6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၅၊ ၂၀၁၇
M-Media

မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အမြဲတန်းအတွင်းဝန် ဦးတင်မြင့် နှင့် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန် မိုစတာဖာ ကမာလ် အူဒင်တို့ကို သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်

– ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ နယ်စပ်ဒေသလုံခြုံရေး တိုးမြှင့်ဆောင်ရွက်ဖို့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ ယမန်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေ၀န်ကြီး အဆာဒူဇာမန်ခန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေဦးဆောင်တဲ့အဖွဲ့တို့ မနေ့က နေပြည်တော်မှာတွ့ဆုံစဉ် သဘောတူစာချုပ်နှစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

စာချုပ်တွေမှာ ‘မြန်မာနိုင်ငံမှာနေထိုင်သူတွေ ဘင်္ဂလားဒေ့ရှ်ဖက်ကို အစုလိုက်ဝင်ရောက်လာမှု ရပ်တန့်ရေး’၊ ‘နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့ဖွဲ့စည်းရေး’ တွေကို နှစ်နိုင်ငံစလုံးက သဘောတူခဲ့ကြတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အမြဲတန်းအတွင်းဝန် ဦးတင်မြင့်က ပြောကြားခဲ့ပါတယ်။

“ပူးတွဲလုပ်ငန်းအဖွဲ့၊ စီစစ်ရေးလုပ်ငန်း ပြီးတဲ့နောက်မှာ ဒီလူတွေ သူတို့ရဲ့ ဇာတိမြေကို ဘေးအန္တရာယ်ကင်းကင်း၊ သိက္ခာရှိရှိနဲ့ လုံလုံခြုံခြုံ ပြန်လာနိုင်ရေး အခြားကိစ္စရပ်တွေကို စီစဉ်ဖို့အတွက် နှစ်နိုင်ငံစလုံးက သဘောတူခဲ့ကြပါတယ်” လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အတွင်းဝန် မိုစတာဖာ ကမာလ် အူဒင်က ဆိုပါတယ်။

ဒါပေမယ့် ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်လည်ပို့ဆောင်ရေး အသေးစိတ်အချက်အလက်တွေကိုတော့ တာဝန်ရှိသူတွေက မပြောခဲ့ပါဘူး။

အစည်းအဝေးမှာ နယ်စပ်ဒေသလုံခြုံရေးအတွက် ရေရှည်ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေအကြောင်းလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဦးတင်မြင့်က ‘ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားရတဲ့ မြန်မာနိုင်ငံမှာနေထိုင်သူတွေ အမြန်ဆုံး ပြန်လာနိုင်ရေးအတွက် ရခိုင်ပြည်နယ်မှာ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်အောင် လုပ်ဆောင်ရေး’ နှစ်နိုင်ငံစလုံးက သဘောတူခဲ့ကြကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားတဲ့ သံသယရှိသူတွေစာရင်းကို မြန်မာဖက်က ပေးခဲ့ပြီး စုံစမ်းစစ်ဆေးကာ မြန်မာနိုင်ငံဖက်ကို ပြန်လည်လွှဲပြောင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကို တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

သြဂုတ်လနှောင်းပိုင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ မတည်ငြိမ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာအရေအတွက်ဟာ ၆ သိန်းလောက်ရှိတယ်လို့ ကုလက ထုတ်ပြန်ထားပါတယ်။

Ref: Reuters

Comments are closed.