6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၂၉၊ ၂၀၁၇
M-Media

လိင်စော်ကားမှုဖြင့် တရားစွဲခံရသည့် ကာဒီနယ် ဂျော့ဂ်ျ ပဲလ်

– ပုန်ရဟန်းမင်းကြီး ဖရန်စစ်၏ ဘဏ္ဍာရေးဆိုင်ရာ ထိပ်တန်းအကြံပေးတစ်ဦးဖြစ်သူ ကာဒီနယ် ဂျော့ဂ်ျ ပဲလ်ကို သြစတေးလျ ရဲတပ်ဖွဲ့က လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွဲချက်များဖြင့် တရားစွဲဆိုလိုက်သည်ဟု သိရသည်။

ကာဒီနယ် ဂျော့ဂ်ျပဲလ်မှာ သြစလေးလျ ခရစ်ယာန် ကက်သလစ်အသင်းတော်တွင် ထိပ်တန်း ဘုန်းတော်ကြီးတစ်ပါး ဖြစ်ပြီး၊ ကက်သလစ်အတော်အတွင်း ကာလရှည်ဖြစ်ပွားနေသည့် လိင်ပိုင်းဆိုင်ရာ ပြဿနာကြောင့် တရားစွဲဆိုခံရသူများတွင် ဗာတီကန်မှ ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်လည်းဖြစ်သည်။

ဗစ်တိုးရီးယား ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယ ကော်မရှင်နာမင်းကြီး ရှိန်း ပတ္တန်က ရဲတပ်ဖွဲအနေဖြင့် ကာဒီနယ် ပဲလ်ကို တရားရုံးသို့ လာရောက်ကာ ‘သက်တမ်းတစ်လျှောက် ပြုလုပ်ခဲ့သည့် လိင်ကျူးလွန်မှုများ’ အတွက် စွဲချက်များကို ရင်ဆိုင်ရန် ဆင့်ခေါ်ထားသည်ဟု ပြောကြားခဲ့သည်။

ပတ္တန်၏ ပြောကြားမှုအရ ကာဒီနယ်မှာ လိင်ကျူးလွန်မှုများကို အချိန်အတော်ကြာကတည်းက ဆောင်ရွက်ခဲ့သည်ဟု သဘောသက်ရောက်နေသည်။

ထို့ပြင် အသက် ၇၆ နှစ်အရွယ် ဘုန်းတော်ကြီးမှာ ဇူလိုင်လ ၁၈ ရက်နေ့ ကြားနာမှုအတွက် မဲလ်ဘုန်းတရားရုံးကို လာရောက်ရမည်ဟုလည်း ပတ္တန်က ထည့်သွင်းပြောဆိုခဲ့သည်။

အဆိုပါ စွဲချက်များကို ပဲလ်က လုံးဝလက်မခံဟု သြစတေးလျ ခရစ်ယာန်ကက်သလစ်အသင်းတော်က သတင်းထုတ်ပြန်ခဲ့သည်။

“ခရီးသွားမယ့်ကိစ္စ စီစဉ်စရာတွေအတွက် သူ့ရဲ့ ဆရာဝန်တွေရဲ့ အကြံပြုချက်၊ ခွင့်ပြုချက်တွေကို ရယူပြီးရင်ကာဒီနယ်ပဲလ်ဟာ သြစတေးလျကို အမြန်ဆုံး ပြန်လာပြီး သူရဲ့နာမည်ကို အဖတ်ဆယ်သွားမှာပါ။ တရားရုံးနေ့ရက်တွေအတွက် ပြင်ဆင်နေပြီး စွဲဆိုချက်တွေကို ကြံ့ကြံ့ခံ ရင်ဆိုင်သွားမယ်လို့ သူက ပြောကြာထားပါတယ်” ဟု ဆစ်ဒနီ ကက်သလစ်ဘုန်းတော်ကြီးမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကာဒီနယ်ပဲလ်အပေါ် စွဲဆိုထားသည့် စွပ်စွဲချက်များကို မည်သည့် တရားရုံးကိုမှ မတင်ရသေးကြောင်း၊ ကာဒီနယ်ပဲလ်အနေဖြင့် အခြားသော စွပ်စွဲခံရသူများနည်းတူ ခုခံချေပပိုင်ခွင့် ရှိနေကြောင်း ကြေငြာချက်က ဆိုသည်။

အသင်းတော်အတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို လုံးဝ သည်းမခံဟု ပုပ်ရဟန်းမင်းကြီး၏ ကတိနှင့်ပတ်သက်၍ သံသယမကင်းမှုများ ရှိနေသည့်အချိန်တွင် ယခုစွဲချက်များက ပုန်ရဟန်းမင်းကြီး ဖရန်စစ်အတွက် ထိုးနှက်မှုတစ်ခုလည်း ဖြစ်သည်။

မဲလ်ဘုန်းနှင့် ဆစ်ဒနီတို့၏ ဂိုဏ်းအုပ်ဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် အချိန်တွင် ပဲလ်မှာ ကက်သလစ်ဘုန်းကြီးများ၏ လိင်စော်ကားမှုများကို မှန်မှန်ကန်ကန် ကိုင်တွယ်မှု မရှိဟူသည့် စွပ်စွဲချက်များလည်း ယခင်က ရှိခဲ့သည်။

ဘုန်းကြီးများက ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ခရစ်ယာန် ကက်သလစ်အသင်းတော်နှင့် အခြားသော ခရစ်ယာန်အသင်းအဖွဲ့များက မည်ကဲ့သို့ တုန့်ပြန်သည်ဆိုသည်နှင့် ပတ်သက်၍ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း သြတေးလျအစိုးရက ဦးဆောင်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့်နှစ် စုံစမ်းရေးကော်မရှင်၏ ကြားနာမှုအတွင်း ပဲလ်က ထောင်နှင့်ချီသော ကလေးငယ်များကို ကက်သလစ်ဘုန်းကြီးများက အဓမ္မပြုကျင့်ခြင်း၊ စိတ်အနှောက်အယှက်ပေးခြင်း စသည်တို့ကို အရေးမယူမှုက ကက်သလစ်အသင်းတော်၏ မဟာအမှားများဖြစ်သည်ဟု ၀န်ခံခဲ့သည်။

ထို့ပြင် ၎င်းကိုယ်တိုင်ကလည်း အစော်ကားခံရသူများထက် ဘုန်းကြီးများကို ပို၍ မျက်နှာသာပေးခဲ့ကြောင်း ၀န်ခံခဲ့ကာ ၎င်း၏ ဇာတိ ဘဲလာရတ်တွင် ကက်သလစ်အသင်းတော်၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံရသူများ မိမိကိုယ်ကို သတ်သေမှုအား တိုက်ဖျက်ရန် ကူညီသွားမည်ဟု ပြောကြားခဲ့သည်။

Ref : Aljazeera

 

Comments are closed.