6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၁၇၊ ၂၀၁၈
M-Media

ဆစ်ကင်မ်ပြည်နယ် မြင်ကွင်းတစ်ခု

– သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အားပေးတဲ့အနေနဲ့ အိန္ဒိယပြည်နယ်တစ်ခုဟာ သစ်ပင်တွေ တရားဝင် မွေးစားစိုက်ပျိုးနိုင်တဲ့ ဥပဒေကို ပြဌာန်းလိုက်ပါတယ်။

ဟိမ၀န္တာ တောင်တန်းပေါ်က တရုတ်နယ်စပ်အနီးမှာရှိတဲ့ ဆစ်ကင်မ်ပြည်နယ်ဖြစ်ပြီး သစ်ပင်တွေကို မိမိရဲ့ သားသမီး၊ ညီအစ်ကိုမောင်နှမအဖြစ် မွေးစားကာ စိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့ မိသားစုဝင်၊ ဆွေမျိုးသားချင်းတွေကို အမှတ်တရအနေနဲ့လည်း သစ်ပင်တွေကို သတ်မှတ် စိုက်ပျိုးနိုင်ဖို့ ဥပဒေမှာ ထည့်သွင်းထားပါတယ်။

ဒါဟာ လူတွေနဲ့ သစ်ပင်တွေကြားထဲမှာ မိသားစုဆက်ဆံရေးကို အားပေးဖို့ဖြစ်ပြီး ကမ္ဘာပေါ်က တစ်ခြား ဘယ်နိုင်ငံမှာမှမရှိတဲ့ ဥပေဒမျိုးဖြစ်တယ်လို့ ပြည်နယ်အစိုးရတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

သစ်ပင်တွေကို မွေးစားစိုက်ပျိုးချင်တဲ့သူတွေအနေနဲ့ ပထဆုံး ဖောင်ဖြည့်ကာ ပြည်နယ် သစ်တောဌာနကိုတင်ပြီး ခွင့်ပြုချက်တောင်းရမှာ ဖြစ်ပါတယ်။

ကက်ကတားမြို့ ပတ်ဝန်းကျင်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး နှစ်ပေါင်း ၄၀ လောက် လှုပ်ရှားခဲ့တဲ့ အိန္ဒိယရဲ့ ထိပ်တန်း ဂေဟဗေဒပညာရှင် ဆူဘ်ဟက်စ် ဒူတာက ဆစ်ကင်မ်ပြည်နယ်ရဲ့ ဒီကြိုးပမ်းမှုကို ကြိုဆိုခဲ့ပါတယ်။

“သစ်ပင်တွေဆိုတာ ကျွန်တော်တို့ရဲ့ အကောင်းဆုံး မိတ်ဆွေတွေပါ။ ဒါ့ကြောင့် ဒီသစ်ပစ်တွေကို ကျွန်တော်တို့ရဲ့ ကလေးတွေ၊ ညီအစ်ကို၊ မောင်နှမတွေအဖြစ် မွေးစားတာဟာ ထူးခြားတဲ့ အယူအဆပါပဲ။ အပင်တွေဟာ အသီးတွေ၊ အရိပ်တွေ၊ အောက်ဆီဂျင်တွေပေးသလို၊ မြေဆီပျက်ဆီးမှုကိုလည်း ထိန်းသိမ်းပေးပါတယ်။ သူတို့ဟာ ပေးဆပ်ခြင်းပဲရှိပြီး၊ ရယူခြင်း မရှိပါဘူး” လို့ ဒူတာက ပြောပါတယ်။

ဆစ်ကင်မ်ပြည်နယ်ဟာ အိန္ဒိယမှာ သစ်ပင်သစ်တော အများအပြားရှိရာ ဒေသဖြစ်ပြီး ပြည်နယ်တစ်ခုလုံးရဲ့ ၄၇.၈ ရာခိုင်နှုန်းသစ်တောတွေနဲ့ အလွန် သာယာလှပတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။

Ref: Alarabiya

Tags:

Comments are closed.