6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၅၊ ၂၀၁၇
M-Media

ဓာတ်ပုံ – စက်တင်ဘာလအတွင်းက ICRC ၏ အကူအညီပေးရေး ထရပ်ကားတစ်စီး စစ်တွေတွင် ဟန့်တား ဖျက်ဆီးခံရမှု

– ရခိုင်ပြည်နယ်အလယ်ပိုင်းက မွတ်စလင်ဒုက္ခသည်စခန်းကို အစားအသောက်တွေ သွားပေးမယ့် အကူအညီပေးရေးအဖွဲ့ကို ဒီကနေ့မှာ ရခိုင်ဗုဒ္ဓဘာသာလူအုပ်က တားဆီးဟန့်တားခဲ့တယ်လို့ သိရပါတယ်။

မြေပုံမြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမေရိကန်နဲ့ ဗြိတိန်အခြေစိုက် Relief International (R.I.) အကူအညီပေးရေးအဖွဲ့က မြန်မာနိုင်ငံသား ၀န်ထမ်း ၁၀ ဦးကို ဒေသခံ ရခိုင်တွေက ဆန္ဒပြခဲ့တာကြောင့် ပြန်လှည့်သွားခဲ့ရတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အဲဒီမြို့က လူတစ်ချို့ဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေအကြား ခွဲခြားဖို့အတွက် တိုးမြှင်လုပ်ဆာင်လာကြပြီး စစ်သွေးကြွမှာကို စိုးရိမ်တဲ့အတွက် မွတ်စလင်တွေနဲ့ ကုန်သွယ်မှုမလုပ်ဖို့လည်း ရခိုင်တွေကို ညွှန်ကြားထားတယ်လို့ Reuters သတင်းဌာနက အခုလအတွင်းမှာ ဖော်ပြခဲ့ပါတယ်။

ဒီလို ဆန္ဒပြမှုကြောင့် မြေပုံက မွတ်စလင်ဒုက္ခသည်တွေအတွက် အစားအသောက်တွေ ပေးပို့ရေး နှောင့်နှေးခဲ့ရပြီး ရခိုင်လူ့အဖွဲ့အစည်းက စစ်ဆေးပြီးမှ ပို့ခွင့်ပေးမယ်လို့ ဆိုပါတယ်။

“R.I အဖွဲ့ဟာ ဒုက္ခသည်စခန်းကိုသွားဖို့ ကြိုးစားခဲ့ပြီး ဒေသခံတွေက ပိတ်ဆို့ခဲ့ပါတယ်” လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဆွေက ဆိုပြီး အကူအညီပေးရေးအဖွဲ့တွေဟာ သူတို့ရဲ့ ရုံးခန်းကို ပြန်သွားကြတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ Relief International က ဒါရိုက်တာ ဆာမီရ် မာလေဟ်က မှတ်ချက်ပးဖို့ ငြင်းဆိုပါတယ်။

ရခိုင်ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေဟာ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ၊ NGO တွေကို အမြင်ကြည်တာ ကြာမြင့်နေပြီဖြစ်ပြီး မွတ်စလင်တွေကိုသာ အသားပေးကူညီနေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

အကူအညီပေးရေးလုပ်သားတွေနဲ့ ကုလက ဒီလို ခွဲခြားဖယ်ကျဉ်မှုမျိုးဟာ ရခိုင်ပြည်နယ်အတွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေ နောက်ထပ် ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

အကြိမ်ကြိမ်ဖြစ်နေ

ကုလ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ OCHA က ပြောရေးဆိုခွင့်ရှိသူ ပီယာရီ ပီရွန်က ရခိုင်ပြည်နယ်အတွင်း အကူအညီပေးရေးအဖွဲ့တွေဟာ အရင်လည်း အကြိမ်များစွာ နှောက်ယှက်ခံရတယ်လို့ ပြောပါတယ်။

“ဘယ်လိုအဖွဲ့မျိုးမဆို သူတို့ရဲ့ လွတ်လပ်စွာပြောဆိုပိုင်ခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို ကျွန်တော်တို့ လေးစားပါတယ်။ ဒါပေမယ့် ဒီမှာဖြစ်နေတဲ့ကိစ္စက ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအ၀င် အကူအညီတွေ အလွန်အမင်းလိုအပ်နေတဲ့ အားအင်ချိနဲ့သူတွေ အသက်ဆက်နိုင်ဖို့ ပေးပို့မယ့် အကူအညီတွေကို တားဆီးဟန်
့တားခံနေရတာပါ”

၂၀၁၂ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မြေပုံမြို့မှာ ရိုဟင်ဂျာတွေနဲ့ နိုင်ငံသားဖြစ်ပြီးသူတွေအပါအ၀င် မွတ်စလင်ပေါင်း ၃၀၀၀ လောက်ဟာ ဒုက္ခသည်စခန်းမှာ ပိတ်မိနေပါတယ်။

မွတ်စလင်တွေကို လိင်အခြေပြုအကြမ်းဖက်မှု၊ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးအကြောင်း NGO တစ်ခုက အသိပညာပေးမှု ပြုလုပ်မယ်လို့ အာဏာပိုင်တွေက ရခိုင်လူ့အဖွဲ့အစည်းကို အသိပေးခဲ့ပြီးတဲ့နောက် ဒီ ဆန့်ကျင်ဆန္ဒပြမှုမှာ ပါဝင်ခဲ့တယ်လို့ ရခိုင်အမျိုးသမီးကွန်ယက်ခေါင်းဆောင် ဒေါ်ခင်သိန်းက ပြောကြားခဲ့ပါတယ်။

“သူတို့မှာ စားစရာလည်းရှိတယ်။ နေစရာလည်းရှိတယ်။ သူတို့အတွက် ဒီလို အပိုလုပ်ပေးတာမျိုး ကျွန်မတို့ လက်မခံနိုင်ပါဘူး။ သူတို့ကို ကျွန်မတို့ မြို့ထဲကို ဖြတ်သွားခွင့်မပြုနိုင်ဘူး။ အရင်ကလည်း အကြိမ်များစွာ ဆန္ဒပြခဲ့တယ်။ သူတို့ကို ကျွန်မတို့ သံသယရှိပါတယ်။ နိုင်ငံခြားသားတွေ၊ နိုင်ငံတကာကလူတွေကို ကျွန်မတို့ မယုံပါဘူး” လို့ Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Ref : Reuters

Comments are closed.