6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၂၉၊ ၂၀၁၇
M-Media

2016 ခုနှစ် ဆွီဒင်သို့ သွားရောက်စဉ်က ပုပ်ရဟန်းမင်းကြီး

– ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အနေနဲ့ လာမယ့်နိုဝင်ဘာလမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို သွားရောက်လည်ပတ်ဖို့ရှိတယ်လို့ ကမ္ဘာ့တစ်ဝှမ်း ခရစ်ယာန်ကက်သလစ်အသင်းတော် သတင်းတွေကို တင်ဆက်နေတဲ့ Crux သတင်းဌာနက မနေ့မှာ ဖော်ပြခဲ့ပါတယ်။

ရဟန်းမင်းကြီးဟာ အခုနှစ်အတွင်းမှာ အိန္ဒိယကိုသွားဖို့ စီစဉ်ထားကြောင်း မနှစ်က သတင်းထောက်တွေကို ပြောခဲ့ပေမယ့် အခုအချိန်မှာတော့ အစီအစဉ်ပြောင်းသွားတယ်လို့ အာဂျင်တီးနားသတင်းဌာနတစ်ခုဖြစ်တဲ့ Telam မှာ ဖော်ပြပြီး မိမိတို့ကလည်း ခိုင်မာတဲ့သတင်းရင်းမြစ်တွေကို မေးမြန်းအတည်ပြုနိုင်ခဲ့တယ်လို့ Crux က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်က ကာဒီနယ် ပက်ထရစ် ဒီရိုဇာရီယိုက ပုပ်ရဟန်းမင်းကြီးအနေနဲ့ သူတို့နိုင်ငံကို သြဂုတ်လနှောင်းပိုင်းမှာ လာရောက်ဖို့ရှိနေပြီး ရက်အတိအကျကို မသတ်မှတ်ရသေးကြောင်း ပြောကြားခဲ့ပါတယ်။

မွမ်ဘိုင်းက ကာဒီနယ် အော့ဝဲလ်ဒ် ဂရာစီယက်စ်က ၀န်ကြီးချုပ် နရန်ဒရာမိုဒီဦးဆောင်တဲ့ အစိုးရနဲ့ ခရီးစဉ် အသေးစိတ်ကိစ္စတွေကို ဆောင်ရွက်မှုဟာ မျှော်လင့်ထားတာထက် ပိုကြာနေတာကြောင့် ပုပ်ရဟန်းမင်းကြီးအနေနဲ့ အိန္ဒိယကို လာရောက်လိုတဲ့ အစီအစဉ်ဟာ ရွှေ့ဆိုင်းရဖွယ်ရှိတယ်လို့ ဇွန်လက ပြောကြားခဲ့ပါတယ်။ မိုဒီဟာ တိုင်းပြည်က ခရစ်ယာန်လူနည်းစုတွေကို ရန်လိုတဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီတွေထဲက တစ်ဦးဖြစ်တယ်လို့လည်း Crux က ဖော်ပြပါတယ်။

ဗာတီကန် ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်ကို သူတို့ကိုယ်တိုင် ထုတ်ပြန်ကြေငြာခြင်း မပြုမီအချိန်အထိ အတည်ပြုလေ့မရှိဘဲ ဗာတီကန်ပြောရေးဆိုခွင့်ရှိသူ ဂရဂ်ျ ဘာကီက အခုနှစ်နှောင်းပိုင်းမှာ အာရှခရီးစဉ်ရှိတယ်ဆိုတာကလွဲလို့ တစ်ခြား ဘာကိုမှ အတည်ပြုခြင်း မရှိခဲ့ပါဘူး။

မြန်မာနဲ့ ဘင်္ဂလားဒေရှ့်မှာ ခရစ်ယာန် ကက်သလစ်ဘာသာဝင်တွေဟာ တော်တော်လေးနည်းပါးပြီး ပုပ်ရဟန်းမင်းကြီးကတော့ ဒီနိုင်ငံနှစ်ခုစလုံးက ကက်သလစ်လူ့အဖွဲ့အစည်းတွေကို အနီးကပ်ဂရုစိုက်လေ့ရှိပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံက ဖိနှိပ်ခံ ရိုဟင်ဂျာလူနည်းစုအတွက် စာနာကြောင်း လူသိရှင်ကြား ပြောကြားထားသူဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ International Day of Prayer and Awareness Against Human Trafficking အခမ်းအနားမှာ ရိုဟင်ဂျာမွတ်စလင်တွေကို သတိရကြဖို့ ၀တ်ပြုသူတွေကို တိုက်တွန်းခဲ့ပါတယ်။

“ပြောင်းရွှေ့အခြေချမှုတွေ၊ မောင်းထုတ်ခံရမှုတွေ၊ အမြတ်ထုတ်ခံရမှုတွေအကြောင်း ပြောမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ရိုဟင်ဂျာ ညီအစ်ကိုမောင်နှမတွေအတွက် တရားနာပရိတ်သတ်နဲ့အတူ အထူးဆုတောင်းပေးချင်ပါတယ်” လို့ ပုပ်ရဟန်းမင်းကြီး အဲဒီအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

“သူတို့ဟာ မြန်မာနိုင်ငံက မောင်းထုတ်ခံရတယ်။ သူတို့ကို ဘယ်သူမှ လက်မခံချင်တာကြောင့် တစ်နေရာကနေ တစ်နေရာကို သွားရတယ်။ သူတို့ဟာ လူကောင်းတွပါ။ ငြိမ်းချမ်းစွာနေထိုင်ကြသူတွေပါ။ သူတို့ဟာ ခရစ်ယာန်မဟုတ်ဘူး။ သူတို့ဟာ လူကောင်းတွေဖြစ်ပြီး ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ဓလေ့ထုံးတမ်းအတိုင်း၊ ယုံကြည်ချက်အတိုင်း နေထိုင်တယ်ဆိုတဲ့ အချက်ကြောင့် သူတို့ဟာ ညှင်းပမ်းခံရတယ်။ သတ်ဖြတ်ခံနေရပါတယ်”

Ref: Cruxnow

Comments are closed.