6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၂၅၊ ၂၀၁၇
M-Media

တရားရုံးသို့ ယာဉ်အစီး ၁၀၀ ပါဝင်သော ယာဉ်တန်းဖြင့် လာရောက်ခဲ့သည့် ဂူရ်မိ ရမ် ရာဟင် ဆင်း ဂျီ အင်ဆန်

– ဒကာမနှစ်ဦးအား အဓမ္မပြုကျင့်မှုဖြင့် မိမိကိုယ်ကို နတ်ဘုရားဟု ကြွေးကျော်ထားသည့် ဟိန္ဒူဘုန်းကြီးတစ်ဦးကို အိန္ဒိယတရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် ၎င်းအား ထောက်ခံသူများက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရသူမှာ ဂူရ်မိ ရမ် ရာဟင် ဆင်း ဂျီ အင်ဆန် ဆိုသူဖြစ်ပြီး နိုင်ငံမြောက်ပိုင်း ဟာရ်ယာနာပြည်နယ် ပန့်ခ်ျကူလာမြို့ရှိ တရားရုံး၌ ယနေ့တွင်ပြုလုပ်သည့် ကြားနာမှုသို့ အစီးအနင်း ၁၀၀ ပါသည့် ယာဉ်တန်းနှင့် လာရောက်ခဲ့သည်။

၎င်းတည်ထောင်ထားသော Dera Sacha Sauda ဂိုဏ်း၏ ဆီရ်ဆာမြို့တွင် တည်ရှိသော ရုံးချုပ်၌ ၂၀၀၂ ခုနှစ်တွင် ဒကာမနှစ်ဦးအား အဓမ္မကျင့်ခဲ့သည်ဟူသော စွဲချက်ဖြင့် ဆင်းမှာ တရားစွဲဆို ခံထားရခြင်းဖြစ်ပြီး ၎င်းကမူ စွဲချက်များကို ငြင်းဆိုထားသည်။

ထိုအမှုအတွက် စီရင်ချက်ကို သောကြာနေ့တွင် ချမှတ်မည်ဖြစ်ပြီး ဆင်းမှာ ထောင်ကျမည်ဟု အစိုးရက ရှေ့နေက ပြောကြားခဲ့သည်။

တိုက်ခိုက်မှုဖြစ်

အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် ပန်ဂျပ်ပြည်နယ်နှင့် ဟာရ်ယာနာပြည်နယ်တို့မှ ၎င်းအား ထောက်ခံသူများမှာ အစိုးရအဆောက်အဦးများအား မီးရှို့ခြင်း၊ ရထားဘူတာများနှင့် ဆီဆိုင်များကို တိုက်ခိုက်ခြင်း၊ ရုပ်သံလွှင့် ဗန်ကားများကို ဖျက်ဆီးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

အမှုစီရင်သည့် ပန့်ခ်ျကူလာမြို့တွင် ရဲတပ်ဖွဲ့နှင့် စစ်သား ၁၅၀၀၀ ကျော် တပ်ဖြန့်ချထားပြီး မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များဖြင့် လူအုပ်အား ဖြိုခွဲနေရသည်။

“ပန့်ခ်ျကူလာမှာ အခုအချိန်အထိ ၁၃ ဦးသေဆုံးကြောင်း အတည်ပြုနိုင်ပါတယ်။ ဆိုးဆိုးဝါးဝါး ဒဏ်ရာရသူ ၂ ဦးရှိပါတယ်” ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Dera Sacha Sauda ဂိုဏ်းအားကောင်းသည့် ပန်ဂျပ်မှ ခရိုင်များတွင် ညမထွက်ရအမိန့်များ ထုတ်ပြန်ထားကာ၊ မလိုလားအပ်သည့် ကောလဟာလများ မပြန့်နှံ့ရန်အတွက် ပန်ဂျပ်နှင့် ဟာရ်ယာနာ ပြည်နယ်တို့တွင် အင်တာနက်လိုင်းများကို အိန္ဒိအစိုးရက ဖြတ်တောက်ထားသည်။

ဆင်း၏ အဆိုပါဂိုးဏ်မှာ နောက်လိုက် သန်း ၅၀ ရှိနေသည်။ ဆင်းမှာ အဓမ္မကျင့်မှုအပြင် ၎င်း၏နောက်လိုက် အမျိုးသား ၄၀၀ ကို သင်းကွပ်ထားမှုဖြင့်လည်း စုံစမ်းစစ်ဆေးမှုကို ခံနေရသည်။

Ref: Aljazeera

Tags:

Comments are closed.