6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၁၊ ၂၀၁၈
M-Media

မုဒိမ်းကောင်များအား ကြီးလေးသောအပြစ်ပေးရေး ဆန္ဒပြမှုတစ်ခု

– အရွယ်မရောက်သေးတဲ့ ကလေးတွေကို အဓမ္မကျင့်သူတွေကို သေဒဏပေးနိုင်မယ့်ဥပဒေ ပြဌာန်းဖို့ စီစဉ်နေတယ်လို့ အိန္ဒိယအစိုးရက မနေ့မှာ ကြေငြာလိုက်ပြီး ကလေးငယ်တွေ အဓမ္မကျင့်ခံရမှုအတွက် နိုင်ငံတစ်ဝှမ်း အကြီးအကျယ် ဆန္ဒပြခဲ့ပြီးတဲ့နောက် ဒီလိုပြောကြားမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

အိန္ဒိယကထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသက အသက် ၈ နှစ်အရွယ် မွတ်စလင်မိန်းကလေးငယ်တစ်ဦးကို ဟိန္ဒူတစ်စုက ရက်ရက်စက်စက် အဓမ္မပြုကျင့် သတ်ဖြတ်ခံရတဲ့သတင်း ပေါ်ထွက်လာပြီးနောက် မုဒိမ်းကောင်တွေကို ပြင်းပြင်းထန်ထန်အပြစ်ပေးရေး အစိုးရအပေါ် ဖိအားတွေ မြင့်တက်လာခဲ့ပါတယ်။

ကျူးလွန်သူတွေကို ကြီးလေးတဲ့အပြစ် ပေးဖို့အတွက် လိင်ပိုင်းဆိုင်ရာ စော်ကားမှုမှ ကလေးများအား ကာကွယ်ပေးရေး အက်ဥပဒေ (POCSO) ကို ပြင်ဆင်ရေး တရားရေးဌာနက စဉ်းစားနေတယ်လို့ တရားရုံးချုပ်ကို ပြောကြားခဲ့ကြောင်း အိန္ဒိယအစိုးရရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ကလေးငယ်လေးတွေ ရက်ရက်စက်စက် စော်ကားခံရတဲ့ ကိစ္စတွေအတွက် တရားရေးဝန်ကြီးဌာနဟာ အလေးအနက်ထား လုပ်ဆောင်နေပါတယ်။ ကလေးတွေကို ဆိုးဆိုးဝါးဝါးကျူးလွန်တဲ့ ကိစ္စတွေမှာ ကျူးလွန်သူတွေကို သေဒဏ်ပေးနိုင်ဖို့အတွက် ၀န်ကြီးဌာနဟာ POCSO အက်ဥပေဒ ပြင်ဆင်ဖို့ စီစဉ်နေပါတယ်”

အိန္ဒိယနိုင်ငံဟာ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက်သာ သေဒဏ်ကို သတ်မှတ်ထားပေမယ့် အထက်ရုံးတွေကို အယူခံဝင်တဲ့အခါ ပယ်ဖျက်ပေးလေ့ရှိတဲ့အတွက် အမှန်တကယ်ချ မှတ်မှုကတော့ တော်တော်ကို နည်းပါးပါတယ်။

အိန္ဒိယရဲ့ အမျိုးသမီးရေးရာဝန်ကြီးက ကလေးငယ်တွေအပေါ် အဓမ္မကျင့်သူတွေကို သေဒဏ်ချဖို့ ပြီးခဲ့တဲ့တစ်ပတ်မှာ တိုက်တွန်းခဲ့ပါတယ်။ အတိုက်အခံတွေကလည်း ဂျာမူးက အဓမ္မကျင့်မှုမှာ အရေးယူမှု နှောင့်နှေးတဲ့အတွက် အစိုးရကို ပြစ်တင်ပြာဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Ref: CNA

Tags:

Comments are closed.