6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၁၂၊ ၂၀၁၇
M-Media

အိန္ဒိယဒုက္ခသည်စခန်းမှ ရိုဟင်ဂျာများ

– နိုင်ငံအတွင်း တရားမ၀င် ရောက်ရှိနေသည့် ရိုဟင်ဂျာ ၄၀၀၀၀ ခန့်ကို ပြန့်ပိုရန်အတွက် အိန္ဒိယမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု အိန္ဒိယအစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယမန်နေ့တွင် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံတွင် ညှင်းပမ်းနှိပ်စက်ခံရသည့် ရိုဟင်ဂျာထောင်ပေါင်းများစွာမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြပြီး၊ တစ်ချို့ နယ်စပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ ၀င်ရောက်ခဲ့သည်။

အိန္ဒိယကမူ UNHCR တွင် မှတ်ပုံတင်ထားသည့် ရိုဟင်ဂျာအရေအတွက်မှာ ၁၄၀၀၀ ၀န်းကျင်ရှိနေပြီး အခြားသူများမှာ အထောက်အထားမဲ့ဖြစ်နေဟုဆိုသည်။ ဒုက္ခသည်များနှင့် ပတ်သက်၍ အိန္ဒိယမှာ ကုလသဘောတူညီချက်များတွင် လက်မှတ်ရေးထိုးထားခြင်းမရှိဘဲ၊ ပြည်တွင်းတွင်လည်း ထိုအတွက် မည်သည့်ဥပဒေမှ ပြဌာန်းထားခြင်း မရှိချေ။

“ဒီကိစ္စကို ဘင်္ဂလားဒေ့ရှ်၊ မြန်မာတို့နဲ့ သံတမန်လမ်းကြောင်းအရ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ သင့်လျော်တဲ့အချိန်ကျရင် ပိုမိုရှင်းလင်းပြတ်သားတဲ့ အခြေအနေမျိုး ပေါ်ထွက်လာမှာပါ” ဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကေအက်စ် ဒက်ဝါလီယာက ပြောကြားခဲ့သည်။

တရားမ၀င်နေထိုင်နေသည့် နိုင်ငံခြားသားများအား ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ခရိုင်အဆင့်များတွင် လုပ်ငန်းအဖွဲ့များ ဖွဲ့ထားရန် အိန္ဒိယ ဖက်ဒရယ်အစိုးရက ပြည်နယ်အစိုးရများကို အမိန့်ပေးထားသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ အခြားတာဝန်ရှိသူတစ်ဦးဖြစ်သည့် ကီရန် ရီဂျီဂျူက ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်သို့ ပြောကြားခဲ့သည်။

ရီဂျီဂျူမှာ မကြာသေးမီက မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုကို သွားရောက်ခဲ့သူဖြစ်ပြီး ရိုဟင်ဂျာကိစ္စအကြောင်း ပြောကြားခဲ့လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော Amnesty International က ရိုဟင်ဂျာများကို ပြန်ပို့ခြင်းမှာ ယုတ္တိမတန်သည့် လုပ်ရပ်ဖြစ်သည်ဟု ဆိုပြီး၊ အိန္ဒိယရှိ UNHCR ကလည်း အစိုးရ၏ ထိုအစီအစဉ်အတွက် အချက်အလက်များ ရယူသွားမည်ဟု ပြောကြားခဲ့သည်။

Ref: Hindustantimes

Comments are closed.