုအပ်သည်ဟုဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံသားများက ဘဏ်များကို တိုက်ရိုက် တည်ထောင်နိုင်သော်လည်း စီးပွားရေးအသင်းအဖွဲ့များအနေဖြင့် အများပိုင်ကုမ္ပဏီများ တည်ထောင်ပြီးမှသာ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ရှိသည်။

Ref: mmtimes

Comments are closed.