6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၁၄၊ ၂၀၁၇
M-Media

ကုလသမဂ္ဂ အထွေထွေအတင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်

– ရခိုင်ပြည်နယ်မှာ ပြုလုပ်နေတဲ့ စစ်ရေးလှုပ်ရှားမှုတွေ၊ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို၊ တရားဥပဒေ စိုးမိုးရေးဆောင်ရွက်ဖို့အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က မြန်မာအစိုးရကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဆွီဒင်နဲ့ ဗြိတိန်တို့ရဲ့ တောင်းဆိုမှုကြောင့် ရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့ ဒုတိယမြောက် တံခါးပိတ်အစည်းအဝေးကို မနေ့မှာ ကျင်းပခဲ့ပါတယ်။

ဂူတာရက်စ်က ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေဟာ ‘ဆိုးဆိုးရွားရွား’ ဖြစ်နေပြီး ဒါတွေကို ‘လုံးဝလက်မခံနိုင်စရာ’ ဖြစ်ကြောင်း၊ ဒီလူနည်းစုတွေဟာ လူမျိုးစုလိုက် သုတ်သင်ရှင်လင်းခံနေရတယ်လို့ သတ်မှတ်ကြောင်း အစည်းအဝေးမစခင်မှာ ပြောကြားခဲ့ပါတယ်။

“စစ်ရေးလှုပ်ရှားမှုတွေကို ရပ်ဆိုင်းဖို့၊ အကြမ်းဖက်မှုကို အဆုံသတ်ဖို့၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ဖို့၊ တိုင်းပြည်က ထွက်သွားရသူတွေ ပြန်လာခွင့်ကို အသိအမှတ်ပြုဖို့ မြန်မာအာဏာပိုင်တွေကို ကျွန်တော် တိုက်တွန်းပါတယ်”

အစည်းအဝေးပြီး လုံခြုံရေးကောင်စီက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ‘နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုအတွင်း အကြမ်းဖက်မှုတွေ အလွန်အကျွံဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေအတွက် စိုးရိမ်မိကြောင်း၊ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုအဆုံးသတ်ရေး၊ တင်းမာမှုလျော့ပါရေး၊ တရားဥပဒေ စိုးမိုးရေး၊ အရပ်သားတွေကို ကာကွယ်ပေးရေး၊ ဒုက္ခသည်ပြဿနာကို ဖြေရှင်းရေး ချက်ခြင်းဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း’ ဖော်ပြထားပါတယ်။

ကုလဆိုင်ရာ ဗြိတိန်သံအမတ် မတ်သယူး ရိုင်ခရော့ဖ်က ဒီကြေငြာချက်ဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ၉ နှစ်အတွင်း လုံခြုံရေးကောင်စီရဲ့ ပထမဆုံး ကြေငြာချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လူမျိုးစုလိုက် သုတ်သင်မှုလား

တနင်္လာနေ့မှာ ကုလလူ့အခွင့်အရေးအကြီးအကဲက ရခိုင်ပြည်နယ် အဖြစ်အပျက်တွေမှာ ရိုဟင်ဂျာတွေကို လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းတဲ့ ဥပမာမျိုးကို တွေ့နေရတယ်လို့ ပြောကြားခဲ့ပြီး မြန်မာဖက်ကတော့ ဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

ဒီအခြေအနေကို လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုလို့ ပြောလို့ရမလားဆိုတဲ့ အမေးကို ဂူတာရက်စ်က”ကျွန်တော်က ဒီမေးခွန်းကို အမေးနဲ့ပဲ ပြန်ဖြေချင်ပါတယ်။ ရိုဟင်ဂျာလူ့အဖွဲ့အစည်းရဲ့ ၃ ပုံ ၁ ပုံလောက်ဟာ နိုင်ငံအတွင်းက ထွက်ပြေးနေရတဲ့အခြေအနေကို ဖော်ပြဖို့အတွက် (ဒီစကားလုံးအပြင်) အခြား ပိုကောင်းတဲ့ စကားလုံး ရှိပါသလား ဆိုတာပါပဲ” လို့ ပြန်ဖြေခဲ့ပါတယ်။

မြန်မာအစိုးရက ရိုဟင်ဂျာရွာ ၁၇၆ ခုမှာ လုံးဝ လူသူမရှိတော့ဘဲ မတည်ငြိမ်မှုတွေကြောင့် ထွက်ပြေးသွားကြတယ်လို့ ပြောကြားထားပါတယ်။

“တော်တော် ဆိုးဆိုးဝါးဝါး အခြေအနေပါ။ လူတွေသေနေတယ်။ လူတော်တော်များများလည်း ဒုက္ခသုက္ခတွေ ခံစားနေရတယ်။ ဒါကို ကျွန်တော်တို့ ရပ်တန့်ဖို့ လိုပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ အဓိက စိုးရိမ်မှုပါပဲ” လို့ ကုလ အတွင်းရေးမှူးချုပ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးနိုင်ရေး ကုလနဲ့ NGO အွဲ့အစည်းတွေကို ၀င်ရောက်ခွင့်ပေးဖို့လည်း ဂူတာရက်စ်က မြန်မာအာဏာပိုင်တွေကို တိုက်တွန်းခဲ့သလို၊ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးတာမျိုး ဒါမှမဟုတ် ပုံမှန် နေထိုင်ရှင်သန်နိုင်မယ့် ဥပဒေအရေ အသိအမှတ်ပြုတာမျိုး လုပ်ပေးသင့်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Ref: Aljazeera

Comments are closed.