6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၁၂၊ ၂၀၁၈
M-Media

– မိမိတို့အနေနဲ့ Twitter ဒီပလိုမေစီမှာ ပါဝင်မှာမဟုတ်ဘဲလက် ရေရာသေချာတဲ့ ဆောင်ရွက်မှုတွေကိုသာ ပြုလုပ်သွားမယ်လို့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ပြောကြားလိုက်ပါတယ်။

ဆီးရီးယားအစိုးရတပ်ဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ ဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ကိစ္စအတွက် အမေရိကန်က မစတ်ဖြစ်တဲ့ ဒုံးကျည်တွေနဲ့ လက်တုန့်ပြန်သွားမှာဖြစ်ပြီး ဒီအတွက် အဆင်သင့်ဖြစ်အောင် လုပ်ထားဖို့ ရုရှားကို အမေရိကန်သမ္မတထရမ့်က မနေ့မှာ Twitter ကနေတစ်ဆင့် သတိပေးခဲ့ပါတယ်။

“Twitter ဒီပလိုမေစီမှာ ကျွန်တော်တို့ ပါဝင်မှာ မဟုတ်ပါဘူး။ ရေရာသေချာတဲ့ နည်းလမ်းတွေကိုသာ ကျွန်တော်တို့ ထောက်ခံပါတယ်။ ဆိုးရွားနေတဲ့အခြေအနေကို ပိုပြီး ဆိုးရွာစေမယ့် ခြေလှမ်းမျိုး မလှမ်းဖို့ အရေးကြီးတယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်” လို့ ပက်စ်ကော့ဗ်ရဲ့ ပြောကြားမှုကို Interfax သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာကလည်း စမတ်ဒုံးကျည်တွေဟာ နိုင်ငံတကာအကြမ်းဖက်ဝါဒကို နှစ်တော်တော်ကြာ တိုက်ခိုက်နေတဲ့ တရားဝင်အစိုးရထက် အကြမ်းဖက်သမားတွေဆီပဲ သွားသင့်တယ်လို့ မနေ့မှာ တုန့်ပြန်ခဲ့ပါတယ်။

ပက်စ်ကော့ဗ်က ပြီးခဲ့တဲ့တစ်ပတ် ဒူးမားမျိုးမှာ ဆီးရီးယားအစိုးရတပ်က ဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ မှားယွင်းတဲ့ ပြောကြားမှုဖြစ်ပြီး ဆီးရီးယားအပေါ် စစ်ရေးအရ တိုက်ခိုက်ဖို့အတွက် ဒီခေါင်းစဉ် တပ်လို့မရဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒူးမားကိစ္စအတွက် ဆီးရီးယားအစိုးရအပေါ် စစ်ရေးနဲ့တုန့်ပြန်ဖို့ အမေရိကန်နဲ့ မဟာမိတ်တွေဟာ ဆွေးနွေးမှုတွေ လုပ်နေပြီး ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ဒီကနေ့မှာ အစိုးရအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Ref: Aljazeera

Tags: , ,

Comments are closed.