6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

လေဆိပ်လုပ်ကြံမှု အရေးကြီးတရားခံတို့ကို အချုပ်ကားဖြင့် သယ်ဆောင်မှုမပြုခြင်းမှာ လုံခြုံရေးပိုင်းဆိုင်ရာ အားနည်းချက်ဖြစ်သည်ဟု ရှေ့နေက ယူဆသည်။

ဇွန် ၂၃ ရက်နေ့က ရန်ကုန်မြောက်ပိုင်းခရိုင်တရားခွင်မှ အင်းစိန်ထောင်သို့ ပြန်ရမည့် လေဆိပ်လူသတ်မှု အဓိက သံသယတရားခံတိုကို ရဲအစောင့်အရှောက်များနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ – ဖြိုးသီဟချို/Myanmar Now)

ဖြိုးသီဟချို/Myanmar Now

ရန်ကုန် (Myanmar Now) – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးသည့် အချိန်အတွင်း လုံခြုံရေး ပိုမို ချထားသင့်သည်ဟု အာဏာပိုင်တို့ကို တိုက်တွန်းလိုကြောင်း တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်က ဇူလိုင် ၂၁ ရက်နေ့တွင် ပြောလိုက်သည်။

တရားရုံးအနီး ဖြတ်သန်းသွားလာနေသူ များပြားလှပြီး ထိုအမှုနှင့် မဆက်စပ်သည့် မော်တော်ယာဉ် အများအပြားလည်း တရားခံတို့ကို တင်ဆောင်လာသည့် ယာဉ်အနီး ရပ်နားထားတတ်သည်ဟု သူက ဆက်ပြောသည်။

နိုင်ငံတကာက စိတ်ဝင်စားနေသည့် လေဆိပ်လူသတ်မှုနှင့် ပတ်သက်ပြီး အင်းစိန်ထောင်တွင် ထိန်းသိမ်းထားသူတို့ကို တရားခွင်သို့ ခေါ်ဆောင်ရာတွင် အချုပ်ကားကို အသုံးမပြုဘဲ သာမန်ရဲကားကိုသာ အသုံးပြုနေခြင်းမှာလည်း လုံခြုံရေးပိုင်းဆိုင်ရာ အားနည်းချက် ဖြစ်သည်ဟု ယူဆကြောင်း ရှေ့နေက ဆိုသည်။

“သူတို့အနားကိုကပ်သွားတဲ့အခါမှာလည်း လက်နက်ကိုင်လုံခြုံရေးတွေက နည်းနေတယ်။ အဓိကကျတဲ့ တရားခံကို နှုတ်ပိတ်တာတို့ဘာတို့ ဆိုတာ ဖြစ်နိုင်တယ်” ဟု ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ဦးကိုနီလုပ်ကြံခံရမှုကို အကောင်အထည်ဖော်သူများအဖြစ် အာဏာပိုင်တို့ သံသယ ရှိနေသူများထဲတွင် အောင်ဝင်းခိုင်၊ အောင်ဝင်းဇော် နှင့် အောင်ဝင်းထွန်းတို့ ညီအစ်ကိုသုံးဦး၊ ဗိုလ်ကြီးဟောင်း ဇေယျာဖြိုး၊ လေဆိပ်တွင် အနီးကပ် လုပ်ကြံပစ်ခတ်ခဲ့သူ သေနတ်သမား ကြည်လင်းတို့ ပါဝင်သည်။

၎င်းတို့ထဲမှ ၄ ဦးကို ဖမ်းဆီးရမိထားပြီး နေပြည်တော်ပရဆေးဥယျာဉ်အနီးရောက်ရှိပြီးနောက်ပိုင်း ခြေရာပျောက်သွားသည်ဟု အာဏာပိုင်တို့ ကြေညာထားသော ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်သည် လွတ်မြောက်နေဆဲဖြစ်သည်။

မိုင်းဖြတ်မြို့နယ် အမတ်
———————–

အမှုနှင့် ပတ်သက်သည့် သက်သေများအနက် တစ်ဦးဖြစ်သူ မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးလင်းဇော်ထွန်းကို စစ်ဆေးခွင့် မရရှိသေးကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

မိုင်းဖြတ်လွှတ်တော်အမတ်သည် အောင်ဝင်းခိုင်၊ ဇေယျာဖြိုးတို့နှင့်အတူ ရန်ကုန်၊ တာမွေမြို့နယ်ရှိ မော်ဒန် လက်ဘက်ရည်ဆိုင်တွင် ဦးကိုနီနှင့်ပတ်သက်ပြီး ပြောဆို ဆွေးနွေးကြရာမှ မကျေနပ်မှုများဖြစ်ပေါ်လာပြီး လုပ်ကြံမှု ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထုတ်ဖော်ပြောဆိုထားကြောင်း ရှေ့နေက ထောက်ပြသည်။

“ပြည်ထဲရေးက အခိုင်အမာသတင်းရှိလို့ပြောတာပေါ့၊ အဲဒါကို အစစွဲထုတ်ရင်တော့ နောက်ထပ် အစတွေ ထွက်လာဦးမှာပေါ့။ အဲဒါကို ကျွန်တော်တို့ ကြိုးစားနေပါတယ်။ (ဦးလင်းဇော်ထွန်းက) သက်သေထဲမှာ ပါနေတယ်။ ရှေ့ကိုတိုးပြီးဆောင်ရွက်ဖို့က ဥပဒေအရာရှိက စောပါသေးတယ် ဆိုတော့ ကျွန်တော်တို့က ဘာမှလုပ်မရဘူး” ဟု ရှေ့နေက ဆက်ပြောသည်။

 

 

Tags: ,

Comments are closed.