6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၁၊ ၂၀၁၇
M-Media

– ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒီကနေ့ မြို့တော်ဒါကာမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို တွေ့ဆုံခဲ့ပြီး ကမ္ဘာကြီးက လစ်လျူရှုထားမှုအပေါ် ခွင့်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးလာရပြီး ကော့ဇ်ဘဇားက ဒုက္ခသည်စခန်းမှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာ ၁၈ ဦးကို မြို့တော်ဒါကာက ကက်သလစ်ဂိုဏ်းအုပ်ဘုန်းတော်ကြီးရဲ့ အိမ်တော်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး လက်ဆွဲနှုတ်ဆက်ကာ အားပေးနှစ်သိမ့်ခဲ့ပါတယ်။

သူတို့ရဲ့ ထိခိုက်ခံစားရမှုတွေကိုလည်း ပုပ်ရဟန်းမင်းကြီး နားထောင်ခဲ့ကာ မြန်မာနိုင်ငံမှာ ရှောင်ရှားခဲ့တဲ့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကိုလည်း အသုံးပြုခဲ့ပါတယ်။

“ဒီကနေ့ ဘုရားသခင် တည်ရှိမှုကို ရိုဟင်ဂျာလို့လည်း ခေါ်ပါတယ်”

ရိုဟင်ဂျာတွေကို ကောင်းချီးပေးခဲ့ပြီးတဲ့နောက် ညှင်းပမ်းနှိပ်စက်သူတွေ၊ နာကျင်စေသူတွေ၊ ကမ္ဘာကြီးက လစ်လျူရှုထားမှုတွေကို ခွင့်လွှတ်ပေးဖို့လည်း ပုပ်ရဟန်းမင်းကြီးက တောင်းဆိုခဲ့ပါတယ်။

“သင်တို့အတွက် ကျွန်ုပ်တို့ အများကြီး မလုပ်ပေးနိုင်ပေမယ့် သင်တို့ရဲ့ ဖြစ်ရပ်ဆိုးတွေအတွက် ကျွန်ုပ်တို့ရဲ့ နှလုံးသားထဲမှာ နက်နက်နဲနဲ ခံစားရပါတယ်။ သင်တို့ကို ညှင်းပမ်းနှိပ်စက်ခဲ့တဲ့သူတွေ၊ နာကျင်အောင်လုပ်ခဲ့တဲ့သူတွေ၊ ကမ္ဘာကြီးက လစ်လျူရှုထားမှုတွေအတွက် ခွင့်လွှတ်ပေးပါလို့ ကျွန်ုပ် တောင်းဆိုပါရစေ။ သဘောထားကြီးတဲ့ သင်တို့အနေနဲ့ ကျွန်ုပ်တို့ကို ခွင့်လွှတ်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်”

ပုပ်ရဟန်းမင်းကြီးနှင့်အတူ ဆုတောင်းနေသည့် ရိုဟင်ဂျာ ဒုက္ခသည်များ

ရိုဟင်ဂျာတွေရဲ့ ရပိုင်ခွင့်တွေ အသိအမှတ်ပြုခံရတဲ့အထိ ဆက်လက် ကြိုးပမ်းသွားဖို့လည်း ဖရန်စစ်က တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံက ကက်သလစ်အသင်းတော် အကြီးအကဲတွေက မေတ္တာရပ်ခံမှုကြောင့် မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ပုပ်ရဟန်းမင်းကြီးဟာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို အသုံးပြုခဲ့ပါဘူး။

မနေ့က ဘင်္ဂလားဒေ့ရှ်ကို ရောက်ရောက်ချင်းမှာပဲ ပုပ်ရဟန်မင်းကြီးက ရိုဟင်ဂျာကိစ္စကို ပြောကြားခဲ့ပြီး သူတို့ရဲ့ ဒုက္ခသုက္ခတွေကို ဖြရှင်းပေးရေး နိုင်ငံတကာအသိုင်းအ၀ိုင်းက ကူညီကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံပေးထားတဲ့အတွက်လည်း ဘင်္ဂလားဒေ့ရှ်ကို ချီးကျူးခဲ့ပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိစဉ်အတွင်းမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီတန်ဖိုးတွေကို အလေးထားကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။

Ref: US News

Comments are closed.